ယာဉ်မှားရပ်မိ၍ Jake Gyllenhaal - TopicsExpress



          

ယာဉ်မှားရပ်မိ၍ Jake Gyllenhaal ချလန် အဖြတ်ခံရ Brokeback Mountain ဇာတ်ကားဖြင့် ကမ္ဘာကျော် ရုပ်ရှင်မင်းသားတစ်ဦး ဖြစ်လာသူ အမေရိကန်နိုင်ငံသား ဟောလိဝုဒ်သရုပ်ဆောင် Jake Gyllenhaal သည် အနောက်ဟောလိဝုဒ်အရပ်ရှိ စားသောက်ဆိုင်တစ်ခုတွင် နေ့လယ်စာ စားသောက်ရန် လာရောက်စဉ် အမျိုးသမီးယာဉ်မောင်းများသာ ရပ်နားရမည့် ကားပါကင်၌ မှားယွင်းရပ်မိသောကြောင့် ဒဏ်ငွေပေးဆောင်ရန် ချလန် အဖြတ်ခံခဲ့ရကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် သရုပ်ဆောင်လောကသို့ ၀င်ရောက်လာသူ အသက် ၃၂ နှစ် အရွယ်ရှိ Gyllenhaal သည် အဖြူရောင် တီရှပ်၊ အပြာရောင် ဂျင်းဘောင်းဘီတို့ကို ၀တ်ဆင်ကာ စားသောက်ဆိုင်သို့ လာရောက် စဉ် ၎င်း၏ အမည်းရောင် Audi ကားကို နေရာမှားယွင်းရပ်နားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စားသောက်ဆိုင်သို့ရောက်ရှိပြီး သိပ်မကြာမီမှာပင် စည်ပင်ဝန်ထမ်းတစ်ဦးက ကားမှန်ပေါ်၌ ချလန်လာကပ်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း နာမည်ကျော် အနုပညာရှင်များဖြစ်သည့် တေလာဆွစ်ဖ်၊ ရိစ်ဝိသာစပွန်း၊ အယ်လီဆာမေလာတို့မှာလည်း ချလန်အဖြတ်ခံခဲ့ရသေးသည်။
Posted on: Wed, 21 Aug 2013 20:37:41 +0000

Trending Topics



Recently Viewed Topics




© 2015