အင်တာနက်ပေါ်တွင် - TopicsExpress



          

အင်တာနက်ပေါ်တွင် အရောင်းအဝယ်ကြော်ငြာများ အခမဲ့ ============================= သော်ဇင်ထက် ၊ ရန်ကုန် ၊ စက်တင်ဘာ(၈) ============================= Yangon Media Group shared a link. 13 hours ago ဝန်ဆောင်မှုများပေးမည့် နဇပေ ဝက်ဘ်ဆိုက် ထွက်ပေါ်လာ မြန်မာ နိုင်ငံတွင် ပထမဆုံးအင်တာနက် ပေါ်တွင် အရောင်းအဝယ်ကြော် ငြာများကို အခမဲ့ဝန်ဆောင်မှုများ ပေးသော (eZay)အမည်ရှိဝက်ဘ် ဆိုက်တစ်ခုထွက်ပေါ်လာကြောင်း သိရသည်။ အခမဲ့ Myanmar Online Market Place တစ်ခုအဖြစ် ဖန် တီးထားသော(eZay)ဝက်ဘ်ဆိုက် အား နိုင်ငံတကာနှင့် ပြည်တွင်း ဝက်ဘ်ဆိုက်များ ရေးဆွဲပေးသည့် အင်တာနက်ဝန်ဆောင်မှုပေး သော ထေင်္ငာံ ကုမ္ပဏီမှ တည် ထောင်လိုက်ခြင်းဖြစ်ကြောင်း စက်တင်ဘာ ရရက်က ပတ်ခ်ရွိုင် ရယ်ဟိုတယ်၌ကျင်းပသော ဝက်ဘ် ဆိုက်မိတ်ဆက်ပွဲတွင် သိရသည်။ မည်သူမဆို မိမိရောင်းလို သော၊ ဝယ်လိုသော ပစ္စည်းကိုကြော် ငြာရန်(eZay)ဝက်ဘ်ဆိုက်၏ ကြော်ငြာတင်ရန်နေရာတွင် Register ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရောင်းမည့် အိမ်ခြံမြေ၊ ဝန်ဆောင် မှု၊ အလုပ်အကိုင်၊ အလုပ်လျှောက် လွှာ၊ အုပ်စု၊ အကျိုးစီးပွား၊ အကျိုး အမြတ်၊ ကိုယ်ရေးကိုယ်တာစသော အမျိုးအစားစုံလင်စွာကြော်ငြာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ axiom ကုမ္ပဏီ၏ အထွေ ထွေမန်နေဂျာ ဦးစိုင်းခမ်းထွန်း အုန်းက 'eZay က အားသာချက် သုံးချက်ရှိပါတယ်။ မြန်မာတွေအ တွက် မြန်မာစာစနစ်အသုံးပြုလို့ ရတဲ့အတွက် အဓိကကွန်ပျူတာ ကို ကျွမ်းကျင်ဖို့ မလိုအပ်ပါဘူး။ မြန်မာပြည်ဆာဗာကနေ ထိန်းချုပ် ထားတဲ့အတွက် ပိုပြီးတော့လျင် မြန်စွာကြည့်နိုင်ပြီး နမမသမ တွေ ဖြစ်လာရင် အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းနိုင်ပါတယ်။ နောက်ပြီး အရိုးရှင်းဆုံးဒီဇိုင်းနဲ့ ဖြေရှင်းထား ပါတယ်။ နှစ်သက်သလို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာအသုံးပြုနိုင်ပါ တယ်'ဟုပြောသည်။ ကြော်ငြာရန်အတွက် ဂျီမေး အကောင့်ဖြင့် Register သွင်းရ မည်ဖြစ်ပြီး မိမိတင်လိုသောကြော် ငြာအမျိုးအစားကို ရွေးချယ်ကာ ဓာတ်ပုံနှင့်တကွ ကြော်ငြာနိုင်ပြီး မိမိ၏ဖေ့စ်ဘွတ်ခ်အကောင့်သို့ လည်း Share လုပ်နိုင်ကြောင်း ကြော်ငြာသည့်နေ့မှစ၍ ရက်ပေါင်း ၉ဝအထိဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိ ရသည်။ ယင်းက 'ရက်ပြည့်သွားပေ မယ့်လဲ ထပ်မံပြီး သက်တမ်းတိုး လိုက်ရင် နောက်ထပ်ရက် ၉၀ ကြော် ငြာပြီးသားဖြစ်သွားမယ်။ မိမိကြော် ငြာကို လူဘယ်နှဦးကြည့်လဲဆိုတာ ကအစသိနိုင်မယ်'ဟု ပြောသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် ရောင်း၊ ဝယ်၊ ငှား၊ ဝန်ဆောင်မှုများ အတွက် ကြော်ငြာများကို ezay.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး ကြော်ငြာရန်အ တွက် အဖိုးအခတစ်ပြားမျှပေးစ ရာမလိုအပ်ကြောင်း သိရသည်။
Posted on: Mon, 09 Sep 2013 23:23:13 +0000

Trending Topics



Recently Viewed Topics




© 2015