ခြိမ်းခြောက်ခံရတယ်လို့ - TopicsExpress



          

ခြိမ်းခြောက်ခံရတယ်လို့ ကုလားတွေအတွက် အမှုလိုက်ပေးသူ NLD ရှေ့နေ က လီဆယ်လုပ်ကြံစွပ်စွဲ “အကူအညီလိုအပ်ရင် ကျွန်တော့်ဆီကို ဖုန်းဆက်ပါ ဆိုပြီး ကျွန်တော်က ကျွန်တော့်ဖုန်းနံပါတ်ကိုတောင် သူ့ကို ပေးခဲ့သေးတယ်။ ဟိုတယ် ဧည့်ခန်းမ ထဲမှာလည်း ရယ်ကာမောကာနဲ့ စကားပြောနေခဲ့ကြသေးတယ်။ ဒါကနေ ဘယ် လိုလုပ်ပြီး ကျွန်တော်က သူ့ကို ခြိမ်းခြောက်တယ် ဆိုပြီးဖြစ်သွားရသ လဲ ကျွန်တော်တော့ နားမလည်ဘူး” ဟု ဦးခိုင်ပြည်စိုးက စိတ်မကောင်း စွာပြော ပါတယ်။ ‘တာဝန်ပေးချက်အရ’ ကုလားကျော်မြင့်ပါ ခုနစ်ဦးအတွက် စစ်တွေအထိလာ ပြီး အမှုလိုက်ပေးနေတဲ့ NLD ဦးလှမျိုးမြင့်ဟာ RNDP တာဝန်ရှိသူတစ် ဦးဖြစ်တဲ့ ဦးခိုင်ပြည်စိုးက သူ့ကို သူတည်းခိုရာ စစ်တွေ ဟိုတယ်အထိ လာရောက် ခြိမ်းခြောက်တဲ့အတွက် ဆိုတဲ့အကြောင်းပြချက်ပြပြီးတော့ ကု လားကျော်မြင့်တို့အမှုကို ရန်ကုန်ကို ပြောင်းပြီး စစ်ဆေးဖို့ တရားလွှတ်တော် ချုပ်မှာ လျှောက်ထားခဲ့တယ်။ တကယ်တော့ သူ့ကို လာရောက်ခြိမ်းခြောက်တယ် ဆိုတဲ့စကားဟာ မှန်ကန်မှုမရှိဘူး လို့ ဦးခိုင်ပြည်စိုးက ပြောပြပါတယ်။ “ကျွန်တော်က သူရှိရာ စစ်တွေဟိုတယ်ကို လိုက်သွားရတဲ့ အဓိကအကြောင်းရင်းက သူက ဖိတ်ခေါ်လို့ ကျွန်တော်သွားရတာပါ။ တရားရုံးမှာ သူနဲ့ ကျွန်တော့်နဲ့တွေ့တော့ ကျွန်တော်ကပြောတယ်၊ ဒီကအခြေအနေလေးတွေ ပြောပြချင်တယ်ဗျာလို့၊ ဒီတော့ သူက စစ်တွေဟိုတယ်ကို လိုက်လာခဲ့ပါလားတဲ့၊ အဲဒီမှာ အေးအေးေ ဆးဆေး ပြောကြတာပေါ့ လို့ သူကပြောလို့ ကျွန်တော်လိုက်သွားတာ သာဖြ စ် ပါတယ်။ သူပြောသလို သွားရောက်ခြိမ်းခြောက်တယ်ဆိုတာ မဟုတ်ပါ ဘူး။ စစ်တွေဟိုတယ် ဧည့်ခန်းထဲမှာ ထိုင်ပြောကြတဲ့အထဲမှာတော့ အမြင် မတူတာလေးတွေရှိတာပေါ့ဗျာ။ ဒါပေမဲ့ ပြောတဲ့အထဲမှာ ခြိမ်းခြော က် တဲ့စကားကိုသော်လည်းကောင်း ခြိမ်းခြောက်တဲ့ အဓိပ္ပါယ် ရိပ်ဖမ်းသံဖမ်း ပါသွားတဲ့ စကားလေး တစ်ခွန်းတလေကိုသော်လည်းကောင်း ကျွန်တော် မပြောခဲ့ပါဘူး။ နောက်ပြီးတော့ အဲဒီလိုဆွေးနွေးနေတုန်း ကျွန်တော်ပြော ခဲ့ေ သးတယ်။ ဒါက ပုဂ္ဂလိကအမြင်တွေသာ ဖြစ်တယ်၊ ပါတီကို ကိုယ်စားပြုလို့ ပြောနေတာ မဟုတ်ဘူးလို့ ပြောခဲ့တယ်” လို့ ဦးခိုင်ပြည်စိုးက ဆိုတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီဆူပူမှုအတွင်း (ဘင်္ဂါလီတွေသာမက) ရခိုင်လူမျိုး အမြောက်အများပါ ခုံရုံးတင် စစ်ဆေးခြင်း တရားစွဲဆို အကျဉ်းချထားခံရခြင်းတွေ ကြုံရပေမယ့် နိုင်ငံရပ်ခြား ကအဖွဲ့ အစည်းတွေ လူ့အခွင့်ရေးအဖွဲ့ဆိုတဲ့အဖွဲ့အစည်းတွေက စိတ်ပါဝင်စားခြင်း အလျင်း မရှိခဲ့ဘဲ ဒီဘင်္ဂါလီတွေ အဖမ်းခံရတဲ့ အခါကျမှ နိုင်ငံခြားသား အဖွဲ့ အစည်းက နိုင်ငံခြားသားတွေဟာ ဘာသာပြန်နဲ့တကွ လာရောက်နားေ ထာ င် တာဟာ ရိုးသားမှုရှိရာ မရောက်ဘူး ဆိုတဲ့ အကြောင်းကို ကုလားကျော်မြ င့် ရဲ့ ရှေ့နေကို သူ့အမြင် ပြောပြခဲ့တာသာ ဖြစ်ပါတယ် လို့ ဦးခိုင်ပြည်စိုးက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်တွေမြို့မှာ ဘင်္ဂါလီ လူဦးရေစာရင်းကောက်ခံတဲ့ ပထမဆုံးနေ့က လ၀က အရာရှိတစ်ဦး နဲ့ တပ်မတော်သားတစ်ဦး ဒဏ်ရာ ရရှိသွားအောင်တိုက်ခိုက်ခံရပြီးတော့ အဲဒီ ဆွဲ၊တင်၊စစ် စီမံချက် ပျက်ပြား သွားခဲ့တဲ့အထိ အကြမ်းဖက်နှောင့်ယှက်မှုကို ဦးဆောင်ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ ကုလားခေါင်းဆောင် ကျော်မြင့် နဲ့ သားဖြစ်သူ လှမြင့် အပါအ၀င် ကုလားတရားခံ ခုနစ်ဦးတို့အတွက် စစ်တွေ အထိလာပြီး ရှေ့နေလိုက်ပေးနေတဲ့ ဦးလှမျိုးမြင့်ဟာ NLD ပါတီ ၀င် တစ်ဦး ဖြစ်ပြီးတော့ ဂျွန်ယက်တော အမှုမှာ ဒေါ်အောင်ဆန်းစုကြည် အ တွက် ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပါတယ်။ အဲသည်လို စစ်တွေ ဟိုတယ်မှာ ဦးခိုင်ပြည်စိုးတို့ သွားရောက်တွေ့ဆုံ စဉ် ဘေးကခုံဝိုင်းမှာ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ သတင်းရဲ တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ထိုင်နေပြီး ပေါ်ပေါ်ထင်ထင်ပဲ အသံဖမ်းနားေ ထာင်နေခဲ့ကြပါတယ်။ အဲသည် ထောက်လှမ်းရေးတာဝန်ယူရတဲ့ လူတွေေ ရှ့မှာ ဦးလှမျိုးမြင့်စွပ်စွဲသလို ခြိမ်းခြောက်ခဲ့တယ် ဆိုတာ လုံးဝ မဟုတ်မှ န်ကြောင်း ထောက်လှမ်းရေး ဘက်ဆိုင်ရာ ဌာနဆိုင်ရာ အသိုင်းအ၀ိုင်း ကလည်း ပြောကြပါတယ်။ ခြိမ်းခြောက်တယ်ဆိုတဲ့စကားကို RNDP ဘက်က လုံးဝမပြောခဲ့ဘူးဆိုေ ပမယ့် ဒေသခံ NLD ပါတီဝင်အချို့က ဦးလှမျိုးမြင့်ဆီကို လှမ်းဖုန်း ဆက် ခဲ့တာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့တွေကလည်း စစ်တွေဟိုတယ် ၀န်ထမ်းတွေအနေနဲ့ ဦးလှမျိုးမြင့်ကို အဲသည်ဟိုတယ်မှာ အတည်း မခံဖို့ ပြောဆိုဖိအားပေးတာမျိုး မလုပ်ခဲ့ဘူး လို့ ဆိုပါတယ်။ Coral Arakan News က စုံစမ်းသိရှိရသလောက် အဲသလို အတည်းမခံဖို့ ဟိုတယ်ကို ဖိအားပေးတာမျိုးကို စစ်တွေ ဒေသခံအသိုင်းအ၀ိုင်းက လုပ်တာကို မကြားသိရပါဘူး။ ဓါတ်ပုံရိုက်တယ် ဆိုတာကလည်း ဦးခိုင်ပြည်စိုးနဲ့ သူ့မိတ်ဆွေတွေ စစ်တွေဟိုတယ်ကို ရောက်မလာခင် ကတည်းက ကြိုပြီးစောင့်နေခဲ့တဲ့ Coral Arakan News က သတင်းထောက်က သူ့ကို ဓါတ်ပုံ ရိုက်ယူသွားတာသာဖြစ်ပါတယ်။ ဦးခိုင်ပြည်စိုး နဲ့ လုံးဝမပတ်သက်ပါဘူး။ တကယ်တော့ ဦးလှမျိုးမြင့်ဟာ အဲသည်နေ့က စစ်တွေ ဟိုတယ် ဧည့်ခန်းမထဲကိုရောက်နေတဲ့ လူတွေထဲမှာ ဘယ်သူက သတင်းထောက်၊ ဘယ်သူက activist ၊ ဘယ်သူက ထောက်လှမ်းရေး၊ ဘယ်သူက ဟိုတယ်ဝန်ထမ်း၊ ဘယ်သူက ဧည့်သည် ဆိုတာကို ခွဲခြားသိခဲ့ပုံမပေါ်ပါဘူး။ အခန်းထဲမှာ ရောက်နေတဲ့လူမှန်သမျှဟာ သူ့ကို လာရောက် ခြိမ်းခြောက် သူတွေဖြစ်ပါတယ် လို့ လုံးထွေးရောချ စွပ်စွဲပြောဆိုတဲ့ သဘော ဖြစ်နေတယ် လို့ အဆိုပါ ဓါတ်ပုံကို ရိုက်ယူလာသူ သတင်းထောက် ကိုကော်ကာနု က ပြောပါတယ်။ ထိုနည်းတူစွာပဲ အဲသည်နေ့မနက်ပိုင်းက စစ်တွေမြို့နယ် တရားရုံးမှာ လူအယောက်နှစ်ဆယ်ကျော် သုံးဆယ်လောက် လာရောက် နားထောင် ကြတဲ့အတွက် တရားစစ်တဲ့ ရုံးခန်းနံဘေး က ကော်ရီဒါသေးသေးလေးမှာ သူ့အလိုလို လူတွေ ပြည့်ကျပ်နေတဲ့အတွက် သူ့ကားဆီကို သွားရတာ အခက်အခဲရှိခဲ့ကောင်းရှိခဲ့နိုင်ပါတယ်၊ ဒါပေမဲ့ သူ့ကို ကားဆီသွားလို့ မရအောင် တမင်တကာ ပိတ်ဆို့တာမျိုး ဘယ်သူမှ မလုပ်ခဲ့ဘူးလို့ အဲသည်နေ့ ကြားနာမှုကို သွားရောက်နားထောင်ခဲ့သူ စစ်တွေမြို့သား ကိုဇော်ဇော်မင်းက Coral Arakan News ကို ပြောပါတယ်။ လူတွေရဲ့မျက်နှာ အနေအထားကလည်း စိတ်ဝင်စားလို့လာကြည့်တဲ့ မျက်နှာတွေကိုပဲတွေ့ခဲ့ရတယ်။ တားဆီးပိတ်ပင် ရန်လိုတဲ့ မျက်နှာမျိုးနဲ့ တစ်ယောက်မှ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ သူ့ဘာသာသူ အပြစ်ရှိတဲ့စိတ်နဲ့ ရုံးခန်းကနေ ထွက်မလာဝံ့ဖြစ်နေခဲ့တာပဲ ဖြစ်ပါလိမ့်မယ်လို့ ကိုဇော်ဇော်မင်း က ဆိုပါတယ်။ ဓါတ်ပုံ သတင်းထောက် ကိုကော်ကာနုက “ခြိမ်းခြောက်ခံရတာ ဟုတ်မဟုတ်ကို အသေအချာ သိချင်ရင် ဦးခိုင်ပြည်စိုးနဲ့တွေ့စဉ်တုံးက စစ်တွေဟိုတယ် ဧည့်ခန်းမထဲက ထိုင်ခုံလက်တန်းပေါ်မှာ လက်နှစ်ဘက်ကို သက်တောင့်သာသာတင်ထားပြီး သွားတွေ ပြူးပြဲနေအောင် ရယ်မောနေတဲ့ ဓါတ်ပုံထဲက ဦးလှမျိုးမြင့်ရဲ့ ရုပ်ကြီးကို ကြည့်လိုက်ရင် သိသာပါတယ်ဗျာ။ သွားတစ်ချောင်းမရှိတာတောင် လှမ်းမြင်နေရသေးတယ်” လို့ဆိုပါတယ်။ Coral Arakan News
Posted on: Sat, 27 Jul 2013 06:49:37 +0000

Trending Topics



Recently Viewed Topics




© 2015