ပြည်ပကုန်တင် - TopicsExpress



          

ပြည်ပကုန်တင် သင်္ဘောလိုင်းနှစ်ခု ရေနံထုတ်ကုန် သယ်ဆောင်မည် ရန်ကုန်၊ သြဂုတ် ၁၄ နယ်သာလန် ကုန်တင်သင်္ဘောလိုင်း LV (lensveld) Shipping and Tran-sport Co.,Ltd. နှင့် စင်ကာပူကုန်တင် သင်္ဘောလိုင်း Reliance ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ရေနံထုတ်ကုန်များ သယ်ဆောင်ရန် ပထမဆုံး ကုမ္ပဏီခွဲ ဖွင့်လှစ်ထားကြောင်း ယင်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ Mr.Chris Lewin က ပြောကြားသည်။ “မြန်မာနိုင်ငံမှာ အခွင့်အလမ်းသစ်တွေ အများကြီးရှိတယ်။ နောက်ပြီး ကျွန်တော်တို့ဆီက နည်းပညာတွေလည်း ပေးချင်တယ်” ဟု LV မှ ဒါရိုက်တာ Cees Punselie က ပြောကြားသည်။ အဆိုပါကုမ္ပဏီသည် ၂၀၀၅ ခုနှစ် ကတည်းက ပြည်တွင်းတွင် လုပ်ကိုင်နေသော မြန်မာအမျိုးသားပိုင် စင်ကာပူ ကုန်တင်သင်္ဘောလိုင်း Reliance နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကုန်တင်သင်္ဘောလိုင်း ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက အဓိက တင်သွင်းနေရသော ရေနံ ထုတ်ကုန်များ၊ ရေနံဓာတုဗေဒ ထုတ်ကုန်များကို အဓိကထား သယ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။ လက်ရှိ အချိန်တွင် ကုမ္ပဏီနှစ်ခုလုံးတွင် သင်္ဘောပိုင် မရှိသေးသော်လည်း ကိုယ်ပိုင် ကွန်တိန်နာများဖြင့် ပုံမှန်အားဖြင့် တစ်လလျှင် သင်္ဘောတစ်စင်း ဆိုက်ကပ်၍ ကုန်စည်သယ်ဆောင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။ LV (Lensveld) Shipping and Transport ကုမ္ပဏီသည် နယ်သာလန်နိုင်ငံတွင် အခြေစိုက်ပြီး တစ်ကမ္ဘာလုံးသို့ ကုန်စည်မျိုးစုံ သယ်ယူပို့ဆောင် ပေးနေသော ကုန်တင်သင်္ဘောလိုင်းဖြစ်ကာ မြန်မာ အပါအဝင် ၁၀ နိုင်ငံတွင် ရုံးခွဲ ၁၀၀ ကျော် ဖွင့်လှစ်ထားသည်။ စင်ကာပူအခြေစိုက် Reliance သင်္ဘောလိုင်းသည် ၂၀၀၅ ခုနှစ်ကတည်းက ပြည်တွင်းတွင် ရုံးခွဲဖွင့်၍ ပြည်ပကုန်စည် သယ်ဆောင်ရေး လုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး မြန်မာအမျိုးသားပိုင် စင်ကာပူ သင်္ဘောလိုင်း ဖြစ်သည်။
Posted on: Fri, 16 Aug 2013 08:16:14 +0000

Trending Topics



Recently Viewed Topics




© 2015