သမ္မတဦးသိန်းစိန် - TopicsExpress



          

သမ္မတဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ပြီးနောက် မြန်မာနိုင်ငံသို့ ယနေ့ပြန်လည် ရောက်ရှိမည် Saturday, July 20, 2013 ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်းနှင့် ပြင်သစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာဖရန်ဆွာအော်လွန်းဒ် တို့၏ ဖိတ်ကြားချက်အရ အဆိုပါ နိုင်ငံများသို့ တရားဝင်ခရီး သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့(ဇူလိုင်၂၀ရက်) နံနက် ၈ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ ဥရောပနိုင်ငံများသို့ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဗြိတိန်နှင့် ပြင်သစ်ခေါင်းဆောင်များ အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံကာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ် အတွင်း၌ မြန်မာနိုင်ငံနှင့် ဗြိတိန်၊ ပြင်သစ်နိုင်ငံများ အကြား နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ စစ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း၌ မြန်မာအစိုးရ အနေဖြင့် ရာစုနှစ် ထက်ဝက်နီးပါး ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး စနစ်နှင့် အာဏာရှင် အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းရန် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများအားလုံး ယခုနှစ်မကုန်မီ ပြန်လွှတ်ပေးမည်ဟု အာမခံ ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်မျှတမှုရှိသော ရွေးကောက်ပွဲ ဖြစ်လာစေရန် တိုက်တွန်းခဲ့သည်။ ဇူလိုင် ၇ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ်နှင့် ပြင်သစ်သမ္မတ နန်းတော်၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ပြုလုပ် သွားရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဆိုသည့် ကတိအတိုင်း ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတအား ပြင်သစ်သမ္မတက တိုက်တွန်းခဲ့သည်။ သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇူလိုင် ၁၄ ရက်က စတင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ Credit to>Eleven Media Group< thank adim=sanwin
Posted on: Sat, 20 Jul 2013 09:55:28 +0000

Trending Topics



Recently Viewed Topics




© 2015