*** iPhone iPad မှာ ကိုယ်ပိုင် Ringtone - TopicsExpress



          

*** iPhone iPad မှာ ကိုယ်ပိုင် Ringtone ဖန်တီးချင်သူတွေအတွက် *** Apple ကပေးတဲ့ Ringtone တွေကို မကြိုက်ပါဘူး.. ကိုယ့်စိတ်ကြိက် အသံဖိုင်တွေ သီချင်းတွေ ဗွီဒီယိုတွေကို Ringtone လုပ်ပြီး အိုင်ဖုန်း အိုင်ပက်ထဲမှာ သုံးချင်ပါတယ်ဆိုရင်တော့ အခုပြောမယ့် Syncios ဆော့ဝဲလေးက စိတ်ကြိုက် Ringtone ဖန်တီးပေးနိုင်သလို ကိုယ့်ရဲ့ iDevice ထဲကိုလည်း အလွယ်တကူ ထည့်ပေးပါလိမ့်မယ်... Syncios ဆော့ဝဲကို အသုံးပြုနိုင်ဖို့အတွက် ကိုယ့်ကွန်ပျူတာထဲမှာ iTunes ကို အင်စတော ထားဖို့လိုပါတယ်.. Ringtone လုပ်ဖို့အတွက် ၁. ဆော့ဝဲကို ဒေါင်းပြီး အင်စတောလိုက်ပါ ၂. Syncios ဆော့ဝဲကို ဖွင့်လိုက်ပါ ၃. iTunes ကို ပိတ်ခိုင်းပါလိမ့်မယ်.. ပိတ်ပေးလိုက်ပါ.. ၄. ဆော့ဝဲပွင့်လာတဲ့အခါ ဘယ်ဘက်ခြမ်း Tools အောက်က Ringtone Maker ကိုနှိပ်လိုက်ပါ ၅. ပြီးရင် Browse ကိုနှိပ်ပြီး ပေါ်လာတဲ့ ဘောက်ထဲမှာ ကိုယ့်စိတ်ကြိုက် သီချင်း အသံဖိုင် တစ်ခုခု ရွေးပေးပါ ၇. ရွေးထားတဲ့အသံဖိုင် သီချင်းဖိုင်တစ်ခုလုံးကို Ringtone မလုပ်ချင်ဘူး ကိုယ့်စိတ်ကြိုက် သီချင်းစာသား အသံဖိုင်လေးကိုပဲ ကွက်ပြီး လုပ်ချင်တယ်ဆိုရင်တော့ Play ကိုနှိပ်ပြီး ဖွင့်လိုက်ပါ.. ကိုယ့်စိတ်ကြိုက် အသံ တီးလုံးရှိတဲ့နေရာရောက်ရင် Pause နှိပ်ပါ ပြီးရင် Set Start ကိုထပ်နှိပ်ပါ.. (ဒီနေရာကနေ အသံစမယ်ပေါ့) ပြီးရင် Play ထပ်နှိပ်ပြီး ဆက်နားထောင်.. စိတ်ကြိုက်နေရာရောက်ပြီဆိုရင် Pause နှိပ် Set End နှိပ် (ဒီနေရာမှာ အသံဆုံးမယ်ပေါ့) ၈. စိတ်ကြိုက်အသံ ရွေးပြီးပြီဆိုရင် Output file name မှာ ဖိုင်နာမည် ရွေးပေးပါ ၉. Output Folder မှာ သိမ်းထားချင်တဲ့နေရာ ရွေးပေးပါ (My Document >> Syncios >> Convert မှာ အော်တို သိမ်းပေးပါတယ်) ၈. ပြီးရင် Generate ကိုနှိပ်ပါ ခဏစောင့်ပါ.. Ringtone Converted Successfully ဆိုတဲ့ ဘောက်ပေါ်လာပါမယ် Ok လိုက်ပါ.. အိုင်ဖုန်း အိုင်ပက်တွေအတွက် စိတ်ကြိုက် Ringtone ပြောင်းလို့ ပြီးပါပြီ.. ............................................ ကိုယ်ပြောင်းထားတဲ့ Ringtone ဖိုင်တွေကို မိမိတို့ရဲ့ iDevice ထဲ ထည့်ဖို့အတွက်... ၁. iDevice ကို PC နဲ့ ချိတ်လိုက်ပါ ၂. Syncios ဆော့ဝဲ ပွင့်လာပါမယ်.. ၃. iTunes ကို ပိတ်ခိုင်းရင် ပိတ်ပေးလိုက်ပါ ၄. ပြီးရင် ဆော့ဝဲ ဘယ်ဘက်ခြမ်း Device နာမည်အောက်က Media ကိုနှိပ်လိုက်ပါ ၅. ညာဘက်ခြမ်း Media Type အောက်က Ringtones ကို ထပ်နှိပ်ပါ ၆. အလယ်အကွက် ဘာတန်းပေါ်က Import ဆိုတဲ့ အပြာရောင် အကွက်လေးကို နှိပ်ပေးပါ ၇. ကျလာတဲ့ ဘောက်ထဲမှာ ခုနက ဖောမက်ပြောင်းထားတဲ့ ဖိုင်ကို select ပေး Open နှိပ်လိုက်ပါ (My Document >> Syncios >> Convert ထဲမှာ အော်တို သိမ်းပေးထားပါတယ်) ၈. ခဏစောင့်ပါ iDevice ထဲကို ထည့်နေပါလိမ့်မယ် ၉. Impot Successfully ဆိုပြီး ဘောက်ပေါ်လာပါမယ် Ok လိုက်ပါ iDevice ထဲကို ကိုယ်ရွေးပေးလိုက်တဲ့ Ringtone ဖိုင် ရောက်သွားပါပြီ ပြီးရင် iDevice ကိုဖွင့် Settings >> Sounds >> Ringtone မှာ ထည့်လိုက်တဲ့ဖိုင်ကို ရွေးပေးလိုက်ပါ ကိုယ့်စိတ်ကြိုက် ဖန်တီးထားတဲ့အသံလေး ဖုန်းလာတိုင်း မက်ဆေ့ဝင်တိုင်း ကြားရပါလိမ့်မယ်.. ဆော့ဝဲ ဒီမှာ ဒေါင်းလိုက်ပါ syncios/download.html ............. မျှော်လင့်ချက်မထားသော ပေးဆပ်မှုတိုင်းကို ဦးညွှတ်လျှက် ................
Posted on: Wed, 25 Sep 2013 18:48:51 +0000

Trending Topics



Recently Viewed Topics




© 2015