အထိန်းသိမ်းခံ - TopicsExpress



          

အထိန်းသိမ်းခံ ကျောင်းသားများ ပညာဆက်လက်သင်ယူခွင့် ရရေး ဒေါ်အောင်ဆန်းစုကြည် အကြံပေး တက္ကသိုလ်တက်ဆဲတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသော ကျောင်း သားလူငယ်များ ပညာဆက် လက်သင်ယူနိုင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများအပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီသို့ ပူးတွဲပေးပို့ပါ က လွှတ်တော် အစည်းအဝေး တွင် မေးခွန်းမေး မြန်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်း ပခဲ့ သော အဆင့်မြင့် ပညာရေးမြှင့်တင်ရေး အလုပ် ရုံဆွေးနွေးပွဲ၌ တက္ကသိုလ်ပညာသင်ယူဆဲ ဖမ်း ဆီးထိန်းသိမ်းခံခဲ့ရပြီး ကျောင်းပြန်လည်တက် ရောက် ခွင့်မရရှိခဲ့သော ကျောင်းသားလူငယ် အချို့နှင့် တွေ့ဆုံစဉ် တွင် ဒေါ်အောင်ဆန်းစုကြည် က ယခုလို အကြံပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ နိုင်ငံတော်သမ္မတ၊ သမ္မတရုံးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ပညာဆက်လက်သင် ယူနိုင်ရေးအ တွက် တင်ပြစာပူးတွဲပေးပို့ ရန် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ကော်မတီ ထံ ရောက်ရှိလာပါက လွှတ်တော်၌ တရားဝင်မေး ခွန်းအဖြစ် မေးမြန်းေ ပးနိုင်မည်ဖြစ်ကြောင်း အကြံပြုခဲ့သည်ဟု တွေ့ဆုံရာ၌ ပါဝင်ခဲ့သူအချို့ က ဆိုသည်။ 'ဒီတစ်ပတ်ထဲမှာ စာတင်ပြသွားဖို့ ရှိပါ တယ်'ဟု တွေ့ဆုံရာ၌ ပါဝင်ခဲ့သူ အနောက်ပိုင်း တက္ကသိုလ်မှ ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်း သားကိုဒီငြိမ်းလင်းက ပြောသည်။ ယခင်အကြိမ်များစွာကလည်း ပညာဆက် လက်သင်ယူနိုင်ရေး အတွက် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တက္ကသိုလ်ပါမောက္ခချုပ်များထံ စာပေးပို့ တင်ပြ ခဲ့သော်လည်း ပညာဆက်လက်သင်ယူနိုင်ရေး အတွက် နေ့ကျောင်းတက်ရောက်ရန် ခွင့်ပြုခြင်း မရှိခဲ့ကြောင်း၊ အဝေးသင်တက္ကသိုလ်သာ တက် ရောက်ခွင့်ပြု ခဲ့ကြောင်း ပညာဆက်လက်သင် ကြားခွင့် ပိတ်ပင်ခံထားရသူကျောင်းသား လူငယ် အချို့က ဆိုသည်။ 'အရင်တုန်းကတင်ထားတဲ့ အချက်အ လက်တွေ၊ နောက်သက် ဆိုင်ရာက တုံ့ပြန်ထားတဲ့ အချက်အလက်တွေကိုပါစုပြီး ပို့ပေးဖို့ သူ (ဒေါ် အောင်ဆန်းစုကြည်)က အကြံပေးတာပါ။ အဲလို ပို့ရင် သူကလွှတ်တော် မှာမေးခွန်းအဖြစ်တင် ပြ ပေးသွားမယ်ပြောတယ်'ဟု တွေ့ဆုံရာ၌ ပါဝင်ခဲ့ သူ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူ မဖြိုးဖြိုးအောင်က ပြောသည်။ နိုင်ငံရေးလုပ်ဆောင်မှုကြောင့် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရေ သာ ကျောင်းသားလူငယ်များသည် အကျဉ်းထောင်များမှ ပြန်လည် လွတ်မြောက်လာ ပြီးနောက်ပိုင်း နေ့ကျောင်းပညာဆက်လက်သင် ကြားခွင့်မရရှိခဲ့သည်မှာ ခေတ်အဆက်ဆက်ဖြစ် ပြီး ယင်းအစဉ်အလာ အား ချေဖျက်နိုင်ရန် နေ့ ကျောင်းပြန်တက်ခွင့်ကိုသာ ရရှိအောင်တောင်း ဆိုသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ 'မူအရ ဒါကို မဖြစ်ဖြစ်အောင် လုပ်သွား မယ်'ဟု မဖြိုးဖြိုးအောင် က ပြောသည်။ ၂ဝဝ၇ ခုနှစ်ကဖြစ်ပွားခဲ့သော သံဃာအ ရေးအခ င်းကြောင့် ကျောင်းသားလူငယ်အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၄င်းတို့ အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာသော်လည်း တက္ကသိုလ် ပြန် လည်တက်ရောက်ခွင့် ပိတ်ပင်ခံ ထားရဆဲဖြစ်သည်။ ယင်းနှင့်ပတ်သက် ၍ ၂ဝ၁၂ ခုနှစ် မတ်လ ၁၆ ရက်ကတစ်ကြိမ်၊ ဒီဇင်ဘာက တစ်ကြိမ် နိုင်ငံတော် သမ္မတထံ ကျောင်းတက်ခွင့် ပြုရေး စာရေးသား တင်ပြထားခဲ့ကြောင်း သိရ သည်။ ဥာဏ်လင်းအောင် Popular Myanmar News Journal
Posted on: Sat, 06 Jul 2013 07:25:56 +0000

Trending Topics



Recently Viewed Topics




© 2015