ပုဒ်မ ၄ဝ၁ ဖြင့် - TopicsExpress



          

ပုဒ်မ ၄ဝ၁ ဖြင့် လွတ်ငြိမ်းခွင့်ရသူများ သတ်မှတ်စည်းကမ်း ဖောက်ဖျက်လျှင် ကျန်ရှိပြစ်ဒဏ် ဆက်လက်ကျခံရမည် 2.8.2013 ပုဒ်မ ၄ဝ၁ အရ လွတ်ငြိမ်းချမ်း သာခွင့်ပေးရာတွင် ပြစ်မှုအမျိုးအစား ခွဲခြား သတ်မှတ်ထားခြင်း မရှိဘဲသတ်မှတ်ချက် တစ်ခုခုကို ဖောက်ဖျက်ပါ က ကျန်ရှိသည့် ပြစ်ဒဏ် ပြန်လည်ကျခံရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြော သည်။ ”လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါမှာ ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ် ထားတာ မရှိပါဘူး။ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်မစေ့မီ စည်းကမ်းချက်ြ ဖင့်လွတ်ငြိမ်း ချမ်းသာခွင့်ရတဲ့ အကျဉ်းသားက သတ်မှတ်ချက်မှာပါတဲ့ အချက်တစ်ချက်ချက် ကို ဖောက်ဖျက်ကျူးလွန်ပါက ယင်းကျခံရန်ကျန်ရှိ သည့် ပြစ်ဒဏ်ကို ဆက်လက်ကျ ခံရမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ အပိုဒ်ခွဲ (၁)တွင် မည်ကဲ့သို့သော အကျဉ်းသားများ အကျုံးဝင်သည် သို့မဟုတ် အကျုံးမဝင်သည် ပြစ် မှုကျူးလွန်လျှင် ပြစ်ဒဏ်မှခံစားခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ရှိသည်ကို သိလိုသည်နှင့် စပ်လျဉ်းပြီး ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့၌ မေးမြန်းရာ တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အထက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့သည်။ မေးမြန်းသူဒေါ်စန္ဒာမင်းက ”နိုင်ငံရေးအကျဉ်းသားတွေ ကျွန်မအပါအဝင် ဒီပုဒ်မ ၄ဝ၁ အပေါ်မှာ ဝိဝါဒကွဲပြားနေပါတယ်။ ဘယ်လို အကျဉ်းသားေ တွကိုပြန် ဖမ်းဆီးနိုင်သလဲ။ ပုဒ်မ ၄ဝ၁ နဲ့ ဘယ်လိုအကျဉ်းသားတွေ ကိုကျတော့ ပြန်ပြီးတော့ မဖမ်းနိုင်ဘူးလား။ ကျွန်မတို့ နိုင်ငံရေးအကျဉ်းသားေ တွ အားလုံးဒီအပေါ်မှာ ခံစားနေရပါတယ်။ နောက်တစ်ခု သူပြောတဲ့ အကျဉ်းထောင်ထဲ မှာ ရောက်နေတဲ့ ၄ဝ၁ နဲ့ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေ အားလုံးက တည်ဆဲဥပဒေကို ချိုး ဖောက်လို့လို့ ပြောသွားတဲ့အပေါ် ကျွန်မတို့ကဒါကိုတော့ကျေနပ်မှုမရှိပါဘူး။ကျွန်မတို့က တည်ဆဲဥပဒေကို ချိုးဖောက်လို့တော့ အကျဉ်းထောင်ထဲကို ရောက်နေ တာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။ အစိုးရသစ်လက်ထက်တွင် ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့အထိ နိုင်ငံတော်သမ္မတက ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် အကျဉ်းသား ကျား ၂၆၃၆ ဦး၊ မ ၆၅ ဦး စုစုပေါင်း ၂၇ဝ၁ ဦး လွတ်ြေ မာက်ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ ဒေါ်စန္ဒာမင်းက ”နိုင်ငံတော် သမ္မတက ဒီပုဒ်မ ၄ဝ၁ အပိုဒ်ခွဲ ၁ ကို နိုင်ငံရေး လက်နက်အနေနဲ့ မကျင့်သုံးပါဘူးလို့ ရုပ်မြင်သံကြားကနေေ ရာ၊ ရေဒီယို ကနေရော ကတိအထပ်ထပ်ပေးထားပြီးသားဖြစ်ပါတယ်။ လက်ရှိအကျဉ်းကျပြီး ပြန်လွတ်လာ တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပုဒ်မ ၄ဝ၁ နဲ့ အရေးယူသလားဆိုတဲ့အပေါ်မှာ ကျွန်မတို့ ဆက်လက်စောင့်ကြည့် ရပါမယ်။ ဒီ ပုဒ်မ ၄ဝ၁ ကို ဖျက်သိမ်းမလား။ဒါဟာ ဖျက်သိမ်းရမယ့် ပုဒ်မတစ်ခုမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် အခွင့်အရေးတစ်ခုပါ။ ကျွန်မဆိုလည်း ၆၅ နှစ် ထောင်ကျရာမှာ ဒီ ၄ဝ၁ ကျင့်ထုံးရှိလို့သာ သမ္မတ အာဏာနဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်” ဟုပြောသည်။ ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က အစိုးရအနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ ၁ ကို နိုင်ငံရေးလက်နက်အဖြစ် အသုံး ချပြီး အရေးယူရန် မရှိသကဲ့သို့ ပြည်သူများကလည်း နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေးအတွက် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် လိုအပ်ကြောင်း ပြောသည်။ စိုင်းနောင် Popular Myanmar News Journal
Posted on: Fri, 02 Aug 2013 07:54:07 +0000

Trending Topics



Recently Viewed Topics




© 2015