အလုပ်အချိန်ဇယားအတွက် - TopicsExpress



          

အလုပ်အချိန်ဇယားအတွက် အသုံးဝင်စေမယ့် google Calendertrick ၁၅ခု Google Calender ကို အခုမှ စသုံးမယ့်သူပဲဖြစ်ဖြစ်၊ သုံးနေကျ လူ တွေပဲဖြစ်ဖြစ် အခုဖော်ပြပေးမယ့် trick လေးတွေက သာ မန်ထက် ပိုပြီး အလုပ်တွေပြီးမြောက်အောင် ကူညီပေးနိုင်ပါ လိမ့်မယ်။ Keyboard shortcut များသုံးခြင်း ကိုယ့်အတွက် အချိန်ကုန်သက်သာစေနိုင်ဖို့ Google ကshortcut တွေ အများကြီး ပေးထားပါတယ်။ အဲဒီထဲက တစ်ချို့က အတော်လေး အသုံးဝင်ပါတယ်။ ဥပမာ event တစ်ခုဖန်တီးဖို့ keyboard ပေါ် C ကို နှိပ်တာမျိုးကိုပြောချင်တာဖြစ်ပါတယ်။ ချိန်းဆိုမှုများကို အလျင်အမြန်ရှာနိုင်ဖို့ Gear icon လေးထဲကနေတစ်ဆင့် Labs ကိုသွားပါ။ အဲဒီထဲမှာ Jump to date ဆိုတာကို enable လုပ်ထားလိုက်ပြီး save လုပ်ထားလိုက်ပါ။ အဲဒါဆိုရင် ကိုယ့် calendar ရဲ့ညာဘက်နားလေးမှာ Jump to date icon လေးပေါ်နေပါပြီ။ ဒါဆိုရင် နေ့အလိုက်တစ်ခုချင်းစီလိုက်ရှာနေစရာ မလိုတော့ပါဘူး။ Calendar navigation ကို စိတ်ကြိုက်ပြင်ခြင်း Main calendar ရဲ့ ဘယ်ဘက်မှာရှိတဲ့ mini calendar ကိုသွားပါ။ ပြီးရင် ကိုယ်တွေ့ချင်တဲ့ အချိန်အတိုင်းအတာတစ်ခုကို hightlight လုပ်ပါ။ ကိုယ့်ရဲ့ main calendar က အလိုအလျောက် adjust လုပ်ပေးပါလိမ့် မယ်။ ကိုယ့်ရဲ့ calendar မှာ ပြသပေးစေချင်တဲ့ ရက်အပိုင်းအခြားကို ပြသပေးဖို့ gear icon လေးထဲက general setting ထဲက Custom view နဲ့ default view ကို ပြောင်းလဲပြီး save လုပ်ရပါမယ်။ ဥပမာ ကိုယ်က calendar ထဲကိုဝင်လိုက်တိုင်း သီတင်းပတ် ၃ ပတ် ပြသပေးတာကို တွေ့ချင်တယ်ဆိုရင် custom view မှာ 3 weeks ဆိုတာကိုရွေးထားပြီး default view မှာတော့ custom(3 weeks) ဆိုတာကို ပြန်ရွေးပေးတာမျိုး ဖြစ်ပါတယ်။ Agenda ကို ခြုံငုံကြည့်ခြင်း တကယ်လို့ ကိုယ်က share လုပ်သုံးထားတဲ့ calendar တွေအများကြီး၊ ချိန်းဆိုချက်တွေအများကြီးရှိတဲ့ power user တစ်ယောက်ဆိုရင် Day view ကိုကြည့်ရတာ အ ဆင်ပြေလောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် event တွေ အားလုံးကို စာရင်းနဲ့ပြသပေးတာမျိုးရနိုင်ဖို့ calendar ထဲ မှာရှိတဲ့ Agenda ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။ အရေးမကြီးတော့တဲ့ ချိန်းဆိုမှုများကို အရောင်မှိန် ထားခြင်း Calendar ထဲမှာ ပြီးပြီးသား event တွေရော၊ မပြီးသေးတဲ့ event တွေရော ရောင်စုံပြနေတယ်ဆိုရင် တော်တော် မျက်စိနောက်စရာကောင်းမှာပါ။ ဒါကြောင့် သူတို့တွေကို အရောင်မှိန်အောင်လုပ်ထားလို့ရတဲ့ နည်းလမ်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ Gear icon ထဲက Setting ထဲမှာ Event Dimming ဆိုတာကို ရှာပါ။ အဲဒီမှာ Dim past events ၊ ဒါမှ မဟုတ် Dim recurring future events စတာ တွေကို check လုပ်ထားလိုက်ရင် ရပါပြီ။ ပိတ်ရက်များကို ဖျောက်ထားခြင်း တနင်္လာနေ့ကနေ သောကြာနေ့အထိပဲအမြဲတမ်းပြသနေ စေချင်တယ် ဆိုရင်တော့ General Setting ထဲက Hide weekends ဆိုတာကို ရွေးချယ်ထားလိုက်ပါ။ (တကယ် တော့ အလုပ်နဲ့ကိုယ်နဲ့ တစ်ဘ၀တည်ဆောက် နေချင် သူတွေအတွက်ပဲ အဆင်ပြေမှာပါ။ Work, life balance မျတဲ့သူတွေဆိုရင်တော့ ကြိုက်မှာမဟုတ်ပါဘူး။) All-day event များကို minimize လုပ်ထားခြင်း တကယ်လို့ အမြဲတမ်းအပြင်ထွက်နေရမယ့်နေ့တွေ၊ ချိန်းဆို ချက်တွေ အတော်များတဲ့ သီတင်းပတ်ဆိုရင် calendar ထဲမှာ တော်တော်လေးကို ရှုပ်ထွေးနေမှာ ဖြစ် ပါတယ်။ ဒါကြောင့် ပထမဆုံး တစ်ရက်ရဲ့အောက်မှာ ပေါ်နေတဲ့ သုံးမြှောင့်ပုံမြားလေးနှိပ်ပြီး တစ်ပတ်လုံးမှာ event ဘယ်နှ ခုရှိသလဲဆိုတာလောက်ကိုပဲ ကြည့်နိုင်ပါ တယ်။ Calendar 2 ခုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းခြင်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာအတွက်သုံးတဲ့ calendar ၂ ခုကြား တစ်ခု ပိတ်တစ်ခုဖွင့်နဲ့ ဗျာများနေရတတ်သူ တွေအတွက် ပြောပြချင်တာပါ။ ကိုယ့် Google Calendar page ထဲက ညာဘက်အပေါ်ထောင့်မှာရှိတဲ့ email address ကိုနှိပ်ပြီး add account ဆိုတာကို နှိပ်ပြီး account တစ်ခု ထပ်ပေါင်းထည့်ကာ calendar တစ်ခုနဲ့ တစ်ခု ပြောင်းလဲအသုံးပြုနိုင်ပါပြီ။ Event တစ်ခုကို စာတစ်ကြောင်းတည်းနဲ့ ဖန် တီးခြင်း Create Event form ကို အသုံးပြုစရာမလိုဘဲ event တစ်ခုကို စာကြောင်းတစ်ကြောင်းတည်းနဲ့ ဖန်တီး နိုင်ပါတယ်။ Calendar ထဲက ဘယ်နေရာကိုမဆို click လုပ်လိုက်ပြီး စာသားရိုက်ထည့်လိုက်ရုံပါပဲ။ ဒါပေမဲ့ စချိန်ပဲပါပြီး ဆုံးချိန်မပါတဲ့ ဘယ် event မဆို default အရ တစ်နာရီ အချိန်သတ်မှတ်ထား ပါတယ်။အဲဒီ event က တစ်နေ့တာလုံး calendar ထဲမှာပေါ်နေမှာပါ။ တခြားသူများနဲ့ ချိန်းဆိုချက်များကို စစ်ဆေးခြင်း တကယ်လို့ ကိုယ်က တခြား third-party calendar တွေကိုလည်း အသုံးပြုတယ်ဆိုရင် other calendars ဆိုတဲ့ ဘယ်ဘက်ခြမ်းက drop-down menu ထဲမှာ ကြည့်နိုင်ပါတယ်။ ကိုယ့်ကုမ္ပဏီက Google Apps for Business ကို အသုံးပြုတယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ရဲ့ email address ကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ ဒါဆိုရင် သူ့ရဲ့ ချိန်းဆိုချက်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အားလုံးနဲ့တွေ့နိုင်မလား စစ်ကြည့်ခြင်း Gear icon လေးကိုနှိပ်ပြီးLabs ထဲကိုဝင်လိုက်ပါ။ Smart Rescheduler ဆိုတာကို enable လုပ်ပြီး save လိုက်ပါ။ Calendar ထဲမှာတော့ meeting ဆိုတာကို ရွေးပါ။ Smart Rescheduler module ထဲမှာ Find a new time ဆိုတာကို နှိပ်ပါ။ Google က ကိုယ့်ရဲ့ team တစ်ခုလုံးရဲ့ calendar တွေ ကို ပြသပေးပါလိမ့်မယ်။ တကယ်လို့ ကိုယ့်အဖွဲ့ အစည်းက Google Apps for Business ကိုများ သုံး ထားခဲ့ရင် ရုံးအဆောက်အဦထဲမှာ ဘယ်အခန်း ရနိုင်မလဲဆိုတာကိုပါ အကြံပေး ထောက်ပြဦးမှာ ဖြစ်ပါတယ်။ မတက်မယ့် event များကို ဖျောက်ထားခြင်း Gear icon ထဲက Calendar setting ထဲက General tab ထဲမှာ Show events you have declined ဆိုတာ ကို uncheck လုပ်ပါ။ Automatically add invitations to my calendar ဆိုတာရဲ့ အောက်မှာလည်း ဖိတ် လာသမျထဲက ကိုယ်မတက်မယ့်ပွဲ၊ချိန်းဆိုမှုတွေဆိုရင်လည်း hide လုပ်ထားလို့ ရပါတယ်။ Google Calendar ကတစ်ဆင့် reserve လုပ်ခြင်း Gear icon ထဲက Labs ထဲက Automatically decline events ဆိုတာကို enable လုပ်ထားပြီး save လိုက်ပါ။ တကယ်လို့ ကိုယ်က book လုပ်ထားပြီးသား event တစ်ခုဆိုရင် ကိုယ့် ကိုယ်ဖိတ်တဲ့သူဆီ ချက်ချင်း reply ပြန်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ နောက် အစည်းအဝေးတစ်ခု မလွတ်သွားစေဖို့ Calendar ထဲမှာ module တစ်ခု ထပ်ပေါင်းထည့်ပြီး ကိုယ့်ကိုယ်ကိုယ် remind လုပ်နိုင် ပါတယ်။Labs ထဲက Next Meeting ဆိုတာကို enable လုပ်ထားရုံပဲဖြစ်ပါတယ်။ တခြားသူများ အား၊ မအား စစ်ဆေးခြင်း Labs ထဲက Free or busy add-on ကို enable လုပ်ထားလိုက်ပါ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင် ဖက်တစ်ယောက်ယောက်ရဲ့ email ကို ရိုက်ထည့်ပြီး ရှာလိုက်တိုင်း free၊ ဒါမှမဟုတ် busy ဆိုတဲ့status message ကိုပါတွဲ မြင်ရပါလိမ့်မယ်။
Posted on: Thu, 05 Sep 2013 07:31:38 +0000

Trending Topics



Recently Viewed Topics




© 2015