Blogger ကို Google - TopicsExpress



          

Blogger ကို Google ကပိုင်တာဖြစ်တဲ့အတွက် သင့်ရဲ့ရှိပြီးသား Gmail Account တစ်ခုနဲ့သုံးပြီး blogger blog တစ်ခုဆောက်လို့ရပါတယ်။ အကယ်၍သင်က ရှိပြီးသား Gmail Account ကိုအသုံးမပြုချင်ဘဲ account အသစ်တခုဆောက်ပြီးသုံးလို့လည်းရပါတယ်။ သင့်မှာ Gmail Account မရှိဘူးဆိုရင်တော့ တစ်ခုဆောက်ဖို့တော့လိုအပ် ပါတယ်။ Blogger blog တစ်ခုဆောက်ဖို့ သင့်မှာ အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ …… (1) Blogger SignIn သင်ရဲ့ Gmail Account နဲ့ပတ်သတ်တဲ့… (၁) Account အမည် (၂) Password (လျှို့ဝှက်နံပါတ်) တို့ကို ဖြည့်ပြီး (၃) Sign In ကို နှိပ်လိုက်ပါ က profile page တစ်ခုထပ်ပေါ်လာပါမယ်။ (2) Blogger Profile blog ရဲ့ ပိုင်ရှင်ဖြစ်တဲ့ သင့်ရဲ့အချက်အလက်တွေနဲ့ပတ်သက်တဲ့ page ပါ။ အဲဒီမှာ ရွေးစရာ နှစ်မျိုးရှိပါတယ် Google+ Profile နဲ့ Limited Profile ပါ။ (၄) အလွယ်ပြောရရင် သင်ဖြည့်မယ် အချက်အလက်တွေအားလုံးကို အခြားသူတွေကိုလည်း သိခွင့်ပြုတယ်ဆိုရင် Google+ Profile ရွေးပါ၊ (၅) သင့်ကို သင်မှန်း မသိစေချင်ရင်တော့ Limited Profile ကိုရွေးပါ၊ တွင် သင်ဖြည့်ခဲ့သော အချက်အလက်များအား ယ္ခုသင်ဆောက်မည့် blog နှင့်သီးခြားဖြစ်စေပြီး လျှို့ဝှက်ပေးထား ပါလိမ့်မည်။ ကြိုက်နှစ်သက်ရာ (၄) သို့မဟုတ် (၅) တစ်ခုခုကိုဘဲရွေးပါ။ အကယ်၍သင်က (၄) ကိုရွေးလိုက်ရင် page တစ်ခုပေါ်လာပြီး သင့်ရဲ့ အချက်အလက်တွေကို ဖြည့်ရပါလိမ့်မယ်။ (3) Blogger Profile Upgrade (၆) (၇) (၈) အကွက်တွေထဲမှာ သင် Gmail ဆောက်ခဲ့စဉ်က ပေးခဲ့သော အချက်အလက်များအတိုင်းပေါ်နေပါလိမ့်မယ်၊ အဲဒီအတိုင်းထားတာကပိုကောင်းပါတယ်၊ (ပြင်လို့်လည်းရပါတယ်) (၉) သင့်ကိုကိုယ်စားပြုတဲ့ ဓါတ်ပုံတင်ချင်ရင် Add your photo ကိုနှိပ်လိုက်ပါ၊ (4) Upload Profile Photo (၁၀) select a photo from your computer ကိုနှိပ်၍ သင်၏ဓါတ်ပုံကို upload တင်ပါ၊ (၁၁) ပြီးရင် set as profile photo ကိုနှိပ်ပါက သင်ရွေးထားသော ဓါတ်ပုံအားတွေ့ရပါမည်။ ဓါတ်ပုံကိုမကြိုက်၍ ပြန်ပြောင်းတင်လိုပါက ဓါတ်ပုံဘေးရှိ change photo မှတဆင့်ပြောင်းတင်နိုင်ပါသည်၊ စိတ်ကြိုက်ဖြစ်သွားပြီဆိုပါက (၁၂) Upgrade ကိုနှိပ်ပါက blog တစ်ခုစတင်ရန်ရောက်သွားပါလိမ့်မယ်။ အကယ်၍ သင်က limited blogger profile ကိုရွေးချယ်ခဲ့ပါက (5) Limited Profile (၁၃) သင်၏အမည်အရင်းအားဖွက်ထားပြီး အခြားအမည်တမျိုးဖြင့်သင့်ကို သတ်မှတ်စေချင်သည့် အမည်ဖြည့်ပါ။ (၁၄) Blogger နှင့်ပတ်သက်သော အချက်အလက်အသစ်များအား သင်၏ အီးမေးလ် ထဲသို့အရောက်ပို့စေလိုပါက အမှန်ခြစ်ပါ၊ ဆန္ဒမရှိပါက အမှတ်ခြစ်ကိုနှိပ်၍ဖြုတ်ပါ၊ (၁၅)ပြီးပြီဆိုပါက continue to blogger ကိုနှိပ်၍ blog အတွင်းသို့ဝင်ရောက်ပါ။ (6) Create New Blog Profile page တုန်းကသင်မြင်ခဲ့ရတဲ့ သင့်ရဲ့ first name နဲ့ last name ပါ၊ Blog ရဲ့ အမည်မဟုတ်ပါဘူး၊ Blog ရဲ့ ပိုင်ရှင်အမည်ပါ။ (၁၆) ဘာသာစကားအတွက်ကတော့ မြန်မာဘာသာကိုလည်း support မလုပ်နိုင်သေးတဲ့အတွက် English(UK) လို့ဘဲရှိနေပါစေ၊ Blog တစ်ခုစဆောက်ဖို့အတွက်တော့- (၁၇)create blog ကိုနှိပ်လိုက်ပါ၊ window တစ်ခုပေါ်လာပါမယ်။ (7) Blogger Blog Data သင့်ရဲ့ blog နဲ့ပတ်သက်သော- (၁၈) Blog ရဲ့အမည် (သို့) Blog ရဲ့ခေါင်းစီး လို့လည်းပြောလို့ရတဲ့ Blog Title ကိုဖြည့်ပေးရပါမယ်၊ (၁၉) ဒါကတော့ အင်တာနက်ထဲမှာ သင့် blog ရဲ့လိပ်စာအနေနဲ့ သတ်မှတ်ပေးမယ့် blog address ကိုဖြည့်ပေးရပါမယ်၊ သင်ဖြည့်လိုက်တဲ့ address ကို အခြားသူသတ်မှတ်ပြီးသား address ဟုတ်မဟုတ်စစ်ဆေးပြီး တူနေပါက မတူအောင်ပြန်လည်သတ်မှတ်ပေးရပါမယ်၊ ဆင်တူ address ရှိပြီးသားမဟုတ်ပါက အကွက်(၁၉)ဘေးတွင် အပြာရောင် အမှန်ခြစ်ပေါ်လာရင် အဆင်ပြေသွားပါပြီး၊ (၂၀) ကတော့ သင့် blog ရဲ့ အမြင် အပြင်အဆင်ပါ၊ ကြိုက်ရာတစ်ခုခုကို ရွေးခဲ့လိုက်ပါ၊ နောက်ပိုင်းတွင် ပြန်လည်ချယ်မှုန်းရပါအုံးမယ်၊ (၂၁)ပြီးပါက create blog ကိုနှိပ်လိုက်ပါက သင့် blog ရဲ့ Dashboard ကိုရောက်သွားပါမယ်။ (8) Blogger Dashboard အကယ်၍ သင်က ဒီနေရာကနေ အပြီးထွက်ချင်ပါက အစိမ်းရောင်အကွက်ရှိ မျှားခေါင်းအား နှိပ်၍ Sign Out ဖြင့်ထွက်သွားနိုင်ပါတယ်။ နောက်တကြိမ်ပြန်လာချင်ပါက သင်၏ Gmail Account ဖြင့် SignIn ၀င်လာသည့်အခါ တွေ့ရတာကတော့ သင်ပေးခဲ့သော blog ခေါင်းစဉ်ပါ၊ ခရမ်းရောင်အကွက်အတွင်းရှိ view blog ကိုနှိပ်လိုက်ပါက ပြင်ဆင်ချယ်သထားခြင်းမရှိသော သင့် blog အား plain အနေအထားဖြင့်တွေ့ရပါမည်။ အပြာရောင်အကွက်ထဲရှိ မျှားခေါင်းအားနှိပ်ပါက သင့် blog နှင့်ပတ်သက်သော အကြောင်းအရာများအား ကြည့်ရှု၊ ပြင်ဆင်လို့ရတဲ့ option များကိုတွေ့ရပါမယ်၊ တစ်ခုချင်းစီရွေးကြည့်ရင်း လေ့လာလို့ရပါတယ်။ အဲဒါဆိုရင်… Blogger / Blogspot blog တစ်ခုဆောက်ပြီးသွားပါပြီ။ ထို့နောက် Blogger / Blogspot blog တစ်ခုရဲ့ layout design နဲ့ template design ကိုလှလှပပ ဖြစ်အောင်ပြင်ဆင်ခြင်းဘဲဖြစ်ပါတယ်။ Blog Layout ဆိုတာက သင့် blog ရဲ့စာမျက်နှာပေါ်မှာ အကြောင်းအရာ၊ ပစ္စည်းတွေကို နေရာချထားမှုပုံစံပါ၊ သင့်စိတ်ကြိုက် layout ကိုရွေးချယ်ဖို့အတွက် - သင့် blog ရဲ့ dashboard ကိုရောက်နေရပါမယ်၊ ရောက်ဖို့အတွက် သင့်ရဲ့ Gamil Account ဖြင့် သို့ singIn ၀င်လိုက်ပါ၊ ပြီးခဲ့တဲ့ post တွေထဲက signIn ၀င်ပုံကိုပြန်လေ့လာနိုင်ပါတယ်၊ (dashboard ထဲကို ရောက်နေပြီးသား သူအတွက်မလိုအပ်ပါ) သင့် blog ရဲ့ dashboard ထဲကိုရောက်ပြီဆိုရင် အရေးပါတဲ့ more options မျှားခေါင်းမှ layout ကို ရွေးချယ်နှိပ်လိုက်ပါ။ (1) Blogger Layout Customization သင်ရေးထားတဲ့ အကြောင်းအရာ blog post က စာမျက်နှာရဲ့ ဘယ်ဘက်အခြမ်းမှာမြင်ရမှာပါ၊ သင့်ရဲ့ကိုယ်ရေးအကျဉ်း About me နဲ့ ဘလော့ဂ်ပို့စ်တွေဖြစ်တဲ့ Blog Archive တွေက ညာဘက်အခြမ်းမှာရှိနေမှာပါ၊ အကယ်၍ သင်ကအခြား layout ပုံစံတွေကို ကြည့်ရှုပြီးရွေးချယ်ဖို့အတွက်ဆိုရင်တော့- (၁) Template Designer ကိုနှိပ်၍ Blogger Template Designer စာမျက်နှာသို့ဝင်ရောက်ပါ၊ (2) Blogger Template Designer Layout (၂) အကွက်ထဲက Layout ကိုရွေးချယ်နှိပ်လိုက်ပြီ Blogger Layout Selection စာမျက်နှာသို့ဆက်သွားပါ၊ (3) Blogger Layout Selection (၃) အကွက်ထဲက လိမ်မော်ရောင် ၃.၁ ကတော့ သင့် blog စာမျက်နှာရဲ့ လက်ရှိ layout အနေအထားပါ၊ ကြိုက်နှစ်သက်ရာ တစ်ခုခုကို ပြောင်းလဲရွေးချယ်နိုင်ပါတယ်၊ (၄) အကွက်ထဲက လိမ်မော်ရောင် ၄.၁ ကတော့ သင့် blog ရဲ့လက်ရှိ footer အနေအထားပါ၊ သဘောကျတဲ့ တစ်ခုခုကို ပြောင်းလဲရွေးချယ်နိုင်ပါတယ်၊ သင်ပြောင်းလဲရွေးချယ်ပြီးပြီဆိုရင် - (၅) View Blog ကိုနှိပ်၍ ပြောင်းလဲသွားမယ့် သင့် blog စာမျက်နှာအနေအထားကို ပြန်ကြည့်နိုင်ပါတယ်၊ စိတ်ကြိုက်ဖြစ်ပြီးဆိုရင် - (၆) Apply to Blog ဖြင့် သင့်နောက်ဆုံးရွေးချယ်မှုတွေနဲ့ သင့် blog ကိုအမှန်တကယ်ပြောင်းလဲဖို့ နှိပ်လိုက်နိုင်ပါပြီ။ Blog ရဲ့ background ကို အရောင်တစ်မျိုးမျိုးနဲ့ဖြစ်ဖြစ်၊ image ပုံတစ်ခုခုနဲ့ဖြစ်စေ ပြောင်းလဲထား လိုပါက blog dashboard ကိုအရင်ရောက်အောင် သွားရပါမယ်။ သင်က blog ထဲကိုမ၀င်ရသေးတဲ့သူဆိုရင် သင့် Gmail Account ဖြင့် signIn ၀င်၍ သင့် blog ရဲ့ dashboard ကိုအရင်ရောက်အောင်သွားပါ၊ ပြီးရင် အသုံးဝင်တဲ့ more options မျှားခေါင်းမှ - ပထမနည်း – template ကိုရွေး၍ live on blog ပုံအောက်ရှိ customize ကိုရွေး၍လည်း Blogger Template Designer စာမျက်နှာသို့ သွား၍ရသလို၊ ဒုတိယနည်း – layout ကိုရွေး၍ template designer နှိပ်၍လည်း ရောက် နိုင်ပါတယ်။ (1) Changing Background Template နဲ့ Layout လိုမျိုး သီးသန့်မီနူးမရှိတဲ့အတွက် - Backgournd Widths Advanced တွေကို ပြုပြင်ချင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်အောင်အရင် လာရပါမယ်၊ Blog ရဲ့နောက်ခံကို ပြောင်းလဲမှာဖြစ်တဲ့အတွက် - (၁) Background ကို ရွေးချယ်လိုက်ပါ၊ (2) Background Setting (၂) အကွက်ကတော့ သင် ရွေးခဲ့တဲ့ template ရဲ့နောက်ခံပုံပါ၊ (၃) အကွက်အတွင်းရှိ မျှားအားနှိပ်၍ နောက်ခံပုံကို ရွေးနိုင်ပါတယ်၊ window တစ်ခုပေါ်လာပါလိမ့်မယ်။ (3) Selecting Background Image (၄) ကတော့ မြင်နေရတဲ့ window ကို မြင်ကွင်းချုံ့၊ ချဲ့ကြည့်လို့ရပါတယ်၊ (၅) Upload image ကနေပြီး သင့်ကွန်ပျူတာထဲကစိတ်ကြိုက်ပုံဖြင့်လည်း သင့်ဘလော့ဂ်နောက်ခံ ကိုပြောင်းလို့်ရပါတယ်၊ (၆) အကွက်ကတော့ Blogger ကနေပေးထားတဲ့ နောက်ခံပုံအမျိုးအစားတွေပါ၊ အမျိုးအစားတစ်ခုချင်းစီ ထဲမှာ ပုံတွေအများကြီးရှိပါတယ်၊ (၆)အကွက်ထဲက Abstract ဆိုတဲ့အမျိုးအစားထဲက ပုံတွေဖြစ်ပါတယ်၊ ကြိုက်နှစ်သက်ရာအမျိုးအစားထဲက လှလှပပစိတ်ကြိုက်ပုံတွေ ကို ရွေးချယ်ကြည့်လို့ရပါတယ်၊ ရွေးလိုက်တိုင်း နောက်ခံပြောင်းလဲသွားတဲ့ သင့် blog ကိုမြင်ရမှာပါ၊ (၈) သင့်စိတ်ကြိုက်ရွေးချယ်ပြီးရင် Done ကိုနှိပ်ပါ၊ (၉) သင့်ရွေးချယ်မှုကို အမှန်တကယ်ပြောင်းလဲအသုံးပြုဖို့ Apply to blog ကိုရွေးဖို့ မမေ့ပါနဲ့၊ (၁၀) View blog ဖြင့် သင့် blog နောက်ခံကိုပြန်ကြည့်နိုင်ပါတယ်၊ ဒါမှမဟုတ် သင့်အရင် template အတိုင်းဘဲပြန်ထားချင်တယ်ဆိုရင် - (၁၁) Use default background and colours ကိုနှိပ်၍ ပြန်ထားနိုင်ပါတယ်၊ Blog တစ်ခုလုံးရဲ့ width၊ blog ထဲမှာရှိတဲ့ post area width နဲ့ side bar ရဲ့ width တွေကို ပြောင်းလဲနိုင်ပါတယ်။ သင့် blog စာမျက်နှာပေါ်မှာမြင်ရမယ့် အကြောင်းအရာတွေရဲ့ အကျဉ်း၊ အကျယ်ကိုညှိဖို့အတွက်ဆိုရင် အရင်ဆုံး Blogger Template Desinger ဆီကိုအရောက်လာပါ(ပြောခဲ့ဘူးတဲ့နည်းလမ်း နှစ်နည်းထဲက ကြိုက်တဲ့နည်း ကိုသုံး၍ရပါတယ်)။ (1) Blogger Template Designer – Adjust WIdth ရောက်ပြီဆိုရင် - (၁) Adjust widths ကိုရွေးပါ၊ အကျဉ်း၊ အကျယ်ကိုညှိလို့ရတဲ့ Adjusting Blog Widths စာမျက်နှာ သို့ရောက်လာပါမယ်။ (2) Adjusting Blog Widths အပြာရောင်ဘောင်အသေးအတွင်းက pixel အရေအတွက်တွေက သင့်ဘလော့ဂ်ရဲ့ လက်ရှိအနေအထား အကျဉ်း၊ အကျယ်ပါဘဲ၊ (၂) အကွက်အတွင်းရှိ ခဲရောင်ဘားပေါ်မှ အဖြူရောင်အတုံးအား ဘယ်၊ညာ သိုရွှေ့၍ သင့်၏ ဘလော့ဂ်တစ်ခုလုံး (entire blog) အား အကျဉ်း၊ အကျယ်ကို လိုသလိုညှိနိုင်ပါသည်၊ ပုံထဲရှိ အပြာရောင်ဘောင်(အကြီး+အသေး)အတွင်း သင့်၏ ဘလော့ဂ်မြင်ကွင်းတွင်လည်း ပြောင်းလဲမှုကိုမြင်နိုင်ပါတယ်၊ (၃) အကွက်အတွင်းရှိ အဖြူရောင်အတုံးကတော့ သင့်ဘလော့ဂ် ညာဘက်ရှိ side bar ( About Me ရှိသောညာဘက်ခြမ်း) ကို အကျဉ်း၊ အကျယ်ညှိပေးပါတယ် (၄) Apply to blog ဖြင့် သင်ရွေးချယ်ထားသော အကျဉ်းအကျယ်ကို အတည်ပြုလိုက်ပါ၊ (၅) View blog ဖြင့် ပြန်ကြည့် ကြည့်ပါ၊ စိတ်ကြိုက်ညှိပါ၊ (၆) မူလအနေအထားအတိုင်းပြန်ထားလိုပြီး သင့်ရွေးချယ်မှုတွေကို cancel လုပ်လိုပါက Reset widths to template default ကိုရွေးနိုင်ပါတယ်။ သင့် ဘလော့ဂ်စာမျက်နှာပေါ်တွင်တွေ့ရမည့် စာသားမျိုးစုံရဲ့ အရောင်၊ ပုံစံ တွေကိုစိတ်ကြိုက်ပြောင်းလဲချင်တယ်ဆိုရင် Blogger Template Desinger စာမျက်နှာသို့အရင်ရောက်အောင်သွားပါ။ (1) Blogger Template Designer – Advanced Setting (၁) Advanced ကိုရွေး၍ပါ။ (2) Changing Advanctd Text Setting Advanced Setting (၂) အကွက်အရဆိုရင် သင်ပြောင်းလဲ၍ရတဲ့ စာလုံးအမျိုးအစားပေါင်း (၁၄)မျိုးရှိပါတယ်၊ သင်ရွေးလိုက်တဲ့အမျိုးအစား (Blog Title)နဲ့ပတ်သက်ပြီး ညာဘက်မှာ သက်ဆိုင်ရာပြောင်းလဲ နိုင်တဲ့ အကြောင်းအရာတွေပေါ်လာမှာဖြစ်သလို အောက်ဘက်တွင် ရှိသော ဘလော့ဂ်မြင်ကွင်းထဲတွင်လည်း အပြာရောင်ဘောင်ကဲ့သို့သော အစက်အပြောက်ဘောင်ဖြင့် သင့်ကိုမြင်သာစေရန် ပြနေပါလိမ့်မယ်၊ သင့်ဘလော့ဂ်၏ နောက်ခံအရောင်နဲ့ လိုက်ဖက်သော စာလုံးအရောင်၊ အရွယ်အစား၊ ပုံသဏ္ဍန် စသည်တွေကို ရွေးချယ်နိုင်ပါတယ်၊ ဒါပေမယ့် အခုလောလောဆယ် သင့်ဘလော့ဂ်စာမျက်နှာပေါ်မှာ အကြောင်းအရာစုံစုံလင်လင် မရှိသေးတဲ့အတွက် အကွက်(၂)ထဲက အချို့သောအမျိုးအစားရွေးချယ်မှုအတွက် အစက်အပြောက်ဘောင်တွေကို ဘလော့ဂ် မြင်ကွင်းထဲမှာမြင်ချင်မှမြင်ရအုံးမှာပါ၊ သင့်ဘလော့ဂ်ပေါ်မှာ blog post တွေရေးတင်ပြီးတဲ့အခါမှ ပြန်လာပြီးပြောင်းလို့လည်းရပါတယ်၊ တစ်ခုသိရှိထားရမှာက ယ္ခုသင့်ရဲ့ ပြောင်းလဲရွေးချယ်မှုတွေဟာ သင့်ဘလော့ဂ်စာမျက်နှာတိုင်းမှာ တစ်ပုံစံတည်းမြင်ရမယ့် အပြင်အဆင်တွေဖြစ်မှာပါ၊ သင်ရေးထားတဲ့ blog post စာမျက်နှာတစ်ခုခြင်းစီအတွက် သီးခြားအပြင်အဆင်တွေ ထားလို့မရပါဘူး၊ တစ်ခုခုပြောင်းလဲပြင်ဆင်မှုဟာ ဘလော့ဂ်တစ်ခုလုံးကို တပြေးညီသက်ရောက်ပါတယ်၊ (၃) သင်ပြောင်းလဲခဲ့သော စာလုံးအမျိုးအစားအား မူလအနေအထားအတိုင်းပြန်ထားလိုပြီး သင့်ပြင်ဆင်မှုတွေကို cancel လုပ်လိုပါက Clear advanced changes to … ကိုရွေးနိုင်ပါတယ်၊ (၄) Apply to blog ဖြင့် သင့်စိတ်ကြိုက် ပြောင်းလဲပြုပြင်မှုတွေကို အတည်ပြုလိုက်ပါ၊ (၅) View blog ဖြင့် ပြန်ကြည့် ကြည့်ပါ၊ စိတ်ကြိုက်ပြင်ဆင်ပါ၊ အခုအချိန်အထိဆိုရင် blog ရဲ့ အလှအပပြင်ဆင်တာနဲ့ပတ်သက်ပြီး တော်တော်ခရီးရောက်သွားပြီဖြစ်တဲ့အတွက် အဓိကဖြစ်တဲ့ post / page တွေရေးနိုင်ဖို့အတွက် tools တွေအကြောင်းကို သိဖို့ရန်လိုအပ်ပါတယ်။ Blogger ထဲမှာ မိမိတို့ကိုယ်ပိုင် blog တစ်ခုဆောက်ပြီးလို့ ၀ထ္ထုတို၊ ဆောင်းပါးစတဲ့ အကြောင်းအရာတွေအတွက် post / page တွေကို ရေးဖို့ blogger ထဲက writing tools တွေကို အသုံးပြုရပါမယ်။ Blog ထဲမှာစာရေးတော့မယ်ဆိုရင် blog post အနေနဲ့ရေးမှာလား၊ blog page အဖြစ်ရေးမှာလား ဆိုပြီး post နဲ့ page ဆိုပြီးရှိပါတယ်။ အဲ… သူတို့နှစ်မျိုးကဘာကွာလဲဆိုရင် အထင်ရှားဆုံးကွဲပြားချက်က စာဖတ်သူတွေက အကြောင်းအရာအပေါ် မိမိတို့အမြင်တွေနဲ့ဝေဖန်ချက်၊ အကြံပြုချက်၊ မေးခွန်းမေးခြင်း စတာတွေကိုပြန်ပေးနိုင်တဲ့ comment section ဆိုတာ post ထဲမှာပါပြီး ထဲကအကြောင်းအရာတွေကိုတော့ ဖတ်ခွင့်သာရှိပြီး ဘာမှာပြန်ပေးလို့မရပါဘူး။ စာဖတ်သူတွေပြန်ပေးတဲ့ ဝေဖန်၊ အကြံပြုချက်တွေဟာ post နဲ့တွဲလျှက်ဖြစ်နေမှာပါ၊ အခြားစာဖတ်သူတွေကလည်း မြင်ရမှာပါ။ ဒါကြောင့်မို့ စာရေးသူတွေအနေနဲ့က မိမိတို့ရေးတဲ့အကြောင်းအရာအပေါ် စာဖတ်သူတွေရဲ့ ပွင့်ပွင့်လင်းလင်း အမြင်တွေကို ပြန်သိချင်ရင်တော့ post အနေနဲ့ရေးပါ၊ ဒါမှမဟုတ် စာဖတ်သူတွေရဲ့အမြင်ဘယ်လိုရှိလဲဆိုတာ သိဖို့မလိုအပ်တဲ့အကြောင်းအရာဆိုရင် page အနေနဲ့ရေးနိုင်ပါတယ်။ Post အနေနဲ့ဘဲရေးရေး… page အနေနဲ့ဘဲနေရေးရေး… ပထမဆုံး Blogger ထဲရောက်ဖို့ သင့် Gmail နဲ့ SignIn ၀င်လိုက်ပါ၊ သင့် Blog ရဲ့ Dashboard ကိုရောက်သွားပါလိမ့်မယ်။ Dashboard ကိုရောက်ပြီးဆိုရင် အသုံးဝင်သော မျှားခေါင်း more options ကိုအမြဲသတိရပါ၊ အဲဒီမျှားခေါင်းကိုနှိပ်၍ post ရေးမယ့်သူက post ကိုရွေးပါ၊ page ရေးမယ့်သူက page ကိုရွေးပါ၊ (1) Blogger Post Page Menu (၁)Post ရေးမယ့်သူက New post ကိုရွေးပါ၊ Page ရေးမယ့်သူက New page အောက်ရှိ Blank page ကိုရွေးပါ။ (2) Blogger Writing Tools မြန်မာစာရိုက်ဖို့အတွက် Ctrl+Shift ဖြင့် ဇော်ဂျီ font သို့ပြောင်းရိုက်နိုင်ပါတယ်။ အင်္ဂလိပ် ဘာသာကို ပြန်ပြောင်းရေးလိုတယ်ဆိုရင် Ctrl+Shift ပြန်နှိပ်နိုင်ပါတယ်။ ပုံရဲ့အပေါ်ပိုင်းမှာတွေ့ရတဲ့ လိမ်မော်ရောင်အမှတ်စဉ်တွေ တပ်ထားတာကတော့ Blogger က support လုပ်ပေးတဲ့ စာရိုက်တဲ့အခါ အသုံးပြုလို့ရတဲ့ writing tools တွေပါဘဲ။ Microsoft word ထဲမှာတွေ့ရတဲ့ tools တွေလိုပါဘဲ။ Microsoft word ကိုအသုံးပြုတတ်တဲ့သူဆိုရင် မခက်ခဲတော့ပါဘူး။ Writing tools တွေရဲ့အောက်ဘက်မှာ အမှတ်စဉ်တပ်ထားတဲ့ စာတွေ၊ ပုံတွေကိုမြင်ရမှာပါ။ အဲဒီအမှတ်စဉ်တစ်ခုချင်းစီဟာ tools တွေရဲ့အမှတ်စဉ်တွေနဲ့ ဆက်စပ်ပါတယ်။ (၁) ကတော့ စာလုံးပုံစံ (Font)ပါ၊ ဘေးနားက မျှားခေါင်းကိုနှိပ်ပြီး ပေးထားတဲ့(၈)မျိုးထဲက နှစ်သက်ရာ စာလုံးပုံစံကို ရွေးချယ်နိုင်ပါတယ်၊ ဥပမာ-ခေါင်းစဉ်ကပုံစံတစ်မျိုး၊ စာပိုဒ်တွေကပုံစံတစ်မျိုး ကြိုက်သလိုထားနိုင်ပါတယ်။ (၂) ကတော့ စာလုံးအရွယ်အစား (Text size)ပါ၊ အသေးဆုံး(smallest) ကနေ အကြီးဆုံး(largest) ဆိုပြီး (၅)မျိုး ရှိပါတယ်၊ သင့်တော်သလိုအသုံးပြုနိုင်ပါတယ်။ (၃)၊(၄)၊(၅) တွေကတော့ ခေါင်းစဉ်တွေနဲ့ဆိုင်ပါတယ်၊ ခေါင်းစဉ်ကြီးလား၊ အခွဲခေါင်းစဉ်လား၊ ခေါင်းစဉ်သေးလား အပေါ်မှာမူတည်ပြီး စာလုံးရဲ့အရွယ်အစားကို ပြောင်းလဲပေးပါလိမ့်မယ်၊ normal ဆိုတာကတော့ စာပိုဒ်တွေရဲ့ စာလုံးအရွယ်အစားနဲ့ တူပါတယ်။ (၆) မှာတွေ့ရတဲ့ ‘B’ – စာလုံးကိုပိုထူစေပြီး၊ ထင်သာမြင်သာရှိစေပါတယ်၊ ‘I ’ – စာလုံးကိုစောင်းစောင်းလေးဖြစ်စေပါတယ်၊ ‘U’ – စာလုံးအောက်မှာမျဉ်းတားလို့ရပါတယ်၊ ‘ABC’ – စာလုံးတွေကို အလယ်ကနေမျဉ်းကြောင်းနဲ့ခြစ်လို့ရပါတယ်။ (၇) ကတော့ စာလုံးတွေကို အရောင်စုံသုံးလို့ရပါတယ်။ (၈) ကလည်း မြင်ရသလိုပါဘဲ စာလုံးတွေရဲ့နောက်ခံကို အရောင်နဲ့ထားဖို့လိုအပ်ရင် အသုံးပြုပါတယ်။ (၉)ကတော့ အခြား web page တစ်ခုကို ချိပ်ဖို့လိုအပ်လာရင် အသုံးပြုပါတယ်။ ဥပမာ – မိမိတို့အကြောင်းအရာစာမျက်နှာပေါ်ရှိ (အခြား web page နှင့်ချိပ်ချင်သော) စာကြောင်း၊ စာလုံးကို select မှတ်လိုက်၍ tools bar ပေါ်ရှိ အမှတ်စဉ်(၉)Link ကိုနှိပ်လိုက်ပါ၊ (3) Linking To Another Web Page သင်ချိပ်လိုသော webpage ရဲ့ Internet Address ကို စာလုံးအမှားအယွင်းမရှိ ရိုက်ထည့်ပါ၊ ပေါ်လာမည့် စာမျက်နှာအား လက်ရှိပွင့်နေသော စာမျက်နှာကိုမဖုံးစေဘဲ သီးသန့် စာမျက်နှာဖြင့်ပေါ်စေလိုက အစိမ်းရောင်အကွက်အား အမှန်ခြစ်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။ (၁၀)ကိုသုံး၍ မိမိတို့ရေးနေသောစာမျက်နှာထဲတွင် ဓါတ်ပုံများထည့်၍ရပါတယ်။ ဓါတ်ပုံထည့်လိုသောနေရာမှာ cursor ကိုနေရာချ(mouse ကို တစ်ချက်နှိပ်ပါ)၍ tools bar ပေါ်ရှိ အမှတ်စဉ်(၁၀) ကိုနှိပ်လိုက်ပါ၊ (4) Uploading Image Into Blog Page သင့်ကွန်ပျူတာထဲမှ ဓါတ်ပုံများကို သင့် blog page/post ထဲသို့တင်ရန်အတွက် upload ကိုနှိပ်ပါ၊ ပြီးရင် choose files ကိုနှိပ်ပါ၊ window အသစ်တစ်ခုပေါ်လာပါမယ်၊ ပြီးရင် သင့်ကွန်ပျူတာထဲရှိ ဓါတ်ပုံများထည့်ထားသော နေရာသို့ ရောက်အောင်သွား၍ နှစ်သက်ရာဓါတ်ပုံ(များ)ကို ရွေးချယ်၍ open ကိုနှိပ်ပါ။ အမှတ်စဉ်(၄)ကဲ့သို့ သင်ရွေးချယ်ခဲ့သော ဓါတ်ပုံများမြင်တွေ့ရလိမ့်မည်။ အမှတ်စဉ်(၄)ထဲရှိ သင်ကြိုက်နှစ်သက်ရာ ဓါတ်ပုံ(များ)ကို select မှတ်၍ Add Selected ခလုပ်ကိုနှိပ်လိုက်ပါက သင့် ဘလော့ဂ်စာမျက်နှာထဲသို ထိုဓါတ်ပုံများရောက်သွားပါလိမ့်မည်။ သင့်ကွန်ပျူတာထဲမှသာမဟုတ်ဘဲ သင်၏ ဘလော့ဂ်၊ picasa web album၊ မိုးဘိုင်းဖုန်း၊ web camera နဲ့ အခြားသော web url ထဲရှိဓါတ်ပုံများကိုလည်း သင့်ဘလော့ဂ်ထဲသို့ upload တင်နိုင်ပါသည်။ ဓါတ်ပုံအမျိုးအစားတွေက JPG,GIF,PNG တို့ဖြစ်ရပါမယ်။ (၁၁)ကတော့ video ဖိုင်တွေကို တင်ဖို့ပါ။ video ပေါ်လိုသောနေရာမှာ cursor ကိုနေရာချ(mouse ကို တစ်ချက်နှိပ်ပါ)၍ tools bar ပေါ်ရှိ အမှတ်စဉ်(၁၁) ကိုနှိပ်လိုက်ပါ၊ (5) Uploading Video Into Blog သင့်ကွန်ပျူတာထဲမှ video ဖိုင်များကို သင့် blog page/post ထဲသို့တင်ရန်အတွက် upload ကိုနှိပ်ပါ၊ ပြီးရင် choose a video to upload ကိုနှိပ်ပါ၊ window အသစ်တစ်ခုပေါ်လာပါမယ်၊ ပြီးရင် သင့်ကွန်ပျူတာထဲရှိ video ဖိုင်များထည့်ထားသော နေရာသို့ ရောက်အောင်သွား၍ နှစ်သက်ရာvideo ဖိုင်ကို ရွေးချယ်၍ open ကိုနှိပ်ပါ၊ ပြီးရင် Upload ခလုပ်ကိုနှိပ်လိုက်ပါက သင့် ဘလော့ဂ်စာမျက်နှာထဲသို့ ထိုvideo ဖိုင်ရောက်သွားပါလိမ့်မည်။ Upload လုပ်နေစဉ် ခေတ္တစောင့်ဆိုင်းပါ။ သင့်ကွန်ပျူတာထဲမှသာမဟုတ်ဘဲ အမှတ်စဉ်(၅)အစိမ်းရောင်ဘောင်အတွင်းရှိသော နေရာများမှ video ဖိုင်များကိုလည်း သင့်ဘလော့ဂ်ထဲသို့ upload တင်နိုင်ပါသည်။ (၁၂) ကတော့ jump break ပါ။ (၁၃) left-aligned ပါ၊ ရေးလိုက်တဲ့စာကြောင်းတွေ၊ စာပိုဒ်တွေကို ဘယ်ဘက်ခြမ်းကိုအညီဖြစ်အောင် ညှိပေးပါတယ်။ (၁၄) right-aligned ပါ၊ ရေးလိုက်တဲ့စာကြောင်းတွေ၊ စာပိုဒ်တွေကို ညာဘက်ခြမ်းကိုအညီဖြစ်အောင် ညှိပေးပါတယ်။ (၁၅) center-aligned ပါ၊ ရေးလိုက်တဲ့စာကြောင်းတွေ၊ စာပိုဒ်တွေကို အလယ်အညီဖြစ်အောင် ညှိပေးပါတယ်။ (၁၆) justify ပါ၊ ရေးလိုက်တဲ့စာကြောင်းတွေ၊ စာပိုဒ်တွေကို ဘယ်ညာနှစ်ဘက်လုံး အညီဖြစ်အောင်ညှိပေးပါတယ်။ (၁၇) ကတော့ စာကြောင်းတွေ၊ စာလုံးတွေကို အမှတ်စဉ်တပ်ရန်အသုံးပြုပါတယ်။ (၁၈) ကတော့ အကြောင်းအရာတွေကို စာပိုဒ်လိုမဟုတ်ဘဲ အချက်အလက်နဲ့ ရေးပြချင်တဲ့အခါသုံးပါတယ်။ (၁၉) စကားပြောတွေထည့်လိုတဲ့အခါသုံးပါတယ်။ (၂၀) အင်္ဂလိပ်ဘာသာစကားအတွက် စာလုံးပေါင်းအမှားအမှန်စစ်လို့ရပါတယ်။ (၂၁) စာရေးမယ့် language ကိုလည်းရွေးနိုင်ပါတယ်။ မြန်မာ language မပါပါ။ (၂၂) ဘယ်ဘက် margin ကနေစရေးတာပါ။(ပုံမှန်ပါ) (၂၃) ကတော့ တချို့သော ညာဘက် margin ကနေ စာကြောင်းစရေးသော (ဥပမာ-တရုတ်စာ) ဘာသာတွေအတွက်ပါ။ (၂၄) ကကျတော့ သင့် post/page ရဲ့ ခေါင်းစဉ်အမည်ရေးရမည့်နေရာပါ။ မြန်မာလိုလည်းပေးလို့ရပါတယ်၊ Ctrl+Shift ဖြင့် ပြောင်းနိုင်ပါတယ်။ စာမရိုက်ခင်ကတည်းကလည်း ခေါင်းစဉ်အမည်ကိုပေးထားလို့ရပါတယ်။ (၂၅) compose ကတော့ ပုံမှန်လိုဘဲ စာရိုက်တဲ့ mode ပါ။ New post/page အနေနဲ့ဝင်လာကတည်းက default အနေနဲ့ ဖြစ်ပြီးသားပါ။ (၂၆) HTML ကတော့ compose mode ထဲမှာသင်ချယ်မှုန်းထားတဲ့ သင့် post/page တွေရဲ့ content တွေကို သင်ပြောင်းလဲထားတဲ့ format တွေအတိုင်း html code တွေကို သင့်အစားအလိုအလျှောက် ထုတ်ပေးပါတယ်။ သင်ကူးပြောင်း၍ကြည့်နိုင်ပါတယ်။ ဒါပေမယ့် စာရေးမယ်ဆိုရင်တော့ compose mode ထဲမှာဘဲပြန်လာရေးရပါမယ်။ (၂၇) Save ကတော့သင်ရိုက်လက်စ စာတွေကိုယာယီသိမ်းထားဖို့ပါ။ သင်စာရိုက်နေစဉ်မှာလည်း စက္ကန့်အနည်းငယ် အတွင်း အလိုအလျှောက် ခဏခဏ သိမ်းပေးထားပါတယ်။ (6) Editing Blog Page/Post Post ဆိုရင်လည်း သင်ရေးထားသမျှ posts တွေမြင်ရပါမယ်၊ Page ဆိုရင်လည်း သင့်ရဲ့ pages တွေမှန်သမျှမြင်ရပါမယ်။ အဲဒီထဲကမှ သင်ပြင်လိုသော၊ ဆက်ရေးလိုသော post သို့ page ၏ Edit ကိုနှိပ်၍ သင့် post သို့ page ၏ compose mode သို့ပြန်ဝင်လာပြီး ဆက်လက်ပြင်ဆင်နိုင်ပါတယ်။ Post နဲ့ page ကွဲပြားချက်က သူတို့ရဲ့ setting ပိုင်းမှာပါ။ Post အတွက်တော့ Labels ၊ Schedule ၊ Permalink ၊ Location နဲ့ Options ဆိုပြီးရှိပါတယ်။ Page မှာကတော့ Options တစ်ခုဘဲရှိတာပါ။ post နဲ့ page ရဲ့ options အချက်အလက်တွေက အတူတူပါဘဲ။ (၂၈) Preview ကတော့ သင်စာရိုက်နေစဉ် သင့်ရဲ့အကြောင်းအရာတွေကို ချယ်မှုန်းထားပုံတွေကို တကယ့် webpage ထဲမှာ ဘယ်လိုပုံစံအနေနဲ့ဖြစ်နေမလဲဆိုတာ ကြိုတင်အစမ်းကြည့်တဲ့သဘောပါ။ (ဥပမာ- အရောင်တွေသုံထားတာ လိုက်ဖက်မှုရှိမရှိ၊ စာလုံးအရွယ်အစားအကြီးအသေးအခြေအနေတွေ အဆင်ပြေမပြေ စသည်တို့ကိုပါ) (၂၉) ကတော့ သင့်ရဲ့ page/post လုံးဝအပြီးသတ်ပြီးစီးသွားပြီ၊ စိတ်ကြိုက်လည်းချယ်မှုန်းလို့ပြီးသွားပြီဆိုရင်တော့ Publish ကိုနှိပ်၍ Blogger ရဲ့ webserver ပေါ်သို့အမှန်တကယ် တင်လိုက်လို့ရပါပြီ။ (၃၀) Close ကိုနှိပ်၍ စာရိုက်ခြင်းမှ ထွက်နိုင်ပါတယ်။ အကယ်၍များ သင်က publish လုပ်ပြီးသား page/post တွေကို ပြန်ပြင်ချင်တယ်၊ ဒါမှမဟုတ် ရေးလက်စမပြီးခင် သိမ်း၍ထွက်ခဲ့ပြီးမှ ပြန်ဆက်ရေးချင်တယ်ဆိုရင် သင့်ဘလော့ဂ် dashboard ထဲသို့ရောက်အောင်ဝင်လာပြီး more options မျှားခေါင်းထဲမှ post/page ရွေးပါ။ (7) Setting Up Blog Post/Page Post setting ထဲမှာပါတဲ့- (က) Labels ဆိုတာကတော့ သင်ရေးထားတဲ့သင့်ရဲ့ post ဟာ ဘယ်လိုအကြောင်းအရာတွေနဲ့လည်း သက်ဆိုင်ပါတယ်ဆိုတာ search engine ကိုသိစေချင်တဲ့အခါ keywords တွေကိုသတ်မှတ်ပေးတာပါ။ (ဥပမာ-သင်ရေးတဲ့အကြောင်းက နှလုံးရောဂါနဲ့လည်းဆိုင်တယ်၊ ကျန်းမာရေးအကြောင်းဆိုလည်းဟုတ်တယ်ဆိုရင် ‘နှလုံးရောဂါ’၊ ‘လူ့ကျန်းမာရေး’၊ ‘သွေးတိုးခြင်း’ စတဲ့ keywords တွေကို labels အဖြစ်သတ်မှတ်ပေးနိုင်ပါတယ်၊ အင်္ဂလိပ်လိုလည်းသတ်မှတ်ပေးနိုင်ပါတယ်။ အင်္ဂလိပ်အက္ခရာ နဲ့ မြန်မာအက္ခရာအကူးအပြောင်းအတွက် ctrl+shift ကိုအမြဲသတိရပါ။) သတ်မှတ်ပြီးရင် Done ကိုနှိပ်၍ နောက်တစ်မျိုးသို့ ဆက်သွားနိုင်ပါတယ်။ (ခ) Schedule ဆိုတာက သင့် post ကို publish လုပ်လိုက်တဲ့အချိန်ကိုမှတ်ပေးတာပါ။ Automatic ဆိုတာက လက်ရှိအချိန်အတိုင်းမှတ်ပေးတာဖြစ်ပြီး၊ အကယ်၍သင်က လက်ရှိအချိန်အတိုင်းမဟုတ်ဘဲ publish လုပ်တဲ့အချိန်ကို သင့်စိတ်ကြိုက်အချိန်တခုခုအဖြစ်သတ်မှတ်ချင်ရင် set date and time ကိုရွေးနိုင်ပါတယ၊် (ပုံမှန်အားဖြင့် Automatic အတိုင်းဘဲထားကြပါတယ်)။ ပြီးရင် Done ကိုနှိပ်လိုက်ပါ။ (ဂ) Permalink ဆိုတာက သင့် post ရဲ့ web/internet address ကိုသတ်မှတ်ပေးတာပါ။ Automatic ဆိုတာကသင့် post title အတိုင်း html ဖိုင်အဖြစ်သင့် blog အတွက် Blogger ကသတ်မှတ်ထားတဲ့နေရာမှာ သိမ်းပေးတာပါ၊ (ပုံမှန်အားဖြင့် Automatic ကိုဘဲရွေးချယ်ကြပါတယ်၊ ဒါမှသင့်ရဲ့ အကြောင်းအရာဖိုင်တွေဟာ တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းရှိနေမှာပါ)။ Custom ဆိုတာက Blogger ကသတ်မှတ်ထားတဲ့နေရာမှာ မသိမ်းလိုဘဲ သင့်ကိုယ်ပိုင် own server နေရာ (သို့) သင်အသုံးပြုခွင့်ရှိတဲ့ web server နေရာမှာသိမ်းထားချင်တဲ့အခါ ရွေးပါတယ်။ (ဃ) Location ကတော့ သင့်ရဲ့လက်ရှိ နေထိုင်နေတဲ့ နိုင်ငံအမည်နဲ့ရှာလိုက်ရင် Googel Map ကအလိုလိုသင့်တည်နေရာကို ရှာဖွေသတ်မှတ်ပေးပါလိမ့်မယ်။ နောက်ဆုံးတစ်ခု Options ကတော့ post နဲ့ page နှစ်မျိုးစလုံးမှာပါပြီး အတူတူဘဲဖြစ်တဲ့အတွက် နှစ်ခုလုံးအတွက် ရည်ရွယ်ပြီးပြောပြပါမယ်။ (င) Reader comments အနေနဲ့က post အတွက်ဆိုရင် Allow ကိုရွေးချယ်ထားသင့်ပြီး၊ page အတွက်ဆိုရင် Don’t allow ကိုရွေးချယ်သင့်ပါတယ်၊ don’t allow မှာဘဲရှိပြီးသား comments တွေကိုတောင် စာဖတ်သူကို မမြင်စေလိုပါက hide existing ကိုရွေးပါ၊ မြင်စေလိုပါက show existing ကိုရွေးပါ။ (စ) compose mode အတွက်ကို show HTML literally ကိုဘဲ ရွေးချယ်ထားပါ။ (ဆ) line break အတွက်ကိုလည်း use tag ကိုဘဲရွေးချယ်ထားပါ။ ကဲ…ခုလောက်ဆိုရင် သင့် blog တစ်ခုကို သင်ကိုယ်တိုင် ဖန်တီးနိုင်သွားပါပြီး။ အကယ်၍များ သင်က သင့်ရဲ့ own blog ကနေပြီး အစုအပေါင်းနဲ့ ဖွဲ့ပြီးရေးလို့ရမယ့် Group/Collaborative Blog အဖြစ်ပြောင်းချင်တယ်ဆိုရင် သင်နဲ့အတူ ရေးကြမယ့် authors တွေကို ဖိတ်ခေါ်ရပါမယ်။ သင်၏ blog ထဲမှာ တခြားသူတွေကိုလည်း စာလာရေးဖို့ဖိတ်ခေါ်နိုင်ပါတယ်။ သင်က blog ကို စဆောက်တဲ့သူဖြစ်တဲ့အတွက် blog owner ဖြစ်သလို blog admin လည်းဖြစ်ပါတယ်။ Invite လုပ်ရန်အတွက် သင့် blog dashboard ကိုရောက်အောင်သွားပါ၊ Dashboard ရဲ့ more options ထဲမှ Setting Menu ကိုရွေးချယ်ပါ။ (1) Inviting New Blog Authors Setting Menu ထဲက Basic sub-menu ဖြစ်ပါတယ်။ ပြီးရင် Permission ထဲက Blog Authors ထဲမှာရှိတဲ့ ခရမ်းရောင်အကွက်ထဲက ‘+Add Authors’ ကို နှိပ်ပြီး သင် invite လုပ်လိုသော သူများ၏ email များကို ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင်တော့ လိမ်မော်ရောင် ‘Invite Authors’ ကိုနှိပ်ရပါမယ်။ Setting -> Basic ထဲမှာ blog title, blog description တွေ blog address စတာတွေကိုလည်း ပြန်ပြင်လို့ရပါတယ်။ အပြာရောင်ဘောင်ကွက်တွေထဲက ‘Edit’ တွေကိုမှတဆင့် ၀င်ပြင်နိုင်ပါတယ်။ ဒါကတော့ Blogger မှ Blog တစ်ခု ပြုလုပ်နည်းဖြစ်ပါတယ်။ ပုံကတော့တစ်ခုတည်းပါဝင်တဲ့အတွက် နားလည်ဖို့အခက်အခဲရှိနိုင်တာမို့ ပုံပြည့်ပြည့်စုံစုံပါဝင်တဲ့အောက်က PDF Version ကို Download သို့ View လုပ်ကာကြည့်ရှုနိုင်ပါတယ်။
Posted on: Sun, 07 Jul 2013 08:23:25 +0000

Trending Topics



Recently Viewed Topics




© 2015