လူကြီးများမတွေ့သေးသည့် - TopicsExpress



          

လူကြီးများမတွေ့သေးသည့် အဖြေတစ်ခု လူငယ်များရှာဖွေနိုင်ရန် တိုင်းရင်းသားလူငယ် ၂၅ဖွဲ့ မန်းတွင် တွေ့ဆုံဆွေးနွေးမည် Tuesday, September 24, 2013 အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် တိုင်းရင်းသားလူငယ် ၂၅ဖွဲ့သည်မန္တလေးတွင် သုံး ရက် ကြာတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဆောင်ပွဲစီစဉ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(မန္တလေးခရိုင်)မှ သတင်းရရှိသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင် စုပေါ်ပေါက်ရေးတွက် လူငယ်တိုင်းရင်းသား တွေစုံစုံလင်လင် နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်။ အားလုံးလက်ခံတဲ့အဖြေတစ်ခုရရင် သဘောထားကြေငြာချက် တစ်ခုထုတ်ပြန်မယ်။ လူကြီးတွေ မတွေ့သေးတဲ့အဖြေတစ်ခုကျွန်တော်တို့ လူငယ်တွေ ရှာဖွေနိုင်ဖို့ ဒီပွဲကိုမျှော် လင့်ထားတယ်ဟု ကျောင်းသားများသမဂ္ဂ(မန္တလေးခရိုင်)မှ ဥက္ကဌ ကိုဆွေ လင်းထွန်းက ပြောသည်။ အဆိုပါပွဲသို့၊ ကယန်း ကျောင်းသားများသမဂ္ဂအဖွဲ့၊ ချင်းကျောင်းသားများသမဂ္ဂအဖွဲ့၊ ကချင်အမျိုးသမီးအဖွဲ့၊ ကယန်းလူငယ်အဖွဲ့၊ ကရင်နီကျောင်းသားများသမဂအဖွဲ့၊ မွန် Unity Leauge အဖွဲ့၊ ပအိုဝ်လူငယ်အဖွဲ့၊ ပလောင်အမျိုးသမီးအဖွဲ့၊ တအောင်းကျောင်းသားအဖွဲ့၊ မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့၊ ရခိုင်လူငယ်အဖွဲ့၊ NLD လူငယ်အဖွဲ့ စသည့် တိုင်း ရင်းသားလူငယ်အဖွဲ့ ၂၅ဖွဲ့ တွေ့ဆုံဆွေးနွေး ကာ အားလုံးသဘောတူညီသည့် သဘောထားကြေငြာချက်တစရပ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မန္တလေးခရိုင်)မှ ဥက္ကဌ ကိုဆွေ လင်းထွန်းက ပြောသည်။ ဖိုးလပြည့် Popular Myanmar News Journal
Posted on: Tue, 24 Sep 2013 10:49:21 +0000

Trending Topics



Recently Viewed Topics




© 2015