အလင်္ကာအလွမ်းမှတ်တမ်း MRTV 4 - TopicsExpress



          

အလင်္ကာအလွမ်းမှတ်တမ်း MRTV 4 ရုပ်သံလိုင်းတွင် ပြသမည် Posted by Myo Chit Myanmar အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ ဇာတ်ကသက် နှစ် ၈၀ ပြည့်အဖြစ် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့များမှာ ပြုလုပ်မယ့် အလင်္ကာအလွမ်းမှတ်တမ်း ဖျော်ဖြေပွဲကို တစ်နိုင်ငံလုံးရှိ ပရိသတ်များ ကြည့်ရှုနိုင်ဖို့ MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသ သွားမှာပါလို့ ရွှေမန်းတင်မောင်ရဲ့ မြေးဖြစ်သူ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက The Voice ကို ပြောပါတယ်။ အလင်္ကာအလွမ်းမှတ်တမ်း ဖျော်ဖြေပွဲမှာ လှည်းသားငါးရာ၊ ရွဲကုန်သည်၊ ဂီတရူး၊ မေပန်းချီ၊ ထွက်ရပ်လမ်း၊ လက်ဝဲ သုန္ဒရစတဲ့ ရွှေမန်းဦးတင်မောင် နာမည်ကြီးခဲ့တဲ့ အော်ပရာနဲ့ ဇာတ်ထုပ်များကို ရွှေမန်းမျိုးဆက်များ ဖြစ်ကြတဲ့ ညွန့်ဝင်း၊ ချမ်းသာ၊ ဝင်းမောင်၊ ကျော်ကျော်ဗို၊ မေတင်မောင် ဆန်းမင်းဝင်း တို့နဲ့အတူ ရွှေနန်းတင်၊ မိုးဝင်း၊ မိုးမင်း၊ မန္တလေးသိန်းဇော်၊ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း၊ ဇံဟိန်းတို့ကလည်း ကပြဖျော်ဖြေသွားမှာ ဖြစ်သလို ရွှေမန်းတင်မောင်ရဲ့ ရှားပါးဓာတ်ပုံများကို အမှတ်တရ ပြသတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်လို့ တင်မောင်ဆန်းမင်းဝင်းက ဆိုပါတယ်။ အလင်္ကာမှတ်တမ်း ဖျော်ဖြေပွဲမှာ ပါဝင်ကူညီမယ့် ဇာတ်မင်းသား ဖိုးချစ်ကလည်း“ဒီပွဲမှာ ကျွန်တော်က မေပန်းချီဆိုတဲ့ အော်ပရာ အစီအစဉ်မှာ မေတင်မောင်ဆန်းမင်းဝင်းနဲ့ အတူ ပါဝင်ရမယ်။ ပဒေသာမြိုင်ဆိုတဲ့ ကပွဲအစီအစဉ်မှာတော့ ကျွန်တော်ရယ်၊ စွမ်းရယ်၊ မေတင်မောင်ဆန်းမင်းဝင်းတို့က ကပြ ဖျော်ဖြေရမှာပါ” လို့ ပြောပြပါတယ်။ credit to:The Voice Weekly
Posted on: Sat, 03 Aug 2013 08:02:18 +0000

Trending Topics



Recently Viewed Topics




© 2015