Online Store စတင်တည်ထောင်ခြင်း - TopicsExpress



          

Online Store စတင်တည်ထောင်ခြင်း (knowledge sharing) ဘာပဲဖြစ်ဖြစ် Beginner အဆင့်က စတာပဲကောင်းပါတယ်။ E-Business နဲ့ ပက်သက်လို့ အခန်းဆက်အနေနဲ့ ဖော်ပြမှာပါ။ on.fb.me/11Qn02R ယင်းကတော့ ပထမဆုံး အပုဒ် ဖြစ်ပါတယ်။ ဒီတစ်ခေါက် ကတော့ အွန်လိုင်းစတိုး စတင်တည်ထောင်မယ့် Beginer သမားများအတွက် လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို နည်းလမ်းအဆင့်ဆင့်မျှဝေပေးဖို့ ဖြစ် ပါတယ်။ Facebook မှစတင်ခြင်း Facebook ပေါ်လာတာ အရမ်းကောင်းတယ်။ သူက သုံးတတ်တဲ့သူများ အတွက် လေ့ကျင့်ရေးကွင်း တစ်ခုလိုပဲ။ ပွဲမဝင်ခင် Facebook Page လုပ်ပြီး သေချာ စမ်းသပ် လုပ်ကြည့်ပြီးတော့ Onlin Shopping Site တစ်ခုကို ကောင်းကောင်းဖန်တီး နိုင်ပါတယ်။ ပထမဆုံး ကိုယ်ကြိုက်ရာ အမည်နဲ့ စပေးကြည့်နိုင်ပါတယ်။ ဥပမာ “အောင်အောင် စတိုး” သို့မဟုတ် Aung Aung Store တစ်ခုခု ပေးကြည့်ပေါ့။ ပြီးတော့ ကိုယ်ရောင်းချင်တာလေးတွေ တင်ကြည့်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိလေ။ ဒါက Testing ကာလ ဆိုတော့။ သို့တည်းမဟုတ် တကယ်စရောင်းချင်တယ်ဆိုရင် Facebook ကနေ အရင်စရောင်းနိုင် ပါတယ်။ အခုလည်း အဲ့လိုရောင်းနေတဲ့ Page တွေအများကြီးပါ။ အဲ့ဒီလို Page တွေပေါ်လာတဲ့အတွက် လည်း ကောင်းပါတယ်။ ဖုန်းရောင်းမယ်ဆိုရင် ယင်းဖုန်းကို ဓာတ်ပုံရိုက်၊ သို့တည်းမဟုတ် Google ကနေ ရှာပြီးတော့ လှတ၊ပတ လေး ဖြစ်အောင်တင်၊ Description မှာ ဈေးနှုန်းပါ တစ်ခါတည်း ထည့်ရေးပြီး Post လုပ်နိုင်ပါတယ်။ Facebook Page သုံးနေကျ ပုံစံတွေ အတိုင်းပါ။ ဒီတော့ လာဝယ်ချင်သူက ဘယ်အီးမေးလ်ကို ပို့လို့ မှာယူနိုင်ကြောင်း၊ Message ပို့နိုင်ကြောင်းနဲ့ စာတွေရေးထားဖို့တော့ လိုပါတယ်။ မြန်မာပြည်မှာ Payment က Online မှာစီးဆင်းမှု သိပ်မရှိသေးဘူး။ ဒီတော့ အများစုက ငွေအရင်က မှ မှာယူပေးကြပါတယ်။ ကိုယ်တိုင်လည်း Facebook Page ကနေ ပစ္စည်းရောင်းမယ်ဆိုရင်လည်း လက်တလော အကောင်းဆုံး နည်းလမ်းက ငွေအရင်ချေစေတာမျိုး သို့မဟုတ် ဈေးတစ်ဝက် တန်ဖိုး ပေးထားတာမျိုးတို့ လုပ်ထားနိုင်ပါတယ်။ အထက်ပါ ရှင်းပြမှုက တကယ် အခြေခံလေးပဲ ရှိပါသေးတယ်။ Facebook သုံးတတ်သူတိုင်း လုပ်လို့ရပါတယ်။ ဒီမှာမှ တကယ် ပရော်ဖက်ရှင်နယ် ဆန်ဆန် လုပ်တတ်တဲ့သူတွေက Marketing plan ဆွဲတယ်။ ဈေးနှုန်း Plan ဆွဲတယ်။ Product အရေအတွက်ပေါ်မူတည်ပြီး ဘယ်လိုမျိုး Benefit ရအောင်ယူမယ် အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ အလှကုန် ပစ္စည်း အော်ဒါ မှာပေးတဲ့ Facebook page တွေမှာ သွားရောက် လေ့လာ ကြည့်နိုင်ပါတယ်။ ဆက်လက်ပြီးတော့ Beginner များ Facebook page မှာတင် မကတော့ပဲ တကယ့် Plan ကျကျနနဆွဲပြီး လုပ်ချင်သူများအတွက် ဖော်ပြပါမယ်။ 1. Create a Website 2. Analyze and Research 3. Add Products 3. Set up shipping and payment options 4. Marketing Strategy … စတဲ့အချက်များနဲ့ အကြမ်းဖျင်းခွဲကြည့် နိုင်ပါတယ်။ Read More bluenavyblog.blogspot/2013/06/blog-post_7254.html
Posted on: Mon, 02 Sep 2013 07:41:43 +0000

Trending Topics



Recently Viewed Topics




© 2015