(၂၇) ကြိမ်မြောက် - TopicsExpress



          

(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် CUE SPORTS အားကစားနည်း (၁၂ ) မျိုးပါဝင်မည် ရန်ကုန် သြဂုတ် ၁၅ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂ဝ၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုးပါဝင်ရာ ဘိလိယက်နှင့် စနူကာ ပြိုင်ပွဲလည်း အပါအဝင် ဖြစ်သည်။ ထို့ပြင် Cue Sports အားကစားပြိုင်ပွဲ (၁၂)မျိုးကိုလည်း ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အားကစားနည်း (၁၂) မျိုးအတွက် ဆုတံဆိပ် များမှာ English Billiards Team N ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ် သုံးခုစီ၊ နှစ်ယောက်တွဲ Snooker Double, English Billiards Double နှင့် ESifh English Scotch Double ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး နှစ်ခုစီနှင့် ကျန်အသင်းလိုက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ချီးမြှင့်ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။ ပြိုင်ပွဲ (၁၂) မျိုးမှာSnooker Single (15 Balls Red), Snooker Double, Snooker Single, English Billiards Single, English Billards Double, English Billiards Team, English Scotch Double, 9 Ball Pool Single, 10 Ball Pool Single, Caroml-Cush ion Single, 9 Ball Pool Single (Women), 10 Ball Pool Single (Women) ဖြစ်ပြီး မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်မှ ယင်းပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် အမျိုးသား ပဏာမ လက်ရွေးစင် ၁၁ ဦးနှင့် အမျိုးသမီး ပဏာမ လက်ရွေးစင် လေးဦးတို့ကို နေပြည်တော် ရွှေစခန်း (Gold Camp)တွင် စခန်းသွင်း၍ လယ်ဝေး လေ့ကျင့်ရေး စခန်း အမှတ် (၂) ၌ လေ့ကျင့်လျက် ရှိကြောင်း သိရသည်။ င်္From Myawaddy
Posted on: Fri, 16 Aug 2013 19:09:18 +0000

Trending Topics



Recently Viewed Topics




© 2015