Multi-level Marketing - TopicsExpress



          

Multi-level Marketing ကွန်ယက်စီးပွားရေး နဲ့ Pyramid Matching&Selling မှော်ရုံတောစီးပွားရေး ကွန်ယက်စီးပွားရေးလုပ်ငန်းဆိုတာ ...DSA ( Direct Selling Association ) ကွန်ရက် စီးပွားရေး စစ်စစ်ဆိုတာ ကုသိုလ် ပညာ ဥစ္စာ သုံးမျိုးလုံး ရနိုင်ပါတယ် သုံးမျိုးလုံး ရမှလည်း ကွန်ရက် စီးပွားရေး = လူပေါင်းများစွာ ရဲ့ ဘဝ ကို မြင့်တင်ပေးတဲ့ လုပ်ငန်း၊ စိတ်ဓါတ်ခွန်အားတွေ ရရှိစေတဲ့ ၊ ကျောင်းပညာရေးထက် ပိုအသုံးဝင်တဲ့ ဘဝ ပညာရေးတွေကို သင်ကြားပေးနေတဲ့ လုပ်ငန်း၊ လူပေါင်းများစွာကို စီးပွားရေးလွှတ်မြောက်မှု ရအောင် အထောက်အကူ ပေးနိုင်တဲ့ လုပ်ငန်း၊ ကြိုးစားသူတိုင်း အောင်မြင်မှု ကို မလွှဲမသွေ ရရှိစေတဲ့ လုပ်ငန်း၊ မိမိ ပတ်ဝန်းကျင်က လူသားတိုင်းကို ကူညီရင်း မိမိကိုယ်ကိုလဲ ကူညီပြီးသားဖြစ်စေတဲ့ လုပ်ငန်း ၊ နှစ်ဦး နှစ်ဘက် အကျိုးရလဒ်အရှိဆုံး လုပ်ငန်း ၊ အရင်း အနှီး နည်းနည်း နဲ့ အကျိုးအမြတ်များများကို အချိန်တို အတွင်း ရရှိစေတဲ့ တန်ဖိုး ရှိတဲ့ လုပ်ငန်း တစ်ခု ပါ ..။ အရင်းအနှီး နည်းပါးပြီး စီးပွားရေး ပညာ မတတ်သူတွေတောင်... တကယ် စိတ်အားထက်သန်မှူ ရှိရင် ဘဝတစ်ခုလုံး ပြောင်းလဲသွားနိုင်လောက်တဲ့ အောင်မြင်မှူတွေ ရနိုင်တဲ့ လုပ်ငန်းပါ.... ( အချိန်နေရာ မရွေး လုပ်လို့ရတာ ဒီလုပ်ငန်းရဲ့ အားသာချက် တစ်ခုပါ ) ကွန်ယက်စီးပွားရေးနဲ့ပတ်သက်ပြီး ထောက်ခံ ပြောဆိုနေသူတွေထဲမှာ သန်းကြွယ်သူဌေးတွေ၊ အောင်မြင်သူ စီးပွားရေး လုပ်ငန်းရှင်တွေ ၊ စာပေ နဲ့ ဟောပြောရေး ပညာရှင်တွေ ပါဝင်ပါတယ်။ ( Robert T.Kiyosaki , Donald Trump , Jack Canfield , David Gogh , etc... ) အခုဆိုရင် မြန်မာနိုင်ငံမှာ ကွန်ရက်စီးပွားရေးစနစ် ကျင့်သုံးတယ်လို့ နာမည်ခံပြီး လုပ်ကိုင်လာတဲ့ Company တွေ များလာပါပြီ.... ( နောင်လည်း ဒီထက် ပိုများလာ ဦးမှာပါ... ) ဒါပေမဲ့ တကယ် ကွန်ရက်စီးပွားရေးစနစ် အစစ်အမှန် ရဲ့ အနှစ်သာရတွေကနေ ဖယ်ခွာပြီးတော့ Pyramid Structure means Pyramid Matching or Pyramid Selling or Pyramid Scheme လို့ခေါ်တဲ့ ငွေကြေး လိမ်လည်မှူ လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိခဲ့ ရှိနေပါသေးတယ်... ဒီလို အတုအယောင် အဖွဲ့အစည်းတွေရဲ့ သားကောင် မဖြစ်ရစေဖို့နဲ့ မှန်ကန်ခိုင်မာတဲ့ ကွန်ရက် Company ကိုရွေးချယ်နိုင်ဖို့ ကျွန်တော် လေ့လာခဲ့ရတဲ့ MLM Rules ကို ဝေမျှပေးချင်တာပါ... ဒီ MLM Rules မှာပါဝင်တဲ့ အချက်အလက် တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှသာ စွန့်စားရမှူ နည်းပါးပြီးတော့ ရေရှည်အတွက် အကျိုးအမြတ်ကောင်းတွေ ရရှိနိုင်ပါလိမ့်မယ်.... MLM Rules မှာ အဓိက အားဖြင့် အပိုင်းသုံးပိုင်းပါဝင်ပါတယ်.... (1) Corporation Inc or Company (2) Quality Products & Service (3) Marketing/Procurement Compensation Plan (Business Plan ) တို့ ဖြစ်ပါတယ်... (1) Company နဲ့ပတ်သတ်ပြီး စဉ်းစားသင့်တာတွေကတော့..... 1.1 Company ဟာ ငါးနှစ်အထက် သက်တမ်းရှိပါရဲ့လား....? Company တစ်ခုဟာ သုံးနှစ်ကနေ ငါးနှစ်တာ ကာလမှာ သူ့ရဲ့ စနစ်တစ်ခုကို ပြူပြင် မွန်းမံရင်းနဲ့ အကောင်းဆုံး ပုံစံရအောင် တည်ဆောက်နေဆဲ မှို့လိုပါ.... ဒီကာလ အတွင်းမှာ မရင့်ကျက် သေးခင် အချိန်မရွေး လဲပြိုသွားနိုင်တဲ့ RISK မြင့်မားပါတယ်... ( ဒီ RISK ကို ကိုယ်က ယူရဲတယ် ယူနိုင်တယ် ဆိုရင်တော့ ကိုယ့်သဘောပါ ) 1.2 Internation Link နိုင်ငံတစ်ကာနဲ့ ချိတ်ဆက်မှူ အမှန်တကယ် ရှိပါရဲ့လား. နိုင်ငံတစ်ကာမှာ ဈေးကွက်ဖြန့်နိုင်လောက်အောင် စနစ်က ခိုင်မာပါရဲ့လား ထုတ်ကုန်က အရည်အသွေး မြင့်ပါရဲ့လား အကျိုးခံစားခွင့်က ဘက်ပေါင်းစုံ ( ထုတ်လုပ်သူ ၊ ဖြန့်ချီသူ နဲ့ စားသုံးသူတို့အတွက် ) မျှတပါရဲ့လား ? 1.3 ကမ္ဘာ နဲ့ မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှားပြနိုင်တဲ့ အောင်မြင်မှုတွေ ရှိနေပြီလား? -ရှေ့မှာ ဒီ Company မှာပဲ အောင်မြင်ခဲ့ဖူးတဲ့ သာဓကတွေ ရှိဖို့လိုပါတယ်... ဒါမှ ဒီ Company ရဲ့ စနစ်ဟာ မှန်ကန် ခိုင်မှာကြောင်း .... ထုတ်ကုန်ဟာလည်း အများလက်ခံနိုင်ကြောင်း ချိန်ထိုးကြည့်နိုင်မှာပါ... တကယ် ခိုင်မာတဲ့ Company ကြီးတွေရဲ့ အောင်မြင်မှုတွေကို Internet မှာ အလွယ်တကူ ရှာလို့ ရနိုင်မှာပါ.... 1.4 ကိုယ်ပိုင် စက်ရုံ ရှိရဲ့လား ? ကိုယ်ပိုင် စက်ရုံရှိမှ အရည်အသွေး ထိန်းချုပ်မှူ ( Quality Control ) လုပ်လို့ ရမှာပါ... အရင်းအနှီး မြင့်မားခြင်း ခိုင်မာခြင်းရဲ့ သက်သေလည်း ဖြစ်ပါတယ်... 1.5 Research & Technology Development Centers တွေ ရှိလား...? Innovation လုပ်နိုင်လား...? -အမှန်တကယ် အရည်အသွေးမြင့်တဲ့ ထူးခြားတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ ရိုးမသွားပဲ အသစ်အသစ်တွေ ဆန်းသစ်တီထွင်နေနိုင်ဖို့ Research & Development Centers တွေ မရှိမဖြစ် လိုပါတယ်... 1.6 အများပိုင် Company လား ? -တစ်ဦးတည်းပိုင် Company ထက်စာရင် အများပိုင် လုပ်ထားနိုင်တဲ့ Company တွေက ပိုပြီး စိတ်ချရပါတယ်...Company တစ်ခု အများပိုင် လုပ်ဖို့ ဆိုတာ အထပ်ထပ် စစ်ဆေးမှူတွေနဲ့ မြင်သာထင်သာ ရှိမှူတွေကို လက်ခံနိုင်မှ ဖြစ်နိုင်တာ မှို့လိုပါ.... 1.7 DSA ( Direct Selling Association ) Member ဝင် ဖြစ်ရဲ့လား ? -DSA ဆိုတာ MLM စနစ်ကို အရေခွံခြုံထားတဲ့ Pyramid Selling/Scheme Compay တွေနဲ့ MLM Company စစ်စစ် တွေကို ခွဲခြားနိုင်ဖို့ ... ခိုင်မှာ မျှတတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းတစ်ခုပါ... Pyramid မှော်ရုံတောမှာ မျက်စိလည် လမ်းမမှားဖို့ DSA က သတင်း ထုတ်ပြန် ကာကွယ်ပေးထားပါတယ်... အလွန်ပိရိ သေသပ်လှတဲ့ Pyramid Scheme တွေကို ရှောင်ရှားနိုင်ဖို့ ကိုယ် လေ့လာလုပ်ကိုင်မဲ့ Company ဟာ DSA Member ဝင် ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်... ကျွန်တော်တို့ကတော့ American နိုင်ငံရဲ့ DSA ကို အဓိက အားပြူစစ်ဆေးပါတယ်... DSA Members list directselling411/forms/CompanyFormPublicMembers/search?action=find DSA Code of Ethics dsa.org/ethics/understanding-code/ ( Pyramid schemes are illegal and companies operating pyramids are not permitted to be members of the DSA. ) ( The Code of Ethics has been developed over many years to protect distributors and consumers from unfair and deceptive business practices. ) ( There is an important and mutually beneficial relationship that exists between a company and its sellers. Direct sellers are a volunteer salesforce in that they set their own hours and work habits. At the same time, the company provides sellers with the opportunity to build their own business without the tremendous start up costs involved in a traditional business. ) 1.8 Best Education ရှိရဲ့လား ? - Company ရဲ့ သင်ကြားရေး အစီအစဉ်တွေဟာ သင့်ကို ဈေးရောင်းတတ်ရုံသာ သင်ပေး နိုင်မယ် ဆိုရင်တော့ အကြံပေးချင်တာက အဲဒီ Company မှာမလုပ် ပါနဲ့.... Robert T.Kiyosaki ( American Millionaire & Best Seller ) ပြောတာကို အမြဲသတိရပါ... ကွန်ရက်စီးပွါးရေးမှာ အဆင့်မြင့် အရည်အသွေးမြင့် ထုတ်ကုန်တွေ ရနိုင်တယ်... ဒါပေမဲ့ ဒီအချက်ကြောင့် ကျွန်တော် ထောက်ခံတာ မဟုတ်ပါ.... ကွန်ရက်စီးပွါးရေးမှာ မြင့်မားတဲ့ ဝင်ငွေ & ဝင်ငွေ စီးကြောင်းကို ရနိုင်တယ်... ဒါပေမယ် ဒီအချက်ကြောင့် လည်း ကျွန်တော် ထောက်ခံတာ မဟုတ်ပါ.... ဘဝပြောင်းနိုင်တဲ့ ပညာရေး ရှိလို့.... ကွန်ရက်စီးပွါးရေးကို ကျွန်တော် ထောတ်ခံတာပါ... ကွန်ရက် စီးပွားရေး သမား စစ်စစ်ဆိုတာ ကုသိုလ် ပညာ ဥစ္စာ သုံးမျိုးလုံး ရနိုင်ပါတယ် သုံးမျိုးလုံး ရမှလည်း ကွန်ရက် စီးပွားရေး လုပ်ရတာ တန်ပါတယ်.... 1.9 အမွေ ဆက်ခံနိုင်လား ? ရာထူး လျှောကျခြင်းမျိုးရှိလား ? -ကွန်ရက် စီးပွားရေး ရဲ့ အားသာချက်က သင့်မျိုးဆက်ကို သင့် ဝင်ငွေ စီးကြောင်း နဲ့ သင့် ကွန်ရက် အဖွဲ့အစည်းကို အမွေပေးခဲ့လို့ ရတာပါပဲ.... ဒါပေမဲ့ တစ်ချို့ Company တွေက Demotion လို့ ခေါ်တဲ့ သက်မှတ် ရာထားချက် ( ဖြန့်ချီမှူ ) မပြည့်မှီရင် ရာထူး ချခြင်းမျိုး ရှိတဲ့ အတွက် လက်တွေ့မှာ ဘာမှ မရနိုင်တာမျိုး ဖြစ်သွားတတ်ပါတယ်... တကယ်တော့ ကွန်ရက် စီးပွားရေး ကို ရွေးချယ် လုပ်ကိုင်ရခြင်း အကြောင်းရင်းတွေ ထဲမှာ မိမိ မလုပ်ကိုင် နိုင်တော့ ချိန်များမှာ တောင် မိ မိ အပင်ပန်း ခံ လုပ်ကိုင် ခဲ့တဲ့ အသီးအပွင့် တွေကို ခံစားနိုင်ဖို့ ဖြစ်ပါတယ်... အပင် စိုက်သလိုပေါ့ ... အပင် ငယ်ချိန်မှာ ကိုယ်က ပြူစု စောင့်ရှောက်ရပေမဲ့ အပင်ကြီးလာတော့ အပင်က ကိုယ့်ကို အရိပ်မိုးပေးနိုင်ပြီလေ... ( Residual Income လို့ ပညာရှင်တွေ ခေါ်ကြပါတယ် ... ) 1.10 Company ရဲ့ အုပ်ချုပ်သူ တည်ထောင်သူတွေက ဘယ်သူတွေလဲ ? -ကိုယ်စီးမျော လိုက်ပါမဲ့ စီးပွါးရေး ယာဉ်ကြီးကို ဘယ်လို လူတွေ မောင်းနှင်မှာလဲ သိဖို့ လိုပါတယ် နိုင်ငံတကာမှာ ဝင်ရောက် ထိုးဖောက်နိုင်တဲ့ အရည်အချင်း သိက္ခာာရှိတဲ့ လူမျိုး ဖြစ်ရဲ့လား ? (2) Products နဲ့ပတ်သတ်ပြီး စဉ်းစားသင့်တာတွေကတော့..... 2.1 Products line - ထုတ်ကုန်ရဲ့ ဈေးကွက် ကျယ်ပြန့်နိုင်ရဲ့လား ...? လူ အတော် များများ အတွက် လိုအပ်တာလား ... လူ နည်းစု အတွက် ပဲလား... အသက်အရွယ် ကျားမ အများစု အတွက် သင့်တော်တဲ့ ထုတ်ကုန် ဖြစ်ရဲ့လား... ? ( ဥပမာ အလှကုန် ဆိုရင် မိန်းကလေး အများစုနဲ့ လူငယ် လူလတ်ပိုင်းတွေလောက်ပဲ ဈေးကွက်ရှိပါလိမ့်မယ်... ) 2.2 Chemical လား ? Side Effect တွေ ရှိနိုင်လား ? -မစစ်မှန်တဲ့ အရည်အသွေး နိမ့်တဲ့ ထုတ်ကုန်တွေကို မျှဝေ ဖြန့်ဝေမိရင် ကိုယ့် သိက္ခာ ကို ကိုယ် ကိုယ်တိုင် ချရောင်းမိသလို ဖြစ်သွားမှာပါ... Side Effects တွေ ပြင်းထန်လို့ နောက် ဆက်တွဲ ပြသနာ တွေ ဖြစ်လာခဲ့ရင် ကိုယ့် မိတ်ဆွေတွေကို ကိုယ် မျက်နှာ ပြနိုင်တော့မှာ မဟုတ်ပါဘူး.... ထုတ်ကုန် အကြောင်းကို ကိုယ် ကိုယ်တိုင် သေချာ သိအောင် လေ့လာပြီးမှ မျှဝေပါ... အဖက်ဖက်မှ မိမိ တတ်နိုင်သလောက် Information များ ရအောင် ယူပါ... အကောင်းဆုံးကတော့ ကိုယ် ကိုယ်တိုင် အရင် သုံးကြည့်ပါ... လူ တိုင်း အတွက် တည့်ပြီး.... ၉၆ ပါး ရောဂါ လုံး ပျောက်တယ်ဆိုတာမျိုး အပေါ်ရံ လေ့လာပြီး ရောချ ပြောဆိုတာမျိုး မလုပ်ပါနဲ့... ကိုယ့်ကို လုပ်လာရင်လည်း လက်မခံပါနဲ့.... ကိုယ့်ကို မိတ်ဆက်ပေးတဲ့ လူက သေချာ မပြောပြနိုင်ဘူးဆိုရင် ပြောပြနိုင်မဲ့ လူတစ်ယောက် ယောက်ကို ညွှန်ပြခိုင်းပါ.... သင့် အဖွဲ့ အစည်းက သင်သာ တကယ် သင်ယူ သင်ကြားလိုစိတ် မြင့်မားသူဆိုရင် ဝမ်းမြောက် ဝမ်းသာ ကူညီကြမှာပါ... 2.3 နိုင်ငံတကာက FDA ( Food & Drug Assocition ) လက်မှတ်တွေ ရထားရဲ့လား ? လူမျိုးစုတွေ အတွက် ထောက်ခံချက် လက်မှတ်တွေ ရှိရဲ့လား...? တစ်ခြား အရည် အသွေး စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေရဲ့ထောက်ခံမှူတွေ ရထားရဲ့လား...? ကိုယ့်ထက် သိတဲ့ တတ်တဲ့ အဖွဲ့ အစည်းတွေရဲ့ ထောက်ခံမှူတွေရထားတော့ ပိုပြီး စိတ်ချရတာပေါ့... 2.4 တစ်ချို့ ကျန်းမာရေး ထုတ်ကုန်တွေမှာ Detoxification လို့ခေါ်တဲ့ တန်ပြန်အဆိပ်ကြွတဲ့ ဖြစ်စဉ်မျိုး ရှိနေလား...? - တစ်ဦးနဲ့ တစ်ဦး ခံနိုင်ရည် ခြင်း မတူကြတာမှို့ .... Detoxification လို့ခေါ်တဲ့ တန်ပြန်အဆိပ်ကြွတဲ့ ဖြစ်စဉ်ကာလကို မကျော်လွှားနိုင်လို့ မထင်မှတ်ပဲ အသက် အန္တရာယ် စိုးရိမ်ရတာတွေ တစ်ချို့ ဆုံးရှုံးသွားရတာတွေ ရှိနိုင်လို့ .... ကိုယ် လုပ်ကိုင်မဲ့ Company ရဲ့ ထုတ်ကုန်တွေမှာ ဒါမျိုးကို မပါဝင်အောင် အဆင့်မြင့် နည်းပညာ သုံးထားတာမျိုးမှသာ ကိုယ့် အတွက်ရော ကိုယ့် မိတ်ဆွေ စားသုံးသူတွေ အတွက်ပါ စိတ်အေးရမှာ ဖြစ်ပါတယ်... (3) Marketing/Compensation Plan နဲ့ပတ်သတ်ပြီး စဉ်းစားသင့်တာတွေကတော့..... 3.1 Win-Win-Win ဖြစ်ရဲ့လား ? -အကျိုးခံစားခွင့်က ဘက်ပေါင်းစုံ ( ထုတ်လုပ်သူ ၊ ဖြန့်ချီသူ နဲ့ စားသုံးသူတို့အတွက် ) မျှတပါရဲ့လား ? စားသုံးသူတို့အတွက် မလိုအပ်ပဲ အလွန်အမင်း ဈေးကြီးမြင့်နေတာမျိုးလား...? 3.2 ဘာမှ မလုပ်ပဲ ထိုင်စားနေရတဲ့ Plan မျိုးလား ? အောက်လူ လုပ်သူ လုပ်သမျှ အပေါ်က ထိုင်စားနေနိုင်တဲ့ Plan မျိုးလား ? -တစ်ချို့ Company တွေ , လူတွေ က ဘာမှ လုပ်စရာ မလိုဘူး ... Member ဝင်ပြီး ငွေရင်း ထည့်ထား ရုံပဲ ... အချိန်တန်တော့ အကျိုးခံစားခွင့်တွေရမယ် .... အချိန်တို အတွင်းမှာ ချမ်းသာမယ် ဆိုပြီး မှားရွင်းစွာ ကျင့်ဝတ် ဖောက်ဖျက်ပြီး ဆွယ်တရား ဟောတာမျိုး လုပ်နေဆဲပါ.... ဘာမှ မလုပ်ပဲ ထိုင်စားနေရတဲ့ Plan မျိုးဆိုရင် လူတိုင်း ဘာမှ မလုပ်ပဲ နေကြတော့မှာပေါ့... ဒါဆို ဘယ်က ဝင်ငွေတွေရမှာလဲ ? 3.3 ထုတ်ကုန် ပစ္စည်းစီးဆင်း ဖြန့်ဖြူးခြင်း မရှိပဲ အသင်းဝင် သစ် စုဆောင်းခြင်းကသာ ဝင်ငွေတွေ ရနေတာလား ? -သတိထားပါ ... အဲဒါ Pyramid Selling တွေ Money Game တွေပါ... 3.4- DSA က ထောက်ခံထားရဲ့လား ? -တစ်ချို့ Pyramid Selling/Scheme Company တွေက အရေခြုံတာ ကောင်းလွန်းပါတယ်... တော်ရုံလူတွေ မျက်စိလည်သွားလောက်အောင် Compensation Plan နဲ့ မျက်လှည့် ပြတတ်ကြပါတယ်... တစ်ချို့က ထုတ်ကုန် နဲ့ ဝန်ဆောင်မှူတွေကို အပေါ်ရံ အပြသဘောထည့်ပြီး ဟန်ဆောင် ကောင်းကြပါသေးတယ်.... ကျွန်တော်တို့ ကတော့ DSA Recommended Company မဟုတ်ရင် မလုပ်ရဲပါဘူး... ကိုယ့်ထက် သိတဲ့ တတ်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းကိုပဲ အားယူ ဆန်းစစ်ရမယ်လို့ ခံယူထားပါတယ်... 3.5 ရေရှည် အတွက် အကျိုးရှိရဲ့လား ? -ကွန်ရက်စီးပွားရေးဟာ ရေရှည် အကျိုးအမြတ် မြင့်မားဖို့ ခိုင်မာဖို့အတွက် လုပ်ကိုင်သင့်တာ ဖြစ်ပါတယ်... ရေတိုသာ ကြည့်လိုရင်တော့ အလွယ်တကူ ဈေးရောင်းတာမျိုးနဲ့ပဲ သင့်တော်ပါတယ်... ဒီလို စိတ်ဓာတ်မျိုးနဲ့ ကွန်ရက်စီးပွားရေး လုပ်စရာ မလိုပါဘူး... MLM Rules 5 Aces of Success မှာ အဓိက အားဖြင့် (1) Corporation Inc or Company (2) Quality Products & Service (3) Marketing/Procurement Compensation Plan (Business Plan) David Gogh ရဲ့ 5 Aces of Success ထဲက နောက်ထပ် နှစ်ချက်ကို ထပ်မံ အားဖြည့် တင်ပြပေးပါ့မယ်... 4. Management နဲ့ 5. Training တို့ ဖြစ်ပါတယ်... 4. Managent နဲ့ပတ်သတ်ပြီး စဉ်းစားသင့်တာတွေကတော့..... 4.1-Admin နဲ့ Network ကွဲပြားရဲ့လား .... ခွဲခြားထားရဲ့လား...? တစ်ချို့ Company တွေမှာ ဒါတွေ မခွဲခြားထားလို့ ...ကွန်ရက်ပိုင်း ထုတ်ကုန် စီးဆင်းမှု အပိုင်းမှာ အရှုပ်အရှင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ....Company ပြိုလဲသည်အထိ လိမ်လည် အမြတ် ထုတ်သွားသူတွေ ပေါ်ခဲ့ကြတာပါ.... ( ကမ္ဘာ မှာ မှန်မှန် ကန်ကန် နဲ့ အထင်အရှား ရပ်တည်နေနိုင်တဲ့ Company ကြီးတစ်ချို့ မြန်မာမြေပေါ်မှာ ဒီလို အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာမျိုးတွေ ရှိပါတယ်...) 4.2-ပင်ရင်း Company ကြီးက ထောက်ခံမှူ အားပေးမှူ ကို တရားဝင် ရထားရဲ့လား? -ပင်ရင်း Company ကြီးက ထောက်ခံမှူ အားပေးမှူ ကို သေချာ ရထားမှ ဒီ Company ကြီးရဲ့ မှန်ကန် ခိုင်မာတဲ့ စနစ်တွေကို ပြန်လည် အသုံးချပြီး ရေရှည် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်.... မဟုတ်ရင်တော့ သွင်းလာတဲ့ ကိုယ်စားလှယ် တစ်စု ထင်ရာစိုင်းကြတဲ့ အထဲမှာ ကံမကောင်းရင် ကိုယ်ပါ ညပ်ပါသွားပါလိမ့်မယ်.... ( မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြိုလဲဆုံးရှုံးမှူ အများစုဟာ အထက်ပါ အချက် ၂ ချက် ကြောင့် ဖြစ်နေတတ်ပါတယ် ... ) 5. Training နဲ့ပတ်သတ်ပြီး စဉ်းစားသင့်တာတွေကတော့..... -ဈေးရောင်း ရုံ သက်သက် သင်ပေးတာမျိုးမဟုတ်ပဲ -စီးပွားရေး ပညာ -လူမှူ ဆက်ဆံရေး ပညာ -ခေါင်းဆောင်မှု ပညာ -ဈေးကွက်ဖော်ဆောင်ရေး ပညာ -စီမံခန့်ခွဲမှု နှင့် -ငွေကြေး ရင်းနှီးမြုပ်နှံမှု ဆိုင်ရာပညာ တွေကို သင်ပေးနိုင်တဲ့ Compay မျိုးလား ဆိုတာ လေ့လာ ပြီးမှ ရွေးချယ်လုပ်ကိုင်သင့်ပါတယ်... ကွန်ယက်စီးပွားရေးလုပ်ငန်းဆိုတာ ... အများထင်သလို အထုပ်ဆွဲပြီး ဈေးလိုက်ရောင်းနေရတဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး... လူတွေကို ငွေရင်းရရုံ သက်သက် အသုံးချဖို့ လိုက်ဆွယ်နေရတဲ့ လုပ်ငန်းမျိုးလည်းမဟုတ်ပါဘူး... ကွန်ယက်စီးပွားရေးလုပ်ငန်းဆိုတာ ... - အောင်မြင်တိုးတက်ချမ်းသာချင်သူတွေအတွက်၊ ဘဝမှာ ပြောင်းလဲချင်သူတွေအတွက်၊ - စီးပွားရေး ပညာ ၊ ခေါင်းဆောင်မှု ပညာ၊ ဈေးကွက်ဖော်ဆောင်ရေး ပညာ၊ စီမံခန့်ခွဲမှု နှင့် ငွေကြေး ရင်းနှီးမြုပ်နှံမှု ဆိုင်ရာပညာ တွေကို သင်ယူ သင်ကြား လိုသူတွေ အတွက်၊ - လူ လူ ချင်း ကူညီရိုင်းပင်းချင်ပြီး ပရဟိတ စိတ်ဓါတ် ရှိသူတွေ အတွက် .... တန်ဖိုး ရှိတဲ့ လုပ်ငန်း တစ်ခု ပါ ..။ MLM စစ်စစ်တွေ အကြောင်းသိချင်ရင်တော့ မြန်မာနိုင်ငံမှာ.... တက္ကသိုလ် မင်းသူ ဘာသာပြန်တဲ့...... Peter Clothiers Multi-Level_Marketing ( 1 & 2 ) သန်းမြင့် ( စွန့်ဦးတီထွင် ) ရဲ့ .....ကွန်ရက်ဖြန့်စီးပွါးရေး ညီညီနိုင် ရဲ့ ......ချမ်း သာစေချင်လွန်းလို့ပါ ( Robert & Donald Trumps Why we want u to be Rich) ညီညီနိုင် ရဲ့ .....စီးပွါးရေးပညာသင်ကျောင်း (Roberts Business School for people who like helping people ) ညီညီနိုင် နဲ့ သက်ပိုင်ထွန်း ရဲ့ ......21 ရာစု စီးပွါးရေး (Roberts The business of 21st century) စံဝင်းထွန်းရဲ့ ... MLM , မြန်နှုန်းမြင့် စီးပွားရေး ပုံစံသစ် စံဝင်းထွန်းရဲ့ ... MLM Success Stories ( MLM လောကမှ အောင်မြင်သူတို့၏ ဇာတ်လမ်းများ ) စံဝင်းထွန်းရဲ့ ... 21 ရာစု စီးပွါးရေး ကျော်သူ( Management Consultant) ရဲ့ .....zero to Hero ( သုံညမှ ဘုံဘဝသို့ ) စတဲ့ စာအုပ်တွေ ထွက်ရှိခဲ့ပြီးပါပြီ.... ဖတ်ရှုလေ့လာ သုံးသပ်ပြီး အခွင့်အလမ်းကောင်းများကို ဖမ်းဆုပ်ရယူနိုင်ကြပါစေလို့ လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။ ( မိမိ ကိုယ်တိုင်သော် လည်းကောင်း မိမိ မိတ်ဆွေများသော် လည်းကောင်း ဆုံးရှုံး နစ်နာရမှုများမှ ရှောင်ကျဉ်နိုင်ရန် ဆက်လက်မျှဝေလို က မျှဝေပေးနိုင်ပါသည် ) 09 43141526 intelligencelegalfirm@gmail intelligencelegalshield.blogspot/
Posted on: Fri, 31 Jan 2014 16:49:11 +0000

Trending Topics



Recently Viewed Topics




© 2015