သမ္မတဦးသိန်းစိန် - TopicsExpress



          

သမ္မတဦးသိန်းစိန် နိုင်ငံရေးပါတီ ထူထောင်မည်ဆိုသောသတင်း မှန်ကန်ခြင်း ရှိ၊ မရှိကို သမ္မတ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ယတိပြတ် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘာသာရေးနှင့် အမျိုးသားရေးကို အခြေခံသော နိုင်ငံရေးပါတီ ထူထောင်မည်ဆိုသောသတင်း မှန်ကန်ခြင်း ရှိ၊ မရှိကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ယတိပြတ် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။ နိုင်ငံရေး ဆန်းစစ်လေ့လာ သူများအကြား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ထူထောင်ရန် ပြင်ဆင်နေပြီး ထိုပါတီသည် ဘာသာရေးနှင့် အမျိုးသားရေးကို အခြေခံမည်ဟူသော ပြောဆိုမှုများ စက်တင်ဘာ ၉ ရက်က ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ထိုသတင်း မှန်ကန်ခြင်း ရှိ၊ မရှိကို နိုင်ငံတော်သမ္မတရုံးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့အား ဆက်သွယ်မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူက ထိုသတင်း မမှန်ကြောင်း ငြင်းဆိုခဲ့သည်။ "နိုင်ငံတော် သမ္မတကြီးအနေနဲ့ ၂၀၁၅ မှာ သမ္မတဖြစ်ဖို့၊ ပါတီထောင်ဖို့ထက် လာမယ့်လသုံးဆယ်အတွင်း နိုင်ငံသားများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့၊ ငြိမ်းချမ်းရေးရဖို့နဲ့ လူငယ်များအတွက် ကောင်းမွန်တဲ့ အနာဂတ် ဖန်တီးပေးနိုင်ဖို့ပဲ ဦးစားပေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟု ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ပါတီထူထောင်မည်ဆိုသော သတင်းများ မှန်ကန်ခြင်း ရှိ၊ မရှိကို အတည်ပြုချက် သိရှိနိုင်ရန်အတွက် ဦးရဲထွဋ်အား စက်တင်ဘာ ၉ ရက် ညနေ ၃ နာရီ ၃၉ မိနစ်က အီးမေးလ်ပို့မေးမြန်းခဲ့ရာ စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင် ယတိပြတ်ပြောဆိုခြင်း မရှိသော ဖြေကြားချက်ဖြင့် အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။ "နိုင်ငံတော်သမ္မတ ပါတီထောင်မယ်ဆိုတဲ့ သတင်းက မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ နိုင်ငံရေးကစားကွက်တစ်ခု အနေနဲ့ သတင်းထွက်တာလည်း ဖြစ်နိုင်တယ်။ လုံးဝငြင်းလို့ရတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ တကယ်လို့ ပါတီထောင်တဲ့ကိစ္စ ဖြစ်လာမယ်ဆိုရင် ဒီနှစ်ထဲတော့ မဖြစ်နိုင်ဘူး။ နောက်နှစ်ထဲတော့ ဖြစ်နိုင်ချေ ရှိတယ်။ ဒါပေမဲ့ လူမျိုးရေးနဲ့ ဘာသာရေးကို တိုက်ရိုက်အခြေခံတာမျိုး မဖြစ်နိုင်ဘူး" ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသော ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။ "အခုလို ထွက်လာတဲ့ သတင်းကို ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ သို့သော် သူတို့ရဲ့ အတွင်းစည်းထဲမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာတွေကို အခုချိန်မှာ မြင်နေရတယ်လေ။ ယူနစ်လေးခုပေါ့ဗျာ။ တပ်မတော်မှာက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရှိတယ်။ အစိုးရအဖွဲ့မှာက သမ္မတ ဦးသိန်းစိန် ရှိတယ်။ လွှတ်တော်မှာက ဦးရွှေမန်း ရှိတယ်။ ပြည်ခိုင်ဖြိုးပါတီမှာ ဦးဌေးဦးပေါ့ဗျာ။ ဒီယူနစ်လေးခု ရှိနေတဲ့အချိန်မှာ ဒီလိုသတင်းမျိုး ထွက်လာတာ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ မဖြစ်နိုင်ဘူး ထင်တယ်" ဟု ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ဦးလှရွှေက ပြောကြားခဲ့ပါသည်။ Credit To >>> Eleven Media Group
Posted on: Wed, 11 Sep 2013 07:49:11 +0000

Trending Topics



worthy Brad -- Im a clinician
Ive wanted to win at everything, everyday, every single moment of
Ezequiel 23 - 1. VEIO mais a mim a palavra do SENHOR, dizendo:
Total bonuses 0 bonuses this session 2041 bonuses
Garage Door in Clarendon Hills, IL Phone Number : (630)

Recently Viewed Topics




© 2015