အွန်လိုင်း တိုက်ရိုက် - TopicsExpress



          

အွန်လိုင်း တိုက်ရိုက် ချိတ်ဆက်နိုင်သော ကင်မရာများ Canon ထုတ် Friday, August 23, 2013 ကင်မရာ ထုတ်လုပ်မှုတွင် ဆန်းသစ်မှုကို ဦးစားပေးတတ်သော Canon ကုမ္ပဏီသည် PowerShot လိုင်း ကင်မရာများတွင် အွန်လိုင်းဖြင့် ချိတ်ဆက် လုပ်ဆောင်နိုင်မှုကို အလေးထားလာကြောင်း CNET သတင်းတွင် ဖော်ပြ ထားသည်။ နောက်ပိုင်းထုတ် ကင်မရာများတွင် Wi-Fi ဆက်သွယ်ရေး စနစ်များ ထည့်သွင်းလာပြီး PowerShot G16 နှင့် S120 ကင်မရာများအပြင် PowerShot SX 510 HS ကင်မရာများတွင်ပါ ဈေးနှုန်း သက်သာစေရုံမက အွန်လိုင်းနှင့် ချိတ်ဆက်ပြီး ပုံများကို ပို့ဆောင်နိုင်ရန် စီစဉ်ပေး လာကြောင်း တွေ့ရသည်။ PowerShot ကင်မရာများတွင် Wi-Fi နှင့် Facebook, Twitter, Flickr တို့ကိုပါ ချိတ်ဆက် သုံးနိုင်ပြီး Canon Image Gateway ဝန်ဆောင်မှုက တစ်ဆင့် ဆိုရှယ် ကွန်ရက်များနှင့် ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို CIG ဆော့ဖ်ဝဲကို တက်ဘလက်နှင့် စမတ်ဖုန်းများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်ကြောင်း Canon က ဆိုသည်။ The Voice Weekly
Posted on: Fri, 23 Aug 2013 08:49:11 +0000

Trending Topics



Recently Viewed Topics




© 2015