26 August - TopicsExpress



          

26 August 2013 =========================== အမျိုးသားကဇာတ်ရုံတွင် Rock Concert ဖျော်ဖြေပွဲ ပြုလုပ်မည် ရန်ကုန်၊ သြဂုတ် ၂၅ ရော့ခ်ဂီတကို ကြိုက်နှစ်သက်သော ပရိသတ်များအတွက် နာမည်ကျော်ရော့ခ် တေးသံရှင် ဇော်ဝင်းထွဋ်၊ လူငယ်ကြိုက် Idiots ရော့ခ်ဂီတအဖွဲ့နှင့် တေးသံရှင်အီတိုး၊ ချမ်းချမ်းတို့ ပါဝင်သွော Rock Concert ဖျော်ဖြေပွဲကို အောက်တိုဘာလ ၅ ရက်နေ့၊ ည၇ နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲကိုစီစဉ်သည့် Myanmar Media Management မှ ဦးစည်သူက The Voice သို့ပြောသည်။ “ဒီပွဲမှာ ပရိသတ်တွေက ရော့ခ်ဆန်တဲ့ သီချင်းတွေကို နားထောင်ရမယ်။ နောက်ပြီး ကိုညီထွဋ်ရဲ့ သီချင်းတွေထဲက မိန်းကလေး အဆိုတော်တွေနဲ့ တစ်ခါမှမဆိုဖူးတဲ့ သီချင်းတွေကို ဒီပွဲမှာ ချမ်းချမ်းနဲ့ စုံတွဲဆိုမယ်။ အဲ့ဒီလိုပဲ ချမ်းချမ်းရဲ့ သီချင်းအချို့ကိုလည်း စုံတွဲဆိုကြမယ်” ဟု ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ၎င်းက ထပ်လောင်းပြောကြားသည်။ Rock Concert ဖျော်ဖြေပွဲတွင် တေးသံရှင် ဇော်ဝင်းထွဋ်နှင့် လိုက်ဖက်သော စုံတွဲသီချင်းများကို သီဆိုဖျော်ဖြေကြမည် ဖြစ်ပြီး ယခုပွဲမှာ မိမိတို့တေးသံရှင်များ အတွက်ရော၊ ပရိသတ်များ အတွက်ပါ ထူးခြားဆန်းသစ်သော အရသာကို ပေးစွမ်းနိုင်မည့် ဖျော်ဖြေပွဲ တစ်ခု ဖြစ်ကြောင်း ပါဝင်သီဆိုမည့် တေးသံရှင်တစ်ဦးဖြစ်သူ ချမ်းချမ်းက ပြောကြားသည်။ “ဒီပွဲမှာ ပရိသတ်ကြိုက်တဲ့ သီချင်းအဟောင်းလေးတွေရော၊ မကြာမီက ထွက်ထားတဲ့ လူစီးရီးထဲက သီချင်းတွေရော ဆိုမယ်။ ကိုယ်အပြင် လူငယ်တွေ ကြိုက်ကြတဲ့ Idiots Band လည်းပါတဲ့အတွက် ရော့ခ်သီချင်းတွေ အများကြီး နားဆင်ရမှာပါ။ နောက်ပြီး အီတိုးနဲ့ရော ချမ်းချမ်းနဲ့ပါတွဲပြီး ဆိုတဲ့သီချင်းတွေလည်း ပါမယ်” ဟု ယင်းဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့် တေးသံရှင် ဇော်ဝင်းထွဋ်က ပြောကြားသည်။ Rock Concert ဖျော်ဖြေပွဲ၏ လက်မှတ်ဈေးနှုန်းကို ကျပ် ၃၀၀၀၀၊ ကျပ် ၂၀၀၀၀ နှင့် ကျပ် ၁၀၀၀၀ သတ်မှတ်ထားပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ မန်းသီရိ တေးသံသွင်းနှင့် City Mart ဆိုင်ခွဲများ အားလုံးတွင် ဝယ်ယူရရှိနိုင်ကြောင်း ဦးစည်သူက ပြောကြားသည်။ The Voice
Posted on: Mon, 26 Aug 2013 17:42:18 +0000

Trending Topics



Recently Viewed Topics




© 2015