SAT I, II နှင့် GRE - TopicsExpress



          

SAT I, II နှင့် GRE ရမှတ်များမလိုဘဲ Engineering ဘာသာရပ်ပေါင်း များစွာကို သင်ယူနိုင်မည့် USA ရှိ ထိပ်တန်းတက္ကသိုလ် ဖြစ်သော Oregon State University Oregon State University ကို (၁၈၆၈) ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ်၏ Corvallis မြို့တွင် တည်ထောင်ခဲ့ပါသည်။ Oregon State University သည် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် အဆင့် (၇၅) တွင်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ Ranking တွင် အဆင့် (၁၆၅) နေရာတွင် ရပ်တည်လျက်ရှိကြောင်း Academic Ranking of World Universities 2012, Shanghai Jiao Tong University အရ သိရှိရပါသည်။ Oregon State University အား Carnegie Foundation မှ အမေရိကန်ပြည်ထောင်စုတွင် သုတေသန (research) အဆင့် အမြင့်ဆုံး Tier 1 အဆင့် ၀င်အဖြစ် သတ်မှတ်ထားသည့် တက္ကသိုလ်ဖြစ်သည်။ ထို Tier 1 အဆင့် တွင် Harvard, Yale, Princeton, MIT စသည့်သုတေသန အဆင့်အမြင့်ဆုံးသော တက္ကသိုလ်များကိုသာ သတ်မှတ်အသိအမှတ်ပြုထားခြင်း ဖြစ်သည်။ Oregon State University တည်ရှိရာ Corvallis မြို့သည်အမေရိကန်ပြည်ထောင်စု၏ လုံခြုံစိတ်ချ မှုအရှိဆုံးသောမြို့များထဲမှ တစ်မြို့ဖြစ်သည့်အပြင် ပညာရေးမြို့တော် ဟုလည်းတင်စားခေါ်ဝေါ်ကြသည် သာမက Oregon State ၏ အကြီးဆုံးမြို့ ဖြစ်သည့် Portland မြို့သို့ ကားဖြင့် (၉၀) မိနစ်အတွင်းရောက် နိုင်သည်။ ထို့ပြင် Seattle, San Francisco, Los Angeles နှင့် အခြား အမေရိကန် ပြည်ထောင်စု၏ အနောက်ဘက် ကမ်းရိုးတန်းမြို့များသို့ ကား၊ ရထား၊ လေယာဉ် အစရှိသည် တို့နှင့် အလွယ်တကူ သွားလာနိုင်ပါသည်။ Oregon State University သည် Best in the West အဖြစ် Princeton Review’s 2011 Best Colleges တွင်ဖော်ပြထားကြောင်းသိရှိရသည်။ Oregon State University ရှိ College of Engineering ကို ၁၈၉၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ ပြီး၊ Accreditation Board of Engineering and Technology (ABET) နှင့် The American Council for Construction Education မှ အသိအမှတ်ပြုခံထားရသည့် ကျောင်းဖြစ်သည်။ Oregon State University သည် Ranked 78 Best Undergraduate Engineering Programs ဖြစ်ကြောင်း US News and World Report အရ သိရှိရပါသည်။ Oregon State University တွင် Bioengineering, Chemical Engineering, Civil Engineering, Computer Engineering, Construction Engineering Management, Ecological Engineering, Electrical and Computer Engineering, Energy Systems Engineering, Environmental Engineering, Forest Engineering, Industrial Engineering, Manufacturing Engineering, Mechanical Engineering, Nuclear Engineering စသည့် Bachelor’s Degree များကိုသင်ကြားပေး ပါသည်။ ၀င်ခွင့်သတ်မှတ်ချက်မှာ SAT I, II မလိုဘဲ မြန်မာနိုင်ငံအခြေခံပညာ အထက်တန်းအောင် (သို့မဟုတ်) iGCSE အောင်မြင်ထား၍ TOEFL 60 iBT / 500 PBT နှင့်အထက် (သို့မဟုတ်) IELTS (5.5) အနည်းဆုံး ရရှိထားသူများ Undergraduate Pathway Program မှ စတင်၍တက်ရောက်နိုင်မည် ဖြစ်သည်။ Undergraduate Pathway Program ကို အောင်မြင်ပြီးပါက Oregon State University ၏ ဒုတိယနှစ်သို့ တက်ရောက်နိုင် မည်ဖြစ်သည်။ ထို့ပြင် Civil Engineering, Industrial Engineering, Construction and Engineering Management, Mechanical Engineering, Mechanical Engineering with Materials Science Emphasis, Environmental Engineering, Chemical Engineering, Electrical and Computer Engineering, စသည့် Engineering Master’s Degree များကို တက်ရောက်လိုသူများ GRE, GMAT ရမှတ်များမလိုဘဲ TOEFL 70 iBT / 525 PBT နှင့်အထက် (သို့မဟုတ်) IELTS (6.0) နှင့်အထက် ရရှိထားသူများ GRE အမှတ်မလိုဘဲ Graduate Pathway Program မှ တဆင့်တက်ရောက် နိုင်မည်ဖြစ် သည်။ Oregon State University ၏ Engineering ဘာသာရပ်များသည် US News and World Report အရ Top 100 တွင်ပါဝင်ကြောင်းသိရှိရသည်။ အထူးသဖြင့် Nuclear Engineering ဘာသာရပ် သည့် ranked 11th ရှိသောဘာသာရပ်ဖြစ်သည်။ Oregon State University သည် Engineer ပေါင်း (၃၀,၀၀၀) ကျော် ကိုမွေးထုတ်ပေးခဲ့ခြင်း သာမက ယခုလက်ရှိ Engineering ဘာသာရပ်များကို ဘွဲ့ကြို တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားပေါင်း (၄,၁၀၀) ကျော် နှင့် ဘွဲ့လွန် ဘာသာရပ်များကို တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားပေါင်း (၈၀၀) ကျော်ရှိပါသည်။ သို့ဖြစ်ပါ၍ Oregon State University သို့ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလတွင် တက်ရောက်လို သောကျောင်းသူ၊ ကျောင်းသားများ Oregon State University ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်သော Regent Consultancy Services Co. Ltd, အမှတ် B(13+23)၊ ရွှေကိန္နရီ အဆင့်မြင့်အိမ်ယာ၊ နာနတ်တောလမ်း (ရွှေကောင်း ဟော့ပေါ့အရှေ့) ၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း (၀၁ - ၅၀၀၀၅၄ ၊ ၀၉ - ၅၀ ၁၉၈၇၀ ၊ ၀၉ - ၇၃၂၀ ၅၃၃၃ ) သို့ဆက်သွယ်၍ မိမိ၏ ပညာရေးဆိုင်ရာစာရွက် စာတမ်းများနှင့် တကွ ကျောင်းလျှောက်ထား နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Posted on: Fri, 09 Aug 2013 02:54:49 +0000

Trending Topics



Recently Viewed Topics




© 2015