နိုင်ငံတော်ဘာသာကို - TopicsExpress



          

နိုင်ငံတော်ဘာသာကို ဒီးဒုတ်ဦးဘချိုပြုလုပ်ရန်ကြံစဉ်က ဗိုလ်ချုပ်အောင်ဆန်းက သည်လိုပြောခဲ့ဘူးတယ်ဗျ......... " ဒီမှာဆရာ ကျွန်တော်တို့က လူကြိုက်အောင်လုပ်နေကြတာ မဟုတ်ဘူး။ ဒီလိုမဟုတ်မဟတ်ကို စိတ်ထင်ရာတွေ လျှောက်လုပ်ကြေမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ကြီးဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သဘောက်ဖြစ်သွားကြမှာဘဲ။ ကျွန်တော်တို့တိုင်းပြည်ထဲမှာ အလောင်းဘုရားလက်ထက်ကတည်းက ရှိခဲ့ကြတဲ့ မူဆလင်တွေရှိတယ်၊ ဘုရင်ဂျီတွေရှိတယ်၊ အစကတည်းကရှိလာခြဲ့ကတဲ့ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ ရှိတယ်။ တချို့ခရစ်ယန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေ ရှိတယ်၊ သူတို့တတွေဟာလဲ အားလုံးနိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်း မဟုတ်ဘူး၊ သူတို့တတွေပါ ပါကြပါတယ်... " " အခု ကျွန်တွင်းကလွတ်မယ်မှ မကြံကြသေးဘူး၊ သူတို့တတွေ အပေါ်မှာအနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်လို့လုပ်လိုက်ရင် ကျုပ်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကြတဲ့ အကောင်တွေဖြစ်သွားကြမှာပေါ့။ ဆရာ တိုင်းပြည်ကိုတိုင်းပြည်ရေးလို့ တွေးစမ်းပါ။ ဘာသာတွေ ဘာတွေ ညာတွေလုပ်မနေပါနဲ့၊ ကျွန်နော်တို့ဟာ ကျွန်တော်တို့တိုင်းပြည်တခုလုံးစည်ရုံးနေဘို့လိုတယ်... " " အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဆိုတာတွေဟာ ရှေးရှေးပဒေသရာဇ် မင်းတရားကြီးတွေရဲ့ စိတ်ကူးယဉ် ဘဝင်လေပင့်ပြီး ပြောခဲ့တဲ့ စကားတွေပါ။ အခုအချိန်မှာ ကျွန်တော်တို့ လိုကြတာက ပြည်ထောင်စုကြီးထဲမှာ ရှိနေကြတဲ့လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမဲ့လူတွေ ပေါ်မလာစေဘဲ နိုင်ငံစိတ်ဓါတ် တခုထဲ ရှိနေအောင် သွင်းပေးဘို့ စည်းရုံးပေးဘို့လိုတယ်.." " နိုင်ငံတော် ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ဒါယကာတော် တက်လုပ်။ ပြီးတော့ စည်ကုံးခရိုင်နဲ့တကွ စိုးမိုးအုပ်ချုပ်တော်မူသော သီရိပဝရဓမ္မရာဇာ ဘဝရှင်မင်းတရားကြီး သာသနာ့ဒါယကာဘချို၏ ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာဟာ ဆရာကြေညာ၊ ကျွန်တော်မပါဘူး ။ " ဗိုလ်ချုပ်အောင်ဆန်း (၂-၉-၁၉၆၀) မီးဒုတ် သတင်းစာမှ
Posted on: Fri, 21 Jun 2013 13:35:18 +0000

Trending Topics



Recently Viewed Topics




© 2015