နိုင်ငံရေး ဘောဂဗေဒ - TopicsExpress



          

နိုင်ငံရေး ဘောဂဗေဒ ပညာရှင် Alfred Marshal က ( Citizenship) နိုင်ငံသား ဖြစ်မှုကို ပြောဆိုရာတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်မှုကို နိုင်ငံနှင့် ၄င်းနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာကို သစ္စာရှိမှု အပေါ်တွင်အခြေခံ ထားသည်ဟု ပြောဆိုခဲ့သည်။ နိုင်ငံသားများ၏ အမျိုးသားရေး လက္ခဏာကို ရည်ညွန်းရာတွင် အချုပ်အချာအာဏာ၊ နိုင်ငံရေးစနစ်၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုက်တက်မှုနှင့် ဆက်စပ်ကာ အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ ဗြိတိသျှတို့၏ စွယ်စုံကျမ်းတွင် နိုင်ငံသားများ၏ အမျိုးသား လက္ခဏာကို ဤကဲ့သို့ ဖွင့်ဆိုထားသည်။ ("a relationship between individuals and the nation, whereby the individuals stay loyal to the nation and enjoy the rights protected by the nation") ပုဂ္ဂလလူသားတဦးချင်းနှင့် နိုင်ငံတို့၏ ဆက်နွှယ်မှုဖြစ်ပြီး ပုဂ္ဂလနိုင်ငံသားအနေဖြင့် နိုင်ငံအပေါ် သစ္စာရှိမှုဖြင့် ထိုပုဂ္ဂလ လူသား၏ရပိုင်ခွင့်များကို နိုင်ငံ၏ကာကွယ် စောင့်ရှောက်မှု အောက်တွင် ခံစားပိုင်ခွင့် ရှိသည်။ ဤစာပိုဒ်အရ နိုင်ငံသား၏ အမျိုးသားလက္ခဏာသည် လွတ်လပ်မှုနှင့်အတူ နိုင်ငံသားတဦး၏ တာဝန်ကိုပါ ဖွင့်ဆိုခြင်းဖြစ်သည်။ အမျိုးသားလက္ခဏာသည် နိုင်ငံ၏ အုပ်ချုပ်မှုပုံစံနှင့် စနစ်ကို လူသား တစ်ဦးချင်းအနေဖြင့် များစွာသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။
Posted on: Wed, 03 Jul 2013 10:41:57 +0000

Trending Topics



Recently Viewed Topics




© 2015