တစ်ခြားအသင်းရှုံးလို့ - TopicsExpress



          

တစ်ခြားအသင်းရှုံးလို့ လိုက်ခနဲ့တာ မကောင်းဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ခုတော့ ပြောမယ်။ ကျွန်တော်တင်တာက အဲဒီ မန်ယူအသင်းကို မျက်မုန်းကျိုးလွန်းလို့မဟုတ်ဘူး။ အဲဒီအသင်းဖန်တွေက နေရာတကာ ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင်အာလွန်းလို့ ကြည့်မရတာနဲ့ တင်တာ။ ရှင်းပလား။ ဟိုး Soccer Myanmar တို့ ၊ တစ်ခြား မြန်မာ ဘောလုံးဆိုက်တစ်ခု (နာမည်မမှတ်မိတော့ဘူး ၊ အခု ပျက်သွားပြီ။) တို့ ခေတ်ကောင်းစဉ်တုန်းက ကျွန်တော် သတင်းတွေ ဝင်ဖတ်တယ်။ အဲဒီမှာ ဘယ်သတင်း တင်တင် မန်ယူဖန်တွေက ဝင်ပြောတာပဲ။ လီဗာပူး ရှုံးလည်း ဝင်အာတာပဲ ၊ အာဆင်နယ် ရုန်းကန်နေရလည်း ဝင်ပြောတာပဲ ၊ ချဲလ်ဆီး အခြေအနေမကောင်းလည်း ဝင်ခနဲ့တာပဲ။ ကုန်ကုန်ပြောမယ်ဗျာ... ဝင်းဂါး ချီးဘယ်တုန်းပါသလဲဆိုတာလည်း သူတို့ ကိစ္စ ၊ သူတို့ ဝင်လှောင်ရမယ့် ကိစ္စလို့ ခံယူထားပုံပါပဲ။ ကြာလာတော့ အဲဒီဆိုက်တွေ ကျွန်တော် သတင်းတွေ မဖတ်တော့ပါဘူး။ အကုသိုလ်များလို့ပါ။ တစ်ခြားအသင်းတွေ ရှုံးတဲ့သတင်းမို့လို့ ဝင်လှောင်ရုံပဲလားဆိုတော့ နိုင်တဲ့သတင်းတွေမှာလည်း ဝင်အူတာပါပဲ။ မနာလိုစိတ်တွေပေါ့။ မနာလိုတယ်ပြောရအောင် ကျုပ်တို့အသင်းက ဖလားတွေ အများကြီး ခင်ဗျားတို့အသင်းလို အသင်းတွေကို မနာလိုစရာလားလို့ ပြောလာရင်လည်း.... အဲဒီဖလားအများကြီးရထားတဲ့ ခင်ဗျားတို့အသင်းဆိုက်တွေ ၊ သတင်းတွေပဲ ဖတ်လေ... ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင်အူတာ ၊ ဝင်ကိုက်တာကို အမုန်းဆုံး ၊ အရွံဆုံးပါပဲ။ ကောင်းရာ ကောင်းကြောင်းမပြောပဲ... နာနေတဲ့ တစ်ခြားအသင်းဖန်တွေကို ဝိုင်းဆွ။ ဟိုက အများ နဲ့ တစ်ယောက်ဆိုတော့ ပြန်ပြော ၊ နောက်ဆုံး ဆဲမိဆိုမိ ။ ဆဲတော့လည်း သြော်...မိုက်ရိုင်းလိုက်တာ.. ဒင်းတို့ဖန်တွေ ဒါမျိုးတွေပဲ ဆိုပြီး အသံကောင်းဟစ် ၊ လေတိုက်။ ဒါမျိုးတွေ အခုလည်း ရှိနေတုန်းပါပဲ။ ကိုယ့်အသင်း သောက်တုန်းမကျလို့ ရှုံးတာကို ကျွန်တော်တို့ ခနဲ့လို့ မခံနိုင်ရင် ခင်ဗျားတို့လည်း သူများတွေကို လိုက်မပြောနဲ့ပေါ့။ ရှင်းရှင်းလေးပါပဲ။ ကိုယ်ချင်းစာစိတ်လေးရှိအောင် ပဲ့ပြင်ကြည့်တာပါ။ ကျွဲပါးစောင်းတီး ၊ ခွေးမြီးကောက် ကျည်တောက်စွပ် ၊ နွားရှေ့ထွန်ကျူးသလို ဖြစ်သွားရင်လည်း ဆောရီးပါပဲ။ ကျွန်တော်တို့ Page ကို like လုပ်ထားတဲ့ မန်ယူဖန်တွေထဲမှာ လူကြီးလူကောင်းဆန်ဆန် ပြောတတ် ၊ မြင်တတ်တဲ့ လူတွေ အများကြီးရှိမှန်း ကျွန်တော် သိပါတယ်။ သူတို့တွေကိုတော့ အားနာပါတယ်။ သူများတွေကိုတော့ အသားလွတ် လိုက်နွှာပြီး ကိုယ့်အသင်းရှုံးတော့ အရှုံးဆိုတာကို လက်မခံတတ်တဲ့ ၊ ဖင်ပိတ်ငြင်းတတ်တဲ့ ဖန်တွေကို ရည်ညွှန်းပြီး တင်တာပါ။ ငါတို့က သူတော်ကောင်းဖန်တွေ မင်းတို့ page မှာ ဘာမှ ဝင်မပြောဘူးဆိုလာရင်လည်း... ဒီနောက်မှာ ကျွန်တော်တို့တင်တဲ့ Post တွေမှာ မဆိုင်ပဲ ဝင်အာတဲ့ သူတော်ကောင်းတွေကို သူတို့ရေးတဲ့ Comment တွေကို Screen shot နဲ့အတူ ၊ By name နှင့်တကွချီးမြောက်ပေးမှာဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ ~GP~
Posted on: Wed, 25 Sep 2013 11:16:53 +0000

Trending Topics



Recently Viewed Topics




© 2015