သို့ - TopicsExpress



          

သို့ / ပြည်သူချစ်သောနိုင်ငံတော်သမ္မတကြီးနှင့် တာဝန်ရှိလူကြီးမင်းများသို့ တပ်မတော်အစိုးလက်ထက် ဖျက်သိမ်းခံထားရသည့် မိကျောင်းကန် အပိုင်း ( ၁ ) (၂ ) (၃) ရှိ မူလဘိုဘွားပိုင်ပြည်သူများ၏အိမ်နေရာများ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းကြီးတို့၏ စိန်ပန်းကျောင်းနေရာရှိအဖျက်ဆီးခံရတနာဃရစိန်ပန်းသိမ်တော်နှင့်ပတ်သက်၍ သမ္မတကြီးမှအစ လက်ရှိတာဝန်ယူထားသည့် နိုင်ငံတော်လူကြီးများထံ မိမိဖေ့စ်ဘွတ်မှ မေတ္တာရပ်ခံသတင်းရေးသားပီး ဖြန့်ဝေခဲ့ပါတယ်..ဒီသတင်းရေးသားဖြန့်ဝေမှုနှင့်ပတ်သက်ပီး ထူးခြားမှုအဖြစ် တစ်နေ့က ဘုန်းကြီးထံ သတင်းမေးမြန်းထားသည်ကို (myanmar) News Week ဂျာနယ်၊ ပြည်တွင်းသတင်းကဏ္ဍ၊ စာမျက်နှာ ၂၂ မှာ ရေးသည်းဖော်ပြထားတာတွေ့ရပါတယ်.သို့အတွက် သတင်းဖော်ပြပေးသည့် ဂျာနယ်ကို အထူးကျေးဇူးတင်ပါတယ်..ဒီကနေ့.၄င်းနေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုရာ လတ်တလော အနှင်ထုတ်ခံ စိုက်ပျိုးရေးလုပ်သားများ တစ်ဦးတစ်ယောက်မှ မရှိတော့ပဲ ခြံတစ်ခုလုံးကို သံဇကာကွက်ဖြင့် ကာရံထားပီး တပ်ပိုင်မြေ မကျူးကျော်ရဟု သတိပေး ဆိုင်းဘုတ်များ ချိတ်ထားတာကို တွေ့ရပါတယ်..စိုက်ပျိုးရေးလုပ်သားများကိုတော့ ဒဂုံမြို့သစ် ၁၅၅ ရပ်ကွက်အပိုင်းတွင် နေရာချထားပေးကြောင်း သတင်း ဂျာနယ်များတွင် ဖတ်ရပါတယ်..ဘုန်းကြီးတို့ရဲ့ အဖျက်ဆီးခံသိမ်တော်နေရာမှာ ယာယီဆောက်လုပ်ထားသည့် အဆောက်ဦးငယ်နှင့် ချိတ်ဆွဲထားသည့် ကျောင်းဆိုင်းဘုတ် သာသနာ့အလံများကိုတော့ ဒီအတိုင်းဆက်ရှိနေရာတွေ့ရပါတယ်.သို့အတွက် .လတ်တလော မောင်းထုတ်ခံရတဲ့ စိုက်ပျိုးရေးလုပ်သားမိသားစုများ နေထိုင်စရာ တစ်နေရာ အစားထိုးစီမံပေးမှုကို အထူးဝမ်းဝမ်းမြောက်မိပါတယ်...ယခုလို အနစ်နာခံပြည်သူများအတွက် အစိုးရမှ စီမံဆောင်ရွက်ပေးမှုကို ပြည်သူတိုင်းက လက်ကမ်းကြိုဆိုမည်ထင်ပါတယ်... တစ်ဆက်တည်း ဆက်လက်ပီး နိုင်ငံတော်လူကြီးမင်းများကို တောင်းဆိုချင်ပါတယ်..မိကျောင်းကန် အပိုင်း ၁.၂.၃ တွင် ယခင်ကထဲက အသိမ်းဆီးခံ ဘိုးဘွားပိုင်မြေပိုင်ရှင်ပြည်သူများ ဒဂုံအရှေ့ ၊ ဒဂုံတောင်ပိုင်းများတွင် ဆင်းရဲတွင်းကမထွက်နိုင်ဘဲ မသေယုံတမယ်စားသောက်ပီး မိမိတို့ရဲ့ ဘိုးဘွားပိုင်မြေနေရာလေးများပြန်လည်ရရှိဖို့ မျှော်လင့်နေကြသလို ...မိမိတို့ ဘိုးဘွားလက်ထက်ကထဲက အကိုးကွယ်ခံ ဘုရားကျောင်းကန်သိမ်ဇရပ်များ မိကျောင်းကန်မြေနေရာတွင် ပြန်လည်ပေါ်ထွန်းလာဖို့ စိတ်အားထက်သန်စွာ စောင့်စားနေကြပါတယ်.. နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရေးတာဝန်ယူသည့်အစိုးရဆိုတာ ပြည်သူများ၏ အကျိုးကို တာဝန်ခံပါမည်ဟု ကတိပြုထားသော အဖွဲ့အစည်းဖြစ်ပါတယ်..သို့အတွက် ပြည်သူမှန်သမျှ ချမ်းသာဆင်းရဲ၊ အဆင့်တန်းမြင့် အဆင့်တန်းနိမ့် မခွဲခြားဘဲ စောင့်ရှောက်ရမည့် အထူးတာဝန်ပေးခံထားရသည့်အဖွဲဟုဆိုနိုင်ပါတယ်..ပြည်သူကပေးအပ်သည့် အုပ်ချုပ်ရေးရာထူးနေရာကို ခံယူထားပီး ပြည်သူ့အကျိုးကို တာဝန်ခံမှုမရှိသည့်အဖွဲ့အစည်းကို ပြည်သူ့အစိုးရဟု မခေါ်ဘဲ အမည်ခံအစိုးရဟုသာ ခေါ်ရမည်ဖြစ်ပါတယ်.. သို့အတွက် ပြည်သူများ၏ ဥပဒေအရ ရပိုင်ခွင့်နှင့်အညီ ယခင်မိကျောင်းကန် အပိုင်း ၁.၂.၃ မှ နှစ်ပေါင်းများစွာ အနစ်နာခံပြည်သူများ၏ ဘိုးဘွားပိုင်မြေများ မူလပိုင်ရှင်များလက်သို့ အမြန်ပြန်လည်ပေးအပ်နိုင်ရေး ၊ သာသနာတော်၏အသက်ဖြစ်သည့်သိမ်တော်ပြန်လည်ဆောက်လုပ်နိုင်ရေးနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပေါ်ထွန်းရေးကို ဆက်လက်စီမံဆောင်ရွက်ပေးကြပါရန်..မေတ္တာရပ်ခံ ပန်ကြားပါတယ်. တစ်စုံတရာ ဆွေးနွေညှိနှိုင်းမှု မပြုဘဲ နိုင်ငံတော်အတွက် သို့မဟုတ် တပ်မတော်အတွက် တစုံတရာ အသုံးပြုခြင်းကို တစ်နိုင်ငံရှိ အမှန်တရားလိုလားသည့် ပြည်သူ သံဃာတော်များနှင့် ပူးပေါင်းကာလုံးဝဆန့်ကျင်ကန့်ကွက်သွားပါမည် ဖြစ်ပါသည်... .ဦးကုမုဒ ပဓာနနာယက၊ ကျောင်းအုပ်ဆရာတော် ယခင်မူလအဖျက်ဆီးခံ မိကျောင်းကန်အပိုင်း (၁ ) စိန်ပန်းကျောင်း ယခု စိန်ပန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပုဂံလမ်း၊ အမှတ် ( ၅၆ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ဖုန်း...၀၉၅၀၂၈၉၂၀ Email................ lotusflower969@gmail Facebook....... Ashin Kumuda Bawdhitahtaung
Posted on: Sat, 29 Jun 2013 17:39:40 +0000

Trending Topics



Recently Viewed Topics




© 2015