အမျိုးသားရေး ခေါ် Common Interest - TopicsExpress



          

အမျိုးသားရေး ခေါ် Common Interest နဲ့ အမျိုးသားရေးဝါဒခေါ် Nationalism တို့ကို ဘာသာပြန်ဆိုမှုနဲ့သဘောပေါက်နားလည်မှုတွေ အားနည်းတာကြောင့် တစ်ခုတည်းလိုလို ထင်ပြီး ပြဿနာတွေဖြစ်ပေါ်နေဆဲပါ။ နိုင်ငံရေးမှာ ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေးဆိုပြီးဘယ်လိုခွဲလဲ့တော့မသိပါဘူး။ နိုင်ငံရေးဆိုတာ လူတွေကိတစ်ဦးချင်းကနေ လူအုပ်အဆင့်အထိစီမံခန့်ခွဲခြင်းသဘောလိုတော့ ဝီကီမှာတွေ့ပါတယ်။ အခုပြောတဲ့ ပါတီနိုင်ငံရေးဆိုတာ ပါဝါပေါ်လစ်တစ်ကိုပြောတာကို ရည်ညွှန်းကြပြီး အမျိုးသားနိုင်ငံရေးဆိုတာ ပါဝါကိုသီးခြားမရည်ရွယ်တဲ့ နိုင်ငံရေးခေါင်းစဉ်အောက်က လုပ်ရပ်တွေကိုပြောတာလို့နားလည်ရပါတယ်။ ဒါပေမယ့် ဒါတွေဟာမကွဲပြားဘူးဖြစ်နေပါတယ်။ လမ်းပေါ်က အမှိုက်ကောက်တာကို နိုင်ငံရေးလို့ယေဘူယျပြောကြပေမယ့် တစ်ကယ့်တစ်ကယ်မှာ လူမှုရေးလုပ်ငန်းအသွင်ဆောင်ပါတယ်။ မျိုးချစ်စိတ်ဓါတ်ရှိအောင်လှုံ့ဆော်ပေးတာ၊ ကျောင်းတွေမှာ လိုက်လုပ်အားပေးတာ စတဲ့ဟာတွေဟာလဲ Social Activities တွေပါပဲ။ နိုင်ငံရေးသည် ပါတီနိုင်ငံရေး အမျိုးသားနိုင်ငံရေးစသလို ခွဲခြားပြောခြင်းဟာ အကျိုးထက်အပြစ်ကို ပိုများစေမလား တွေးမိပါတယ်။ ဘာလို့လဲဆိုရင် လူမှုရေး၊ နိုင်ငံရေးဟာ ဆက်နေတဲ့အတွက် အက်တီးဗစ်ဘောင်ကနေ Politician ဘောင်ထဲခုန်ဝင်လာမှာကို ပါဝါကစားကွင်းထဲ ဝင်လျွှာာကို ကြိုကာထားသလို ဖြစ်နေတယ်လို့မြင်မိလို့ပါ။ Activist ကနေ Politician ဖြစ်လာပြီး ပါဝါပေါ်လစ်တစ်ထဲဝင်လာတာ ပြဿနာမဟုတ်ဘူးလို့မြင်ပါတယ်။ ပြဿနာက ပါဝါကို တစ်စုထဲက ချုပ်ကိုင်ထားချင်တဲ့ အာသီသတွေကသာ ပြဿနာဖြစ်ပါတယ်။ လူထုဆန္ဒနဲ့ရွေးချယ်ရတဲ့စံနစ်ဆိုရင် မကောင်းသူသွား၊ ကောင်းသူလာ ဖြစ်ပေါ်လာမှာပါ။ ဘာမှတော့မဟုတ်ပါဘူး။ ဒေါ်စုကို ငါးမင်းဆွေဆိုသူက အမျိုးသားနိုင်ငံရေးနဲ့ပတ်သက်လို့ဆွေးနွေးမယ်းစသဖြင့်ပြောလို့ပါ။ စကားလုံးတွေကို ရောထွေးနားလည်နေရင် ဆိုးကျိုးဖြစ်တတ်တယ်ထင်ပါတယ်။
Posted on: Tue, 13 Aug 2013 01:45:03 +0000

Trending Topics



Recently Viewed Topics




© 2015