ဟရောင် ... မင်း ဇ ရှိရင် Amanda - TopicsExpress



          

ဟရောင် ... မင်း ဇ ရှိရင် Amanda Seyfried ရဲ့ ငယ်နာမည်၊ အသက်၊ အရပ်အမောင်း၊ သွေးအမျိုးအစား၊ လိပ်စာ၊ မွေးချင်း၊ ငယ်ရည်းစား၊ ငယ်ငယ်တုန်းက အိမ်က ဘယ်နှစ်ထပ်၊ သူငယ်တန်းဆရာမ၊ အရက်ကို ပထမဆုံးသောက်ဖူးတဲ့အရွယ် အကြိုက်ဆုံးအစားအစာ၊ အကြိုက်ဆုံးဆံပင်ပုံ၊ အကြိုက်ဆုံးဖက်ရှင်၊ ရိုက်ခဲ့သမျှ ဇာတ်ကား(ခုနှစ်အလိုက်)၊ ပေါက်ဖူးသမျှထဲ အနာဆုံးဝက်ခြံ၊ နှပ်ချေးနှိုက်ရင် ဘယ်လားညာလား၊ အို... ကုန်ကုန်ပြောမယ်ကွာ . လမ်းထိပ်က ကုန်စုံဆိုင်မှာ အကြွေးဘယ်လောက်ရှိဖူးတယ် ဆိုတာက အစ မင်းနဲ့ငါနဲ့ ပြိုင်ပြောမလား။ မင်းရဲ့ TP Link ဆိုတဲ့ ဘူးကြီးက ထွက်လာတဲ့ ဆက်တာကြိုးကို ဖြုတ်လိုက်၊ မင်းရဲ့ မိုဘိုင်းဒေတာဆွခ်ျကို ပိတ်လိုက်၊ Google မကူ wiki မကူကြေးကွာ။ ငှဲငှဲ .. "ချစ်ချစ်ဂျွန်"တို့၊ "ဂျူးလိယက်သို့ ပေးစာများ"၊ "ဂျနီဖာ့ ခန္ဓာ"တို့ ကြည့်ဖူးရုံလောက်နဲ့တော့ တက်မလာနဲ့ ငါ့ကောင်။ တောက်ချလိုက်လို့ အားခနဲမအော်နိုင်ဘဲ ကားခနဲကျသွားမယ်။ ငွှားငွှားးး Khun Thar
Posted on: Wed, 25 Sep 2013 16:48:48 +0000

Trending Topics



Recently Viewed Topics




© 2015