မြန်မာနိုင်ငံတွင် - TopicsExpress



          

မြန်မာနိုင်ငံတွင် ပထမဦးဆုံးခရီးသွားကြိုတင်ငွေဖြည့်ကတ်ထုတ်ဝေလိုက် (5.11.2013) ********************************************** မြန်မာနိုင်ငံတွင်ပထမဦးဆုံး ခရီးသွားကြိုတင်ငွေဖြည့်ကတ်(EASI Travel Master Card)ကို ထုတ်ဝေလိုက်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်နှင့် ချိတ်ဆက်ကာငွေပေးချေမှုဆိုင်ရာများကို ပြုလုပ်နိုင်ပြီဖြစ်သည်ဟုသိရသည်။ယခုလိုအပြည်ပြည်ဆိုင်ရာငွေပေးချေမှုနည်းပညာကွန်ရက် လုပ်ငန်းလိုင်စင် ကို မြန်မာနိုင်ငံအတွက် ပထမဦးဆုံးဘဏ်တစ်ခုအနေနှင့် CB Bank နှင့် ချိတ်ဆက်ခြင်းဖြစ်ပြီး နိုင်ငံတကာတွင် Easi travel master card ဖြင့် ငွေသားထုတ်ယူခြင်း၊ ချေးသည့်အခါတွင် ဘဏ်နှင့်ပေးချေခြင်း၊ Online မှနိုင်ငံတကာ website များတွင် ဈေးဝယ်ယူခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ် သည်။ Master Card သုံးစွဲမည့်သူများအနေဖြင့် အသက်(၂၁)နှစ်ပြည့်ပြီး သူဖြစ်ရန်လိုအပ်ပြီး ကနဦးစာရင်းဖွင့်စဉ်တွင် အနည်းဆုံးအမေရိကန်ဒေါ်လာ ၅၀ နှင့်စတင်၍ အများဆုံးကြိုတင်ငွေဖြည့်သွင်းထားနိုင်သော ပမာဏက အမေရိကန်ဒေါ်လာ(၅၀၀၀)နှင့်ညီမျှသော မြန်မာကျပ်ငွေဖြစ်သည်။ ယခုလိုပေးသွင်းရာတွင် ငွေလဲလှယ်မှုနှုန်းက ထည့်သွင်းသည့်နေရာ CB Bank ကသတ်မှတ်ထားသော Selling Rate အတိုင်းထည့်သွင်းပေးရမည် ဖြစ်ပြီး အနည်းဆုံးကတ်ထဲတွင် ချန်ထားရမည့်လက်ကျန်ငွေပမာဏက အမေရိကန်ဒေါ်လာ (၂၀)ဖြစ်သည်။ Master Card တွင်ငွေဖြည့်သွင်း ရန်အတွက် မြန်မာကျပ်ငွေကိုသာ အသုံးပြုနိုင်ပြီး Prepaid Card ကို ပိတ်သိမ်းလိုသည့်အခါတွင် ပိုင်ရှင်အနေနှင့် သက်တမ်း(၅)နှစ် မပြည့်မီ ပိတ်သိမ်းခွင့်ရှိမည်ဖြစ်သည်။ ပိတ်သိမ်းရန်လျှောက်ထားပြီးသည့်အခါတွင် ရက်ပေါင်း(၃၀)အတွင်း ငွေပြန်ထုတ်ပေးသွားမည်ဟုသိရသည်။ ပြည်ပတွင် ငွေကြေးသုံးစွဲသည့်အခါ မြန်မာနိုင်ငံသားများအနေနှင့် လွယ်ကူစေရန် ရည်ရွယ်ချက်နှင့်ယခုလို Prepaid ကတ်ကို ထုတ်လုပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပိတ်ဆို့တားမြစ်ခြင်းကို အမေရိကန်နိုင်ငံက(၂၀၁၂)ခုနှစ် ဇူလိုင်လမှစတင်ကာဖြေလျော့ပေးခဲ့ပြီး နောက် မြန်မာနိုင်ငံ၏ အနာဂတ်ဘဏ်လုပ်ငန်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုအဆင့်တစ်ခုဖြစ်သည်ဟု နိုဝင်ဘာ(၄)ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သော Master ကတ် မိတ်ဆက်ပွဲမှ သိရသည်ဟု သိရသည်။
Posted on: Tue, 05 Nov 2013 07:06:13 +0000

Trending Topics



d or whatever (and have had several
Brilliant Answers by a Student who got 0% Marks.. Q.1- In which
QERIDOS AMIGOS MIL DISCULPAAS AQIEN VIO DESAFORTUNADO COMENTARIO Q

Recently Viewed Topics




© 2015