ံဘယ်လိုလဲ ၂၀၀၈ - TopicsExpress



          

ံဘယ်လိုလဲ ၂၀၀၈ constitution? ----------------------------------- လူဦးရေတစ်သိန်းကျော်က ပုဒ်မ ၅၉(စ) ကိုမပြင်ဖို့လက်မှတ်ထိုးတောင်းဆိုတာဆို တော့အဲဒီလူတွေကအရူးတော့မဟုတ်ဘူး ထင်တယ်နော်၊ တော်တော်များများက အမေစု President ဖြစ်ရေးကို ပိုမိုလိုလားကြပါတယ်၊ သို့သော် တစ်ချို့ကတော့ နည်းလည်းလေးစိုး၇ိမ်နေတယ်၊ ဘာလဲဆိုတော့ ၅၉(စ)ကိုပြင်ပြီး အမေစု သမတ ဖြစ်ခွင့်ရရင် ရိုဟင်ဂျာ လို့အော်အော် နေတဲ့ ဘင်္ဂါလီတွေက တိုင်းရင်းသား အော်တိုမစ်တစ်ဖြစ်မယ် ဆိုတာကို စိုးရိမ်နေကြတယ်၊ ဘယ်သူကမှ ပြည်သူတွေနားလည်အောင်ရှင်းပြပေးနိုင်ခြင်းမရှိဘူး၊ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် အသိပေးသင့်ပါတယ်၊ ကဲဗျာ - - မြန်မာပြည် မှာ လက်ရှိ လူဦးရေ သန်း ၆၀ နဲ့အထက်ရှိတယ်၊ ကန့်ကွက်တဲ့လူတွေ တစ်သိန်းရှိတ်ယ်လေ ၊ ဘာဂရုစိုက်စရာလိုလဲ၊ ပြီးတော့ တော်တော်များများအော်ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို မသိသေးတဲ့ တိုင်းသူပြည်သားတွေအများကြီးဘဲ - -ဘယ်သူက သူတို့ကို ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း ပြောပြဖူးလဲ ၊ ၂၀၀၈ တုန်းက ထောက်ခံမဲပေးသာပေးတာ ဘာမှန်း တောင်မသိဘူး၊ ဆိုပါစို့ - ပြည်သူအားလုံးသာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါတဲ့အကြောင်းအရာများကို အကြမ်းဖြင်းနားလည်တယ်ဆိုရင် ပြင်ဆင်ဖို့အော် မှာပဲ၊ ကြာတယ်ဗျာ သန်း ၆၀ လုံး ၂၀၀၈ ဖွဲ့စည်းပုံကို နားလည်အောင်တော့ တတ်နိုင်သလောက် လုပ်လိုက်ကြပါအုံး၊ တိုင်းရင်းသားများအားလုံးညီညွတ်ကြဖို့လဲအရေးကြီးတယ်၊ ငါကြင်းဆီနဲ့ငါကြင်းကြော်ခံနေရအုံးမယ်နော်----------------
Posted on: Sun, 02 Feb 2014 05:50:32 +0000

Trending Topics



Recently Viewed Topics




© 2015