Quick Format နှင့် Regular - TopicsExpress



          

Quick Format နှင့် Regular Formatအကြောင်း ============================= ဟ့ဒ်ဒစ်စ်ကိုအကြောင်းအမျိုးမျိုးကြောင့်ဖော်မက်တွေချကြပါတယ်။အဲ့ဒီမှာ Quick Format နှင့် Regular Formatဆိုတဲ့အပိုင်းလေးတွေကိုသတိမထားမိဘဲ အလွယ်တကုချကြတာကိုတွေ့ ရပါတယ်။ အဲ့ဒီအကြောင်းကိုသိပြီးလုပ်ဆောင်ရင်ပိုကောင်းမယ်ထင်လို့ ဒီပို့ စ်လေးကိုတင် ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Windows တင်တဲ့အခါမှာ Hard disk formatting နဲ့ ပက်သက်လို့ အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး NTFS File System ဘဲ ပါပါတော့တယ်။နောက်ပြီး no Changes လဲ ပါမလာတာတွေ ရှိပါတယ်။ Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။ ဒီနေရာလေးထဲမှာ Format the partition by using the NTFS file system (Quick) Format the partition by using the FAT file system (Quick) Format the partition by using the NTFS file system Format the partition by using the FAT file system Leave the current file system intact (no changes) Quick Format ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သားနဲ့ bad Sectors ကို Scan မလုပ်ဘဲ badsector ကိုကျော်ပြီး ကောင်းတဲ့ နေရာမှာဘဲ တင်သွားတာပါ။ ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေမဲ့ bad Sectors တွေကို Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ Bad Sectors ရှိရဲ့သားနဲ့ မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင် Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။ Disk Error ရှောင်ရှား နိုင်သလား ကိုယ်တိုင် စဉ်းစားကြည့်ပါ။ Regular Format Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။ Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင် Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။ ဒါကြောင့် Regular နဲ့ Quick ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ကျပါတော့။ ဒာချိန်လေးနဲနဲပေးရတာ ဘာမှ မကြာပါဝူးရယ်...ပြီးတော့ ဟက်ဒစ်တွေကလည်း ပမာဏများတာရှိရင်လည်း သီးခံပြီးပေးကြပါ..ကျွန်တော်ဆို ဟက်ဒစ် ဂစ် ၁၀၀၀ ကို ၂၀၀ဂစ်ဆီ (၅) ခုခွဲပြီး regular format နဲ့ ပေးတာ ၃ နာရီခွဲကြာခဲ့တယ်... အဆင်ပြေကြပါစေဗျာ။ mawcity/2012/03/quick-format-regular-format.html
Posted on: Thu, 07 Nov 2013 14:28:52 +0000

Trending Topics



Recently Viewed Topics




© 2015