အင်ဒိုနီးရှားနိုင်ငံ၌ - TopicsExpress



          

အင်ဒိုနီးရှားနိုင်ငံ၌ အရှေ့ဂျားဗား နှင့် အလယ်ဂျားဗားကျွန်းများတွင် ကုရ်အာန်လေ့လာရေးအဖွဲ့ နှင့် ဒေသခံ အစ္စလာမ်ဘာသာဝင်များအကြား ခွေးသားစား/မစား အယူအဆ၊ တာ့ဟ်လီလန် ခေါ် လူသေအားရှိခိုးခြင်း ပြုသင့်/မပြုသင့် အယူအဆများနှင့် ပတ်သက်၍ အမြင်ကွဲပြားကာ ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသည်။ ဒေသခံများက ကုရ်အာန်လေ့လာသူများသည် အများလက်ခံသော ကုရ်အာန်အဆုံးအမများကို ဖျက်ဆီးနေကြသည်ဟု စွပ်စွဲကာ ကုရ်အာန်လေ့လာရေးအဖွဲ့ (Majlis Tafsir Al-Quran [MTA] ) အား တိုက်ခိုက်နေကြသည်။ thejakartaglobe/news/ တွင် ပါရှိသော သတင်းတစ်ပုဒ်ကို ဖော်ပြလိုက်ပါသည်။ _______________________________________________________________ အရှေ့ဂျာဗားကျွန်း၊ ဆီဒိုရာဂျိုပြည်နယ်၊ ဆီဝါလန်ရွာတွင် ဒေသခံရွာသူရွာသား ရာပေါင်းများစွာက ကုရ်အာန်လေ့လာသူအုပ်စုကို စနေနေ့ညနေပိုင်းက တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် ကုရ်အာန်လေ့လာရေးအဖွဲ့ခေါင်းဆောင် နှင့် အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ရွာသားများက ထိုအဖွဲ့သည် အများလက်ခံမှုနှင့် မညီသော အယူအဆများကို ဖြန့်ချီနေသည်ဆိုကာ တိုက်ခိုက်ခဲ့ကြသည်။ ရွာသားတွေက Majlis Tafsir Al-Quran [MTA] အဖွဲ့ဟာ ဘာသာရေးအဆုံးအမတွေကို ဖောက်ပြန်နေတယ်လို့ ယူဆတဲ့အတွက် သူတို့အဖွဲ့ရဲ့ ဆောင်ရွက်နေတာတွေကို ရပ်စေချင်တယ်။ ဘယ်လိုဖောက်ပြန်မှုတွေတုန်းဆိုတော့ ခွေးသားစားတာကို ခွင့်ပြုတာမျိုး၊ တာ့ဟ်လီလန်ကို တားမြစ်တာမျိုး တွေပေါ့ဗျာ။ ဟု ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး အစ္စလမ္မစ်ကွန်ရက် Anti-Discrimination Islamic Network (JIAD) မှ ပေါင်းစပ်ညှိနှိုင်းပေးသူ အာယန်အန်ခိုရီက ပြောကြားသည်။ တိုက်ခိုက်သူများမှာ အစ္စလမ္မစ် ဘော်ဒါကျောင်းမှ ကျောင်းသားလေးများ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ ဒေါသထွက်နေသော လူအုပ်ကြီးက MTA နှင့် ပူးပေါင်းဆောင်ရွက်သော ရွာသားအချို့ကိုလည်း ရွာမှနှင်ထုတ်ခဲ့ကြသည်။ MTA ဆီဝါလန်ကျေးရွာတွင် ကြုံတွေ့ရမှုသည် ယင်းကိစ္စမျိုးဖြစ်ပွားသည့် ပထမဆုံးအဖြစ်အပျက် မဟုတ်ကြောင်း၊ အရှေ့ဂျာဗား နှင့် အလယ်ဂျာဗားတို့တွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ လူတွေရဲ့ ဒေါသကို ဘယ်လိုမှ ထိန်းမရနိုင်တော့ဘူး ကျေးရွာမှ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ဘာရူယယ် အူလမ်က အင်ဒိုနီးရှား သတင်းပေါ်တယ် Detik သို့ စနေနေ့က ပြောကြားသည်။ သူတို့က MTA ရဲ့ လုပ်ပုံတွေကို စိတ်မသက်မသာ ဖြစ်နေကြတယ် မလေးရှားနိုင်ငံရှိ အချို့ဒေသများနှင့် အင်ဒိုနီးရှားနိုင်ငံတွင်သာ တာ့ဟ်လီလန် အား ကျင့်သုံးကြပြီး မူဆလင်ကမ္ဘာရှိ အခြားမည်သည့်နေရာတွင်မှ တာ့ဟ်လီလန် အား ကျင့်သုံးသည်ကို မတွေ့ရပါ။ Hundreds of residents of Siwalan village in Sidoarjo, East Java, assaulted a Koran study group on Saturday afternoon, injuring the group’s leader and some of its members, over allegations that it was spreading unorthodox teachings. “They demanded Majlis Tafsir Al-Quran [MTA] stop its activities for allegedly violating religious teachings, such as allowing dog [meat consumption] and forbidding tahlilan [a gathering to hold prayers for the dead],” Aan Anshori, the coordinator of Anti-Discrimination Islamic Network (JIAD), told the Jakarta Globe on Tuesday. The attackers were students from an Islamic boarding school, he said. The angry mob also expelled several village residents who had joined MTA. He said the attack was not the first on MTA in Siwalan village — various attacks in East Java and Central Java have been reported, however. “People’s anger could not be held back any longer,” Bahrul Ulum, a religious figure in the village told Indonesian news portal Detik on Saturday. “They’re uneasy about MTA activities.” Muslims in Indonesia and some parts of Malaysia practice tahlilan, but it is not found in other parts of the Muslim world. by Myo Min Thant ကြည့်ထားကြဗျာရွှေမြန်မာတို့ရေ သူတို့ဘာသာကိုလေ့လာဝေဖန်ရင်ရန်သူသက်မှတ် အချင်းချင်းလည်းသက်တယ် ဒါ့ကြောင့်သူတို့ ဘာသာဝင်တွေ သူတို့ဘာသာကိုမဆန့်ကျင်ရဲတာပါ ဒီလို အစွန်းရောက်တွေ ကျနော်တို့နိုင်ငံကို မလွှမ်းမိုးအောင်ကာကွယ်ကြပါစို့
Posted on: Sun, 10 Nov 2013 15:42:11 +0000

Trending Topics



Recently Viewed Topics




© 2015