Extra Cab ကားများ ဆိပ်ကမ်း၌ - TopicsExpress



          

Extra Cab ကားများ ဆိပ်ကမ်း၌ နှစ်လကျော် သောင်တင်နေ One Stop Service အဖွဲ့မှ သတ်မှတ်ပေးထားသော ယာဉ်များကို မြန်မာနိုင်ငံအတွင်းသို့ အမြောက်အများ တင်သွင်းလျက်ရှိရာ အဆိုပါ OSS အဖွဲ့မှ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မော်ဒယ်လ် လုပ်ငန်းသုံး မော်တော်ယာဉ် တစ်မျိုးဖြစ်သော Extra Cab အမျိုးအစားများ မြန်မာနိုင်ငံဆိပ်ကမ်းသို့ ဆိုက်ကပ် ပြီးမှ အဆိုပါ Extra Cab ကားများ အား Double Cab ခေါင်းစဉ်အောက် တွင် ထည့်သွင်းသတ်မှတ်ထားသည် ဟုဆိုကာ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးဦးစီးဌာနမှ တားဆီး ထား၍ အဆိုပါကားများအား ဆိပ် ကမ်းမှ မထုတ်ရသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရ သည်။ က.ည.န ပါဝင်သော One Stop Service အဖွဲ့မှ တရားဝင် သတ်မှတ်ထားသော မော်ဒယ်လ်အ လိုက် မော်တော်ယာဉ်များအား ၎င်းင်း မော်ဒယ်လ်အတွက် သတ်မှတ်ထားသော ဈေးနှုန်း၊ တင်သွင်း ရမည့် နိုင်ငံနှင့် တင် သွင်းရမည့် အမျိုးအစား များအတိုင်း ကွဲလွဲမှု မရှိဘဲ တင်သွင်းလာ ခဲ့ရာ မြန်မာပြည်တွင်းသို့ ရောက်ရှိလာသည့် အ ချိန်တွင် အဆိုပါကား များအား Extra Cab မဟုတ်ဟု ဆိုကာ တား ဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကားများကို ထိုင်းနိုင်ငံ ဘက်မှ တင်သွင်းလာခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။ ဆိပ်ကမ်း၌ သောင်တင်နေသော Extra Cab မော် ဒယ်လ်ကားအမျိုးအစားနှင့် ပတ် သက်၍စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးမှ သွင်းလာသော ကားများ သည် Extra Cab အမျိုးအစားများ ဖြစ်သောကြောင့် ၎င်းင်းတို့ခွင့်ပြုပေးနိုင် သော်လည်း One Stop Service အ ဖွဲ့မှာ ဌာနသုံးခုပူးပေါင်းလုပ်ဆောင်ရ တာဖြစ်သည့်အတွက် ဌာနဆိုင်ရာ အရာတစ်ခုဖြစ်သော ကုန်းလမ်းပို့ ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ကန့်ကွက်သည့်အတွက် မည်သို့မျှ မတက်နိုင်ကြောင်းသိရှိရသည်။ ဤကဲ့သို့ တရားဝင်တင်သွင်း ခွင့် ပေးထားသည့် Extra Cab ကား များကို Double Cab ဟုဆိုကာ က. ည.န မှ ပြန်လည်တားဆီးထားသည့် အတွက် ကားတင်သွင်းသူများသည် ကားများကို ဆိပ်ကမ်းမှထုတ် မရဘဲ ဆိပ်ကမ်း၌သောင်တင်နေကြောင်း သိရှိရသည်။ Auto World Journal
Posted on: Mon, 15 Jul 2013 04:40:04 +0000

Trending Topics



div>
Prediksi Togel HK TOTO KAMIS 08 AGUSTUS 2013 KeciL GenaP Angka
SỐ LƯỢT NGƯỜI GHÉ THAM TƯỜNG FACEBOOK CỦA BẠN T
Lone Star Racing A-Arm Kit - Powder-Coated +2, +1 17-111823
★ ১ টা লাইক দিন । ★৬টা Comment

Recently Viewed Topics




© 2015