ကျွန်မတို့အားလုံး - TopicsExpress



          

ကျွန်မတို့အားလုံး အပျံသင်နေကြသည်။ ဟုတ်ပါသည်။ ကျွန်မတို့ အပျံသင်နေကြပါသည်… စာကလေးလည်း စာကလေးအလျှောက် အပျံမတတ်ခင် အပျံသင်ကြရပါသည်… သိန်းငှက်လည်း သိန်းငှက်အထွာနဲ့ အပျံသင်ခဲ့ဖူးကြပါသည်… ဒီလိုပါပဲ…. ကျွန်မ လှမ်းမျှော်ကြည့်လိုက်မိပါသည်…. ကျွန်မ တွေးကြည့်လိုက်မိပါသည်.. ကျွန်မတို့ နိုင်ငံ ကျွန်မတို့ ခုလက်ရှိ နေထိုင်သည့် မြန်မာနိုင်ငံသည်လည်း အပျံသင်နေဆဲ ငှက်ကလေးတစ်ကောင်ပါလား သူ ဘာငှက်ဖြစ်လာမှာလဲ။ စာကလေးပဲလား? သိန်းငှက်ပဲဖြစ်လာလေမလား? သေချာပါသည်။ ခုချိန်မှာ အပျံသင်နေဆဲမို့ ငှက်တစ်ကောင်ဆိုတာ ဒီနေရာမှာ အရေးကြီးတာလေးတစ်ခုက အပျံသင်ရင်း အတောင်မကျိုးဖို့ပါ။ အန္တရာယ်အကြီးဆုံး အပျံသင်ချိန်လေးမို့ အထူးဂရုစိုက်ရမှာပါ။ အပျံသင်ရင်းတောင်ပံကျိုးတတ်သလို အမြင့်ကြီးကို မမြင်ရခင်လည်း အလောတကြီးနဲ့ ပြုတ်ကျတတ်ပါသေးသည်။ကဲ ဒါကတော့ ထားအုံးတော့… တကယ်တမ်းပြောချင်တာက လူငယ်ကဏ္ဍပါ။ အပျံသင်စ လူငယ်လေးတွေပါ…. အွန်လိုင်းသုံးနေတယ်ဆိုတော့လည်း အင်တာနက်ကိစ္စကနေ စပြောတော့မယ်။ (လျှာရှည်တယ် ထင်လည်း ထင်ပါစေတော့လေ) အိမ်နားက ၁၀ တန်းကျောင်းသားလေးတစ်ယောက် နက်ဆိုင်သွားတော့ ဘာတွေလေ့လာလဲမေးမိတယ်။ သူလေးဖြေပုံက “ကွန်ပျူတာ ဆော့တယ်တဲ့။ ဂိမ်းနှိပ်တယ်တဲ့။ ပုံတွေကြည့်တယ်တဲ့” ကျွန်မ အမှန်အတိုင်းဝန်ခံပါတယ်။ ကျွန်မ (၁၀)တန်းလောက်တုန်းက အင်တာနက်လည်း မကြည့်ဖူးဘူး။ ကွန်ပျူတာကိုလည်း လည်လည်ပတ်ပတ်မသုံးဖူးဘူး။ ခုခေတ် အပျံသင်စလေးတွေလောက် ခေတ်ကလည်း မမှီခဲ့ပါဘူး။ သို့ပေမယ့်ပေါ့။ ကွန်ပျူတာဆိုတာကို စတင်သုံးကတည်းက တစ်ခါမှ ကွန်ပျူတာကို ဆော့တယ်လို့ မပြောဖူးပါဘူး။ (ထားပါတော့လေ ဒါက အခေါ်အဝေါ်)။ (၁၀) တန်းကလေး တစ်ယောက်အတွက် အင်တာနက်ပေါ်မှာ ဘာတွေရနိုင်သလဲ။ အပျံသင်စလေးတွေအတွက် ရနိုင်တာ ဘာများပါလိမ့်… အထင်မသေးလိုက်ပါနဲ့… အင်တာနက်ပေါ်မှာ ၁၀ တန်းစာတွေ ဖတ်နိုင်တယ်။ သို့ပေမယ့်ပေါ့။ သူတို့လေးတွေ အင်တာနက်မှာ အွန်လိုင်းမှာ ရကြတာ ဘာပါလိမ့်. ရှာကြတာ ဘာပါလိမ့်… အမှန်ကိုရှာနိုင်ဖို့ အရေးကြီးတာပါ။ အမှန်ကို ရှာနိုင်ဖို့ကလည်း သူတို့လေးတွေအတွက် Guide Line ပေးမယ့်သူ လိုတာပါ။ မိဘ (သို့မဟုတ်) အစ်ကို. အစ်မ ဦးလေး. ဒေါ်လေး. အနီးကပ်ဆရာသမား အစရှိသည်ဖြင့်ပေါ့ သူတို့လေးတွေ အပျံမတတ်ခင် အတောင်မကျိုးစေချင်တာပါ။ ဒီနေရာမှာ မေးစရာရှိပါတယ်။ ဂိမ်းဆော့ရုံနဲ့ ဘာအတောင်ကျိုးမှာလဲ။ အင်တာနက်သုံးရုံနဲ့ ဘာအတောင် ကျိုးမှာလဲပေါ့။ ဟုတ်ပါတယ်။ ဒါလေးနဲ့တော့ အတောင်မကျိုးဘူးပေါ့ နောက်ဆက်တွဲအနေနဲ့ ကျောင်းစာထိခိုက်လာမယ်။ မကြည့်သင်တဲ့ မလေ့လာအပ်တဲ့ ပညာရပ်ကို လေ့လာမိ မယ်ဆိုရင်တော့ အတောင်ကျိုးရုံမဟုတ်… စုန်းစုန်းပါမြှပ်မှာစိုးလို့ပါ။ လေ့လာသင့်တဲ့ site, ကြည့်သင့်တဲ့ Knowledge, နဲ့ ခွဲခြားသင်ပြရင်း အပျံသင်ပေးဖို့ပါ လူငယ်လေးကဏ္ဍပြီးတော့ လူကြီးများ ကဏ္ဍပါ။ လူကြီးဆိုတော့ သက်ကြီးပိုင်းတွေကို ခဏအသာထား။ လူလတ်ပိုင်းပေါ့ လူလတ်ပိုင်းမှာ ဆိုက်ကားဆရာရော. ကျောင်းဆရာရော. ကျူတာရော ကထိကကြီးရော ကုမ္ပဏီဝန်ထမ်းရော. စာရေးလေးပါမကျန် အားလုံး အပျံသင်နေသူတွေချည်းပါပဲ။ ဒီလူတွေ အားလုံးထဲမှာမှ အွန်လိုင်းကြီးစီးလို့ အပျံသင်သူတွေ အတော်များပါသတဲ့။ (ကျွန်မ အပါအ၀င်ပေါ့) များပြားလှတဲ့လူတွေထဲမှာမှ တစ်ချို့ အင်တာနက်အသုံးများလို့ အသင်များပြီး ပျံတတ်တဲ့ ငှက်လေးတွေ ဘ၀ကိုတောင် ရောက်နေကြပါပြီ။ဒါဆို ဘယ်လိုပျံမလဲ။ ခပ်မြင့်မြင့်ပျံမှာလား။ ပျံတတ်တယ်ဆိုရုံ ယှက်ပြီး ပျံမှာလား? မေးခွန်းပေါင်းများစွာနဲ့ ကျွန်မ စဉ်းစားနေတုန်း… ခပ်မြင့်မြင့်ပျံတယ်ဆိုတာ ရည်မှန်းချက် ကြီးကြီးထားပြီး တစ်ဦးတစ်ယောက်ကောင်းစားဖို့ထက် မိသားစု.. ရပ်ကွက်။ မြို့နယ်။ တိုင်းဒေသကြီး မှအစပြုပြီး တစ်နိုင်ငံလုံးကောင်းစားဖို့ ပျံသန်းကြည့်မလား ? ပျံတတ်တယ်ဆိုရုံလေး ခပ်နိမ့်နိမ့်လောက်ပဲပျံပြီး ငါတော့ ပျံတတ်ပြီကွဆိုပြီး လက်ခမောင်းခတ်မလား ? စဉ်းစားတတ်တဲ့အရွယ်မို့ သိပ်တော့ များများမပြောတော့ပါဘူး။ (မပြောဘူး မပြောဘူးနဲ့ စာအတော်ရှည်လှပေါ့) ဒီနေရာမှ ပျံတတ်တယ်ဆိုတာက အင်တာနက်ကို ခပ်စိပ်စိပ်သုံးရင် Social Site တွေသိလာမယ်။ သတင်း Site လေးတွေသိလာမယ်။ သိရင်းနဲ့ စာလေးပေးလေးတွေ ဖတ်မိလာမယ်။ ရေးတတ်လာမယ်ပေါ့။ ဒီအဆင့်ဟာ အပျံတတ်တဲ့ အဆင့်မဟုတ်သေးပါဘူး။ မြင့်မြင့်ပျံနိုင်တဲ့ အနေအထားလည်းမဟုတ်သေးပါဘူး။ အပျံသင်လို့ အတောင်ကစားနိုင်ရုံရယ်ပါ။ ဒီနေရာမှာ သတိရတာလေး တစ်ခုပြောချင်ပါတယ်။ တက္ကသိုလ်တစ်ခုမှာပေါ့။ ၀ိုင်ဖိုင်အခမဲ့ လွှင့်ပေးပါတယ်။ အပျံသင်စ ကထိက တစ်ယောက်က ယင်းဝိုင်ဖိုင်ကို သုံးပါတယ်။ သုံးရင်းနဲ့ ဖုန်းမှာ ဘာအယ်ရာတက်တယ်မသိပါဘူး။ (သူ့ဘာသာ ဖုန်းကိုကလိရင်းဖြစ်တာပါ) Credit Card နဲ့ ဒေါ်လာတွေတောင်းပါလေရော။ ဒါကို နားမလည်ပဲနဲ့ အယ်ရာကို Print Screen ဖမ်း။ Face Book နဲ့တစ်ခြား site မှာတင်ပါလေရော။ ပြသနာက အဲ့ဒီမှာစတာပါ။ ကိုယ့်ကိုယ်ကို အပျံသင်စကို အမြင့်ကြီးပျံနိုင်ပြီလို့ ထင်နေတဲ့ ဦးဟိုဒင်း ဟက်တက်ကွဲပါလေရော။ နားလည်တဲ့လူက ၀င်ပြောတော့မှ သူ့အမှားသူသိသွားတော့ အရှက်ကွဲတာပေါ့။ တကယ်တမ်း သူဖြစ်စေချင်တာက ၀ိုင်ဖိုင်လွှင့်တဲ့ တာဝန်ရှိသူတွေကို ပိုက်ဆံတောင်းတယ်ဆိုတဲ့သတင်း လွှင့်ချင်တာပါ။ အင်္ဂလိပ်စာလည်း သေချာဂန မလေ့လာ။ ကိုယ့်ကိုယ်ကိုလည်း အမြင့်ဆုံးကို ပျံတက်နေပြီလို့ အောက်မေ့လေတော့ ငှက်ကလေးခမျာ အတောင်ကို ကျိုးလုကျိုးခင်ပါပဲ။ ဒါ့ကြောင့် လူကြီးတွေ (လူလတ်တွေ) ကဏ္ဍမှာလည်း အပျံသင်ချိန်မှာ လေ့လာတဲ့အလုပ်ကိုပဲ လုပ်ပြီး အပြုသဘော ဆောင်တဲ့ အတွေးလေးတွေ တွေးပေးဖို့ပါ။လူကြီးမိဘများ ကဏ္ဍကနေ ကြည့်ရင်တော့ မိဘများခေတ်က ဒီလိုအပျံသင်ပေးတဲ့ ကိရိယာ (အီးမေးလ် ၊အင်တာနက်၊ ကွန်ပျူတာ) တွေ မပေါများ ပေမယ့် ခုခေတ်မှာတော့ ရေစီးကြောင်းဆိုသလို ပေါများလာနေပါပြီ။ လိုအပ်သလောက်ခပ်ယူ သောက်သုံးနိုင်ပါပြီ (Connection Fail ဖြစ်သည့်အချိန်မှအပ) ဒါ့ကြောင့် မိမိသားသမီး တပည့် သားမြေးများ အပျံသင်နေချိန်မှာ ဒီအတိုင်းလွှတ်မထားပဲနဲ့ တည့်မတ်ပေးဖို့ပါ။ တင်းလွန်းလျှင်လည်း ပြတ်တတ်တာ လျှော့လွန်းလျှင်လည်း အဖတ်ဆည်မရတတ်တဲ့ အပျံသင်စ ချစ်စဖွယ်ငှက်ငယ်လေးတွေအနားမှာ ၀ိုင်းဝန်းကာ ဖေးမလို့ မတိမ်းမစောင့် ဗိန်းဗောင်းနဲ့ ကူညီပေးကြပါစို့ရှင် တစ်ပါးသူပျော်ရွှင်ဖို့ စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည် unknow girl
Posted on: Sun, 23 Jun 2013 06:17:55 +0000

Trending Topics



Recently Viewed Topics




© 2015