အာဂျီနိုမိုတို - TopicsExpress



          

အာဂျီနိုမိုတို ဘော်လုံးအသင်း ဒေါက်တာမောင်မောင်ရဲ့  မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း စာအုပ်ကို ဖတ်ရင်း ပြန်လည်သတိရလာတာလေးပါ အရေးအခင်းကြောင့် တက္ကသိုလ် တွေ သုံးနှစ်ပိတ်ခဲ့တဲ့အချိန် လွန်စွာရှည်လျှားလှသော အားလပ်ရက်ရှည်ကြီးပေါ့ ဘယ်လို ကုန်ဆုံးခဲ့သလဲ ဆိုတော့ ကျနော်က မျိုးနိုင် (ယခု ဆေးရုံအုပ်) အိမ်မှာ အိပ် မျိုးနိုင် အိမ်မှာ စား မျိုးနိုင် ညွှန်းသော စာအုပ်တွေ ဖတ်ရင်းလည်း ရက်ပေါင်းများစွာ ကုန်လွန် စေခဲ့တယ် Golden Gate He She Shyt Shyt (ရှစ် ရှစ်) Horizon Night Space စတဲ့ လက်ဖက်ရည် ဆိုင်တွေ ဖွင့်ခဲ့ကြတယ် ထိုင်ခဲ့ကြတာ Golden Gate က ရဲကျော်မိုး He She က ဝင်းဗိုလ် ကိုကိုအောင် Shyt Shyt က ကိုဇော်ဖီးနဲ့  ကိုမျိုး (မျိုးနိုင် အကို ဆရာဝန်) စာအုပ်ငှားခဲ့တဲ့ ဆိုင်တွေက စာပေးဆည်းဈာ အားသစ် သုံးပန် လှပင် အုပ် အုပ် ဝိုင်းဝိုင်းလေး အောက်က ရဲရဲတောက် ကွမ်းယာဆိုင် က ကျနော်တို့ ရဲ့  စုရပ် နေ့ တိုင်း ရောက်တယ် မလှမ်းမကမ်း လမ်းလေး ခွ မှာ ပြောင်းဖူး ဖုတ် ရောင်းတဲ့ ဆိုင်မှာ ပြောင်းဖူးဖုတ် ဝယ်စားရင်း ပြောင်းဖူးဝယ်စားကြတဲ့ အကြောင်း သီချင်းတစ် ပုဒ် လက်တမ်း စပ် ပြီး ဆိုပြတော့ ဝင်းဗိုလ် က ဗိုက်နှိပ်ပြီး အတော်ကြာအောင် လွတ်လွတ်လပ်လပ် ရယ်ခဲ့တယ် ရက်ပ် တဲ့လေ မနက်ဆို မိုးသီး ဒါမှ မဟုတ် တင် ကဖီး နေ့ ခင်း ဆို ထွေးညို ရောင်းတဲ့ ဆိုင် တစ်ဆိုင် ညနေဆို Horizon ( ထွေးညို မမှီဝဲသောနေ့ များ) ကုဋေဌေး ဝင်းပန် စတဲ့ Video ရုံတွေ မှာလည်း အချိန်ကုန်စေခဲ့တယ် မျိုးနိုင် က ထင်အောင်ရဲ့  ပုံပြင် သုံးဆယ် စာအုပ်ကို သင်ပေးခဲ့တယ် သူ့ အိမ်မှာပဲ သင်တန်းသားတွေက ဝင်းဗိုလ် အောင်အောင် ကျနော် ဝင်း နှဲ့  သင်းတို့ ဖြစ်တယ် မျိုးနိုင်ရဲ့  အင်္ဂလိပ်စာ ပိုင် ပုံများတော့ ကျနော်တို့ ကို ပြန်သင်နိုင်တယ်လေ ကျနော်ရော ဝင်းဗိုလ် ရော ဝင်း သင်း ရော အင်္ဂလိပ်စာ ခပ်ညံ့ညံ့ တွေ တော့ မဟုတ်ခဲ့ကြပါဘူး အောင် အောင် ဆို တာ အလွန် ခင်မင်ဘွယ်ကောင်းတဲ့ ညီငယ် တစ်ယောက်ပါ မျိုးနိုင် အိမ်နားက ဦးကံဆောင် ရဲ့  သားပါ။ယခုတော့ ခရီးဆက်သွားပါပြီ။ ကျနော် မိခင် ဆုံးပြီ လို့  ကျနော် အဖေ လာပြော တော့ ကျနော် တို့  Thirty Burmese Folk Tales ကို မျိုးနိုင် သင်ပေးနေတဲ့ အချိန်ပေါ့ အနီ ရောင် နဂါးပုံ ပါတဲ့ စာအုပ် ပါးလေးပဲ ရက်ရှည်လာ သည် နှင့် အမျှ ကျနော်တို့ ဟာ ထွေးညို ဆိုင် မှာ အချိန် ပိုပို နေခဲ့ကြတယ် ဝင်းဗိုလ်က ထွေးညိုဆိုင် တစ်ခါမှ မလိုက်ခဲ့ လုံးဝ မသောက်ခဲ့ ကျနော် နဲ့  အောင်အောင် က ထွေးညို လည်း နည်းနည်းသောက်ခဲ့ကြတယ် အရှည်ကြီး မိုးကျော် DRUM တီး ကောင်းတဲ့ သူနဲ့  ထွေးညို သောက်ခဲ့ တဲ့ ရက် တော်တော်များတယ် အရက် သောက် တာ ကို လျှော့ နိုင်ဖို့  ကျနော် စဉ်းစား ခဲ့တယ် အားကစား နဲ့  အချိန် ကုန်စေဖို့  ရက်တော်တော် များ စည်းရုံးပြီး တဲ့ အခါ မှာ ဘော်လုံး ကန်ဖြစ်ခဲ့ကြတယ် ဝင်းဗိုလ်တို့  အိမ်နားက မူလတန်းကျောင်းဝင်းထဲမှာ စကန်ခဲ့တယ် အသင်းယူနီဖေါင်း အတွက် အာဂျီနိုမိုတို ကြော်ငြာ စွပ်ကျယ် ဝတ်ရင်း အာဂျီမိုနို အသင်းရယ်လို့  ဖြစ်လာခဲ့တယ် ဘော်လုံးစ ကစားခဲ့တဲ့ အချိန်မှာပဲ ကျနော် ဝက်လက်ကို သွားခဲ့တော့ ဂျင်ကွေးက သိပ်မကျေနပ်ခဲ့ဘူး မင်းက စရုံ စပေးခဲ့ တာပေါ့ ဆိုပြီး ခင်ဦး ကားဂိတ်ကို စက်ဘီးနဲ့  လိုက်ပို့ ပေးခဲ့ တယ် အစောတို့ မိုးသူတို့  ရေဦးကို လာလည် တုန်းက ကျနော် ဝက်လက်မှာ ရှိနေတဲ့ အချိန်ဖြစ်မယ် အာဂျီနိုမိုတို အသင်း ကို လွမ်းနေမိတယ်
Posted on: Tue, 28 Jan 2014 06:08:55 +0000

Trending Topics



Recently Viewed Topics




© 2015