အမ်းမရိတ် - TopicsExpress



          

အမ်းမရိတ် အိပ်မက်တစ်စုံ ================ သောင်းသောင်းဖြဖြ လက်ခုပ်သံများက တစ်ကွင်းလုံးကို လွှမ်းခြုံနေသည်။ အားလုံးရဲ့ မျက်နှာပေါ်မှာ ၀မ်းသာအပြုံး ဂုဏ်ယူအပြုံးများက ဖုံးလွှမ်းထားသည်။ ထိုအချိန်တွင် အသက်ပါရင်ပါသွားပါစေ၊ ကမ္ဘာမြေပြင်တစ်ခုလုံးပေါက်ထွက်သွားအောင် ဟစ်အော်သူကဟစ်အော်။ လက်သီးလက်မောင်းတန်းသူကတန်းလို့ ။ အချို့ မျက်လုံးအိမ်ထဲက မျက်ရည်စက်တွေကတော့ နှုတ်ခမ်းထက်ကအပြုံးတစ်စုံနဲ့ အတူ ပါးပြင်ထက်မှာ တစ်ရစ်ရစ်စီးဆင်းလို့ နေသည်။ အမ်းမရိတ်ကွင်းထဲရှိ ပွဲကြည့်စင်အားလုံးက ပရိတ်သတ်တွေအားလုံးရင်ထဲမှာ ပျော်ရွှင်ဝမ်းသာမှုတွေ ပြည့်နှက်နေမှာတော့ သေချာသည်။ ----------- x ------------ ခပ်လျော့လျော့ဖြစ်နေသော ကပ္ပတိန်လက်ပတ်ကို လက်မောင်းရင်းထက်သို့  ခပ်တင်းတင်း သူပြန်ဆွဲတင်လိုက်သည်။ စင်မြင့်ပေါ်သို့တက်ရောက်ခိုက် မိုးထိအောင်လွှမ်းမိုးသွားသည့် သြဘာပေးသံများနဲ့ အတူ ဆုတံဆိပ်တစ်ခုက သူ့ လည်ပင်းထက်သို့  ညင်သာစွာငြိတွယ်လာသည်။ ဆုတံဆိပ်ကို ကြည့်ပြီး သူတစ်ချက်ပြုံးလိုက်သည်။ ထို့ နောက် ဂုဏ်ယူစွာ ငုံ့ နမ်းလိုက်တော့သည်။ အနှစ်နှစ်အလလမက်လာခဲ့သော သူ့ ငယ်အိပ်မက်များက အမှန်တကယ်ဖြစ်လာပြီမလား။ ထိုစဉ် ကြိုးစားအားထုတ်မှုများစွာဖြင့် ရင်းနှီးထားသော၊ သူတို့ ချွေးသွေးတို့ ဖြင့် ထုဆစ်ထားသော၊ ကာလကြာရှည်သူတို့  စောင့်စားခဲ့ရသော အောင်မြင်မှုတစ်ခုကို ကိုယ်စားပြုသည့် ဆုဖလားကြီးက သူ့ ဆီကမ်းလင့်လို့ လာလေသည်။ ကပ္ပတိန် ဂျက်ဝီရှီယားသည် ရင်တွင်းလှိုက်ဖိုမှုများစွာဖြင့် ဆုဖလားကြီးကို မြဲမြဲဆုပ်ကိုင်လိုက်သည်။ " ကပ္ပတိန် ဂျက် " " ဘေဘီ ဂျက် " " သူရဲကောင်း ဂျက် " အစရှိသဖြင့် သူ့ နာမည်ကို ၀ိသေသများစွာတပ်ကာ ပရိသတ်များက ဂုဏ်ပြုဟစ်အော် သြဘာပေးနေကြသည်။ ထိုအချိန်သည် စိတ်လှုပ်ရှားမှုများစွာက သူ့ အသွေးအသားထဲကို စိုးမိုးနေသောအချိန်ဖြစ်သည်။ သို့ သော် အားအင်အပြည့် မာန်ဟုန်အပြည့်ဖြင့် ဆုဖလားကြီးကို သူ ကိုင်မြှောက်လိုက်လေသည်။ " ဟေး " ကနဲ သြဘာပေးသံများသည် စကြ၀ဠာတစ်ခုလုံး လွှမ်းမိုးသွားသည်။ ကစားသမားများ၏ ၀မ်းသာအားရ ခုန်ပေါက်ဟစ်အော်သံများ၊ ပရိသတ်များ၏ Gunner Till I Die !!!!! လို့ ရွတ်ဆိုသံများ၊ နည်းပြကြီး အာစင်ဝင်းဂါး၏ တည်ငြိမ်အပြုံးတစ်ခုဖြင့် အောင်မြင်မှုကို လက်ခုပ်တီး ကြိုဆိုနေမှုများ ကြားမှာ အမ်းမရိတ်သည် Gunner တို့ ၏အောင်မြေ ဖြစ်ခဲ့လေပြီ။ အသင်း၏ ပဲ့ကိုင်ဗိသုကာဆရာ ပရော်ဖက်ဆာ ၀င်းဂါး၏ ပဲ့ကိုင်မှု၊ ခေါင်းဆောင် ဂျက်ဝီရှီးယား၏ ဦးဆောင်မှု၊ အသင်းသားများအားလုံး၏ အားထုတ်မှုတို့ အောက်မှာ အမ်းမရိတ်သည် ဆုလာဘ်တံဆိပ်တို့ အတွက် ခိုနားရာနယ်မြေတစ်ခု ဖြစ်ခဲ့ပြီ။ ----------- x ------------- ထိုနေ့ သည် သက်ဆိုးရှည်ခဲ့သည့် ခရီးကြမ်းအိပ်မက်မှ နိုးထခဲ့သည့်နေ့ ၊ သောသောညံခဲ့တဲ့ ဝေဖန်မှုများရပ်တန့် ခဲ့သည့်နေ့ ၊ ခေါင်းလျှိုးခဲ့ရသည့် အနှိမ်ခံမှုများအောက်က လွတ်မြောက်ခဲ့သည့်နေ့ ၊ သွေးပျက်မတတ်အောင် ရူးရလောက်သည့်နေ့  ဖြစ်သည်။ ထိုနေ့ သည် အာဆင်နယ်ဆိုသည့် အသင်းတစ်သင်း ဆုဖလားရသောနေ့ ၊ အောင်မြင်မှုကို ပြန်လည်ရှာဖွေနိုင်သောနေ့  ဖြစ်သည်။ ထိုနေ့ သည် ၂၀၀၄ Unbeaten နေ့ တွေကို မှီချင်မှလည်းမှီပေမည်။ ထို့ ပြင် ထို့ နေ့ သည် ဘယ်တစ်နေ့ ဖြစ်မည်မှန်းလည်း သေချာရေရာခြင်းလည်း မရှိသေးပေ။ သို့ သော် ထိုနေ့ သည် မဝေးသောကာလတစ်ခုအတွင်းမှာ Gunner တို့ အတွက်အသင့်စောင့်နေလောက်မှာ သေချာသည်။ အသေချာဆုံးကား ထိုနေ့ သည် Gunner တစ်ယောက်၏ နှလုံးသားထဲ စိတ်ကူးထဲ အိပ်မက်ထဲမှာ သက္ကရစ် ဆယ်စုနှစ်တစ်ခုစာလောက် အကြိမ်ကြိမ် တောင့်တခဲ့ မက်မောခဲ့ပြီး အစဉ်အမြဲမက်ခဲ့ရသည့် အိပ်မက်တစ်ခု၊ အမြဲတမ်းစိတ်ကူးပုံဖော်ခဲ့ရသည့် နေ့ တစ်နေ့ ဖြစ်သည်။ စိတ်ကူးများသည် တစ်ချိန်တွင် လက်တွေ့ ဖြစ်သည်။ အိမ်မက်များသည် တစ်ချိန်တွင် အမှန်တကယ်ဖြစ်နိုင်သည်။ မကြာလွန်း မရှည်လွန်းတဲ့ နေ့ ရက်တစ်ရက်မှာ Gunner တို့ ၏ စိတ်ကူးများ လက်တွေ့ များသည် အမှန်တရားတစ်ခု ဖြစ်လာမှာ သေချာသည်။ ထို့ နေ့ ကို အရောက်သွားဖို့ အတွက် အချိန်ကာလခရီးတိုတစ်ခုကိုပဲ စိတ်ရှည်စောင့်ဆိုင်းပြီး ဖြတ်သန်းဖို့ အတွက်ပဲ လိုတော့သည်။ သန်းခေါင်ယံလောက်တော့ ဘယ်အချိန်မှာညမနက်တော့ပါဘူး။ ခုဆိုရင် မျှော်လင့်ချက် အရုဏ်ဦးအလင်းတန်း ခပ်ရေးရေးလေးတစ်ခုတောင် လှမ်းမြင်နေရပြီလေ။ >
Posted on: Sun, 07 Jul 2013 03:42:32 +0000

Trending Topics



Recently Viewed Topics




© 2015