ဘာသာစကား ၂၄ မျိုးမှ - TopicsExpress



          

ဘာသာစကား ၂၄ မျိုးမှ မြန်မာသို့ တိုက်ရိုက်ပြန်ဆိုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင်ထား *********************** ဘာသာစကား ၂၄ မျိုးမှ မြန်မာဘာသာသို့ ပြောင်းလဲ ဘာသာပြန်ပေးနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင်ထားပြီးဖြစ်၍ မြန်မာဘာသာ ပြန်ဆိုမည့် သူများအတွက် လွယ်ကူအဆင်ပြေစေကြောင်း သိရသည်။ ယင်းဘာသာစကား ၂၄ မျိုးမှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကားများဖြစ်ပြီး အဆိုပါ ဘာသာစကား၂၄ မျိုးကို မြန်မာဘာသာသို့ ပြန်ဆိုရန် myordbok/ သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ “ဝင်ပုံက လွယ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ထဲကို ဝင်လိုက်ပြီးရင် Search Box ထဲမှာ ဘာသာပြန်ချင်တဲ့ စာပိုဒ်၊ စာကြောင်းကို Copy၊ Paste လုပ်လိုက်ရုံပဲ။ ပြီးရင် Enter ခေါက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း လိုသလို ဘာသာပြန်ပေးပါတယ်” ဟု အဆိုပါ ဝက်ဘ်ဆိုက်ကို လတ်တလော သုံးစွဲနေသူတစ်ဦးက ရှင်းပြသည်။ အဆိုပါ myordbok/ သို့ ဝင်ရောက်လေ့လာကာ ဘာသာပြန်လိုသူများအနေဖြင့် ဘာသာမပြန်မီ အဆိုပါဆိုက်၏ လုပ်ဆောင်ချက်များကို ကြိုတင်လေ့လာသင့်ကြောင်း သိရပြီး အဆိုပါ ဆိုက်မှာလည်း အင်တာနက် သုံးစွဲသူများအကြား မေလ နောက်ဆုံးပတ်အတွင်းနှင့် ဇွန်လ ပထမပတ်အတွင်းမှာပင် အသုံးပြုမှု များပြားလာကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "" မသိသေးတဲ့သူများအတွက် ရည်ညွှန်းပါသည်။ myanmarfamily.org/forum/showthread.php?t=23258 မှ ကူးယူဖော်ပြပါသည်။ Posted by စိတ်ကူးပျော်ရာ စာအမျိုးအစား နည်းပညာ ...... ( မိုက်တယ် .... suon won ) System Unit တစ်လုံးကို Monitor နှစ်လုံးတပ်ဆင် သင်ဟာ အချိန်တစ်ချိန်ထဲမှာ မတူညီတဲ့ အလုပ်တွေကို လုပ်နေပြီး Program များကိုလည်း အများအပြားဖွင့်ထားတဲ့အခါ Monitor တစ်လုံးထဲကနေ အလုပ်လုပ်ဖို့ဆိုလျှင် အဆင်မပြေနိုင်ပါဘူး။ ဒီအတွက် Monitor နှစ်လုံးကို ချိတ်ဆက်ပြီး PC တစ်လုံးထဲတွင် အသုံးပြုခြင်းဖြင့် Multiple Displays အဖြစ် အသုံးပြုနိုင်မှာဖြစ်ပြီး သင်လုပ်ကိုင်နေသော အလုပ်များကို အလွယ်တကူ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် အမျိုးအစားတူညီတဲ့ Monitor နှစ်လုံးနဲ့ Display Adapter လိုအပ်မှာဖြစ်ပါတယ်။ ၁။ Monitor နှစ်လုံးတပ်ဆင်တော့မယ်ဆိုရင် ပထမဦးစွာ သင့်ရဲ့ ကွန်ပျူတာကို Shutdown ချထားပါ။ ၂။ ထို့နောက် Monitor နှစ်လုံးကို Display Adapter နဲ့ချိတ်ဆက်ထားလိုက်ပါ။ ၃။ သင့်ကွန်ပျူတာရဲ့ စနစ်ကို စတင်ဖွင့်ပြီး Display Setting ချိန်ညှိပေးပါ။ ၄။ Desktop ပေါ်တွင် Right Click နှိပ်ပြီး "Window XP" ဆိုလျှင် Properties ကို ရွေးချယ်ပြီး Window Vista ဆိုလျှင် "Personalize" ရွေးချယ်ပေးပါ။ Display Properties Box ကျလာပါလိမ့်မယ်။ Display Setting ကို ရွေးချယ်ပေးလိုက်ပါ။ ၅။ ဒုတိယတပ်ထားသည့် Monitor ကို ရွေးချယ်လိုက်ပါ။ ၆။ အားလုံးပြီးသွားပြီဆိုလျှင် Apply Button ကို Click နှိပ်ပြီး OK ကို Click နှိပ်လိုက်ပါ။ Monitor နှစ်လုံးကို System Unit တစ်လုံးထဲတွင် တပ်ဆင်ပြီး စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ Source by :onlineictreader/ By: Suon Won Myanmar Mobile Users Group
Posted on: Fri, 02 Aug 2013 11:57:49 +0000

Trending Topics



Recently Viewed Topics




© 2015