အားလုံးပဲမင်္ဂလာပါ။Arise Myanmar - TopicsExpress



          

အားလုံးပဲမင်္ဂလာပါ။Arise Myanmar မှ ဆက်မော် ဖြစ်ပါတယ။် ဒီတစ်ခေါက် စာဖတ်သူတို့ကို ပြောပြချင်တာကတော့ ယခု ကျွန်တော်တို့ ကုမ္ပဏီမှာ ဖတ်နေတဲ့ ဂျပန်လူမျိုး Inamori San ရေးသားထားသောအလုပ်လုပ်ပုံလုပ်နည်းစာအုပ်ထဲက အချက်လေးတစ်ချက်ဖြစ်ပါတယ်။အဲဒါကတော့လူတော်တော်များများက အလုပ်ကို၉၉%လောက်ပြီးပြီဆိုရင်ပြည့်စုံပြီလို့ ယူဆပြီးတော့နေတတ်ကြပါတယ်။ စာရေးသူကတော့ အဲဒီလိုမနေဘဲ ၁၀၀%အထိ ပြီးပြည့်စုံအောင် လုပ်ရမယ်လို့ရှင်းပြထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ လူတွေက အဲဒီလို ပြီးပြည့်စုံအောင်မလုပ်တဲ့အတွက် ၉၉%လောက်အောင်မြင်အောင်လုပ်ခဲ့ရတဲ့အချိန် ၊ ငွေ ၊ ကြိုးစားအားထုတ်မှု၊ မိမိကိုယ့်ကိုယုံကြည်မှု နှင့်အောင်မြင်မှုတွေကို မလုပ်ခဲ့မိတဲ့ ၁% ကြောင့်ဆုံးရှုံး သွားရ တတ်ပါတယ်။ ဥပမာပေးရလျှင် ကျောင်းသားဘ၀မှာ ဆိုပါစို့ စာမေးပွဲဖြေဖို့တစ်လလောက်အလိုထိ စာကျက်ခဲ့ပေမယ့် စာမေးပွဲဖြေခါနီးမှ စာမကျက်တဲ့အတွက်စာမေးပွဲမှာ စာတွေမေ့သွားပြီး မဖြေနိုင်ဖြစ်သွားမှာသေချာပါတယ်။ ထို့အတူ စီးပွားရေးနယ်ပယ်မှာလည်း အကျိုးအမြတ်များတဲ့ project ကြီး တစ်ခုကိုရဖို့ယှဉ်ပြိုင်ကြတယ်ဆိုပါစို့။ အဲဒီမှာ အရည်အချင်းတူတဲ့ ကုမ္ပဏီ နှစ်ခုကို နှိုင်းယှဉ် လိုက်ရင်ဘယ်အရာကိုမဆို ၁၀၀% သေချာအောင် လုပ်တဲ့ ကုမ္ပဏီ ကရပြီး ၉၉%သာလုပ်ပြီး၁%ကို မလုပ်တဲ့ ကုမ္ပဏီက ရမှာမဟုတ်ပါဘူး။ ရတဲ့ ကုမ္ပဏီက အကျိုးအမြတ် များများရပြီး အလုပ်အခွင့်အလမ်းများလည်းရရှိပါမည်။ မရတဲ့ကုမ္ပဏီ ကတော့ ဘာမှ ရမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့်စာဖတ်သူတို့လည်းမည်သည့်အလုပ်ကိုမဆို ၁၀၀% သေချာအောင်လုပ်ကြပါလို့ အကြံပေးရင်း နိဂုံးချုပ်လိုက်ပါရစေ။ကျေးဇူးတင်ပါတယ်။
Posted on: Tue, 30 Jul 2013 06:09:54 +0000

Trending Topics



Diary of Iris Vaughan Having boarded the train at Thebus,

Belted Llama Wrap Coat Read more :
Tomorrow night there is a FREE halloween themed stand-up show

Recently Viewed Topics




© 2015