Tribute to Sir Alex Ferguson အလင်းပဲ - TopicsExpress



          

Tribute to Sir Alex Ferguson အလင်းပဲ့ ကိုင် ဟိုအတိတ်ကမိုးကောင်းကင်အလှဟာ၊ ကြိုးကြာတို ရဲ့တောင်ပံအောက်သက်ရောက်ချိန်.၊ အဘာဒင်း ကအလင်းတစ်ပွင့် စထရက်ဖို့ ဒ့်ကိုဆင်းခဲ့ တယ်၊ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ လက်မှု အနုပညာကိုထုဆစ်ခဲ့ ၊ ငရဲ့ မီးလျှံမုန်တိုင်းထန်အောင် မာန်ဟုန်ပြင်းပြင်း စတင်အသက်သွင်းခဲ့ ပြီ..။ ပန်းပျိုးလက်နဲ့ လက်နက်ကိုင်စွဲ တိုက်ပွဲ ခေါ်သံတွေကြား.. သွေးရဲရဲ နီအောင်သင်ကြား.၊ အောင်မြင်မှု နတ်သုဒ္ဓါကို ခူးညွန့် စားသုံးနိုင်သူများအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်အောင်၊ စိတ်ဓာတ်ခွန်အားသူပြောကြားခဲ့ တယ်။ ရှုံးနိမ့် ခြင်းကိုမုန်းတဲ့  မျက်လုံးတစ်စုံနဲ့ ကွင်းဘေးမှာရပ် ၊ ယူနိုက်တက်ဆိုတာ အရှုံးမပေးစတမ်း အသင်းလို့  ကမ္ဘာတစ်ခွင်မှာထင်လင်းနိုင်အောင် ၊ အောင်အောင်မြင်မြင်ပဲ့ ကိုင် ၊ တစ်ဖန်ပြန်ပိုင်ဆိုင်နိုင်တဲ့ မိုးကောင်းကင်အလှ အိုးထရက်ဖို့ ပေါ်မှာကျရောက်ခဲ့ ..။ အလင်းပဲ့ ကိုင်သူရေ….. ကြုံကြိုက်ခွဲခွာ ဓမ္မတာမို့ ၊ စွန့် ခွာရက်ခဲ့ တယ်လို့ တော့ မဆိုချင်ပါ..၊ သူပျိုးတဲ့ ပန်း ဝေဆာလန်းနေမှ ၊ နွမ်းလျလျ သူ့ ခန္ဓာကို မတွန်းလှန်နိုင်တော့မှ၊ ချစ်တဲ့ ပရိတ်သတ်တွေနှလုံးသားကို ဆုဖလားတွေနဲ့  မန်ယူတံဆိပ် ခတ် နှိပ် ထားခဲ့ ပြီးမှ၊ ရာဇပလ္လင်ကို နန်းမွေပေးခဲ့ ပြီ..။ လေးစားမိပါတယ် ဆာအဲလက်ရေ အိုးထရက်ဖို့ မြေမှာလမင်းသာသလို လွမ်းဆွတ်မှုတွေနဲ့ ငေးကြည့် ရုံမှတပါး.. နှလုံးသားမှာ စကားလုံးမလို အောင် ပုံလွာပုံရိပ်တို့ ချန်ထားခဲ့ နိုင်သူပါ..၊ Aung Kyi Thar Min မန်ယူဖန်များအတွက်သီးသန့် နေရာမှာ တင်ခဲ့ ဖူးတဲ့ ဟာပါ
Posted on: Thu, 13 Jun 2013 05:14:45 +0000

Trending Topics



Recently Viewed Topics




© 2015