ဥာဏ်ပညာလမ်း 26.09.2013 ဖတ်ရန်: - TopicsExpress



          

ဥာဏ်ပညာလမ်း 26.09.2013 ဖတ်ရန်: ဆာ ၃၈း၁-၁၅ အကြောင်းမူကား အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ကိုးစားပါ ၏။ အကျွန်ုပ်၏အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူ မည်။ ဆာ ၃၈း၁၅ သမ္မာကျမ်းစာ တစ်နှစ်တာ: □ ဟေရှာ ၁-၂ □ ဂလာ ၅ “စကြဝဠာနှင့် လူ၏မိုက်မဲမှုသည် အတိုင်းမသိ၊ စကြဝဠာတော့ မပြောတတ်ဘူး၊ လူ၏မိုက်မဲမှုကတော့ တကယ်ပဲ အတိုင်းအတာမဲ့၊ အတောမသတ်နိုင်”ဟူသည့်စကားကို အဲလ်ဘတ် အိုင်းစတိုင်း ပြောသည်ဟု ကြားဖူးသည်။ အကန့်အသတ်မဲ့ မိုက်တွင်းနက်သည့်သဘောက ဆိုးပါသည်။ ဝမ်းနည်းစရာဖြစ်သည်၊ မိမိ၏ မိုက်မဲမှုကြောင့် ထိခိုက်နစ်နာစေသည်။ ထို ရွေးချယ်မှုကြောင့် ဖြစ်လာမည့်အကျိုးဆက်ကို မသိနိုင်။ ဆာလံ ၃၈ တွင် ဒါဝိဒ်သည် နောင်တရလျက်၊ သူ၏ရုန်းကန်မှုကို ဘုရားထံ မြည်တမ်း လျှောက်ထားသည်။ သူ့အားနည်း ချို့ယွင်းချက် အပြစ်များ၊ ထိုအားနည်းချက်ကြောင့် ခံစားရသည့် နာကျင်သော အကျိုးဆက် များကို ပြန်လည်ဆင်ခြင်ရေတွက်ရင်း သိုးထိန်းမင်းကြီးက “အကျွန်ုပ်မိုက်သောအမှု ကြောင့် အနာတို့သည် နံစော်၍ ရိရွဲလျက်ရှိကြပါ၏” (း၅) ဟု အမြော်အမြင်နှင့်သုံးသပ် ခဲ့သည်။ ဆာလံဆရာက သူ၏ရွေးချယ်မှုနှင့်ဆိုးဝါးသောအနာအကြောင်း အသေးစိတ် ပြောမထားသော်လည်း ထိုရလဒ်များ၏အရင်းခံဇစ်မြစ်သည် သူ၏မိုက်မဲမှုကြောင့် ဖြစ်သည်ဟု ဒါဝိဒ်မင်း ဝန်ခံခဲ့သည်။ ပျက်စီးစေသော မိုက်မဲမှုသဘောကို ဖြေရှင်းရန် ဘုရား၏ဥာဏ်ပညာတော် ကို ဖက်ယမ်းရပေမည်။ သု ၉း၁၀ တွင် “ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာ၏ မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသည့်သဘောသည် ဥာဏ် ဖြစ်၏”ဟု သတိပေးအမှတ်ရစေသည်။ မိမိကို ပြုပြင်ပြောင်းလဲပေးရန် ဘုရားသခင်ကို အခွင့်ပေးမှသာ ဘေးအန္တရာယ်ကို အောင်မြင်နိုင်လိမ့်မည်။ ကိုယ်တော်၏မေတ္တာနှင့် လမ်းပြမှုအားဖြင့် တရားနှင့်ယှဉ်သောပညာလမ်းသို့ လိုက်လျှောက်နိုင်လိမ့်မည်။ — Bill Crowder ချစ်သောအဖဘုရား၊ မိုက်တွင်းနက်သော မိုက်မဲမှုသဘောကို ခွင့်လွှတ်ပါ။ ကိုယ်တော် နှစ်သက်ပြီး တစ်ပါးသူအား ကောင်းချီး ဖြစ်စေသော ဘ၀ဖြင့် ရှင်သန်နိုင်ရေး ပညာတော်နှင့် သွန်သင်မူပါ။ နှိမ့်ချလျက် တောင်းခံသူများအား ဘုရား၏ပညာဥာဏ်ကိုပေးလိမ့်မည်။ The Path Of Wisdom September 26, 2013 — by Bill Crowder Subscribe on iTunes Play MP3 (Mobile) Our Daily Bread Radio is hosted by Les Lamborn Read: Psalm 38:1-15 In You, O Lord, I hope; You will hear, O Lord my God. —Psalm 38:15 Bible in a Year: Isaiah 1-2; Galatians 5 Albert Einstein was heard to say, “Only two things are infinite, the universe and human stupidity, and I’m not sure about the former.” Sadly, it does seem that far too often there is no limit to the foolishness we get ourselves into—or the damage we create by our foolishness and the choices it fosters. It was in such a season of regret that David poured out his struggle and complaint to God in Psalm 38. As he recounted his own failings, as well as the painful consequences he was enduring because of those failings, the shepherd-king made an insightful comment: “My wounds are foul and festering because of my foolishness” (v.5). Although the psalmist does not give us the details of those choices or of his worsening wounds, one thing is clear—David recognized his own foolishness as their root cause. The answer for such destructive foolishness is to embrace the wisdom of God. Proverbs 9:10 reminds us, “The fear of the Lord is the beginning of wisdom, and the knowledge of the Holy One is understanding.” Only by allowing God to transform us can we overcome the foolish decisions that cause so much trouble. With His loving guidance, we can follow the pathway of godly wisdom. Loving Father, forgive me for the seemingly limitless capacity I have to be foolish. Teach me in Your wisdom, so that my life might be pleasing to You and a blessing to others around me. God’s wisdom is given to those who humbly ask Him for it. ဖတ်ရန်: ဆာ ၃၈း၁-၁၅ အောက်မေ့စေခြင်းငှါစပ်ဆိုသော ဆာလံ၊၊ ၁အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်၊၊ ပြင်းစွာသော စိတ်တော်ရှိ ၍ ဆုံးမတော်မမူပါနှင့်၊၊ ၂မြှားတော်တို့သည် အကျွန်ုပ်၌ စူးဝင်၍ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက် ရှိပါ၏၊၊ ၃အမျက်တော်ထွက်သောကြောင့် အကျွန်ုပ်အသားသည် ကျန်းမာခြင်းမရှိပါ၊၊ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်းမရှိပါ၊၊ ၄အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကို လွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏၊၊ ၅အကျွန်ုပ်မိုက်သော အမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိ ကြပါ၏၊၊ ၆အကျွန်ုပ်သည် ပြင်းထန်စွာ ခံရ၍ အလွန်နှိမ့်ချလျက် ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် တနေ့လုံး သွားရပါ၏၊၊ ၇အကျွန်ုပ်ခါးသည် ပူလောင်သော အနာစွဲ၍ အသားသည်လည်း ကျန်းမာခြင်းမရှိပါ၊၊ ၈နုန့်နဲခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏၊၊ ၉အိုထာဝရဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်း ကိုလည်း အကြွင်းမဲ့သိတော်မူ၏၊၊ ၁ဝအကျွန်ုပ်၏ နှလုံးတုန်လှုပ်၍ ခွန်အားလည်းကုန်ပါပြီ၊၊ မျက်စိအလင်းလည်း ကွယ်ပျောက်ပါပြီ၊၊ ၁၁အကျွန်ုပ်၏ အဆွေခင်ပွန်း အပေါင်းအဘော်တို့သည် အကျွန်ုပ်အနာရောဂါကြောင့် ဝေးဝေး ရပ်လျက် ပေါက်ဘော်တို့သည်လည်း ရှောင်လျက် နေကြပါ၏၊၊ ၁၂အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် တနေ့လုံး မနာလို သော စကားကို ပြော၍ မကောင်းသော ပရိယာယ်ကို ကြံစည်ကြပါ၏၊ ၁၃ အကျွန်ုပ်မူကား နားပင်းသော သူကဲ့သို့ မကြား။ နှုတ်ကိုမဖွင့်တက်သောလူကဲ့သို့ ဖြစ်ပါ၏၊၊ ၁၄နားမကြား၊ ပြန်၍မငြင်းနိုင်သောသူကဲ့သို့ဖြစ်ပါ၏။ ၁၅အကြောင်းမူကား၊ အိုထာဝရဘုရား ကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏၊၊ အကျွန်ုပ်၏အရှင်ဘုရားသခင် ကိုယ်တော်သည် ပြန်ပြော တော်မူမည်။ A psalm of David. A petition. 1 O LORD, do not rebuke me in your anger or discipline me in your wrath. 2 For your arrows have pierced me, and your hand has come down upon me. 3 Because of your wrath there is no health in my body; my bones have no soundness because of my sin. 4 My guilt has overwhelmed me like a burden too heavy to bear. 5 My wounds fester and are loathsome because of my sinful folly. 6 I am bowed down and brought very low; all day long I go about mourning. 7 My back is filled with searing pain; there is no health in my body. 8 I am feeble and utterly crushed; I groan in anguish of heart. 9 All my longings lie open before you, O Lord; my sighing is not hidden from you. 10 My heart pounds, my strength fails me; even the light has gone from my eyes. 11 My friends and companions avoid me because of my wounds; my neighbors stay far away. 12 Those who seek my life set their traps, those who would harm me talk of my ruin; all day long they plot deception. 13 I am like a deaf man, who cannot hear, like a mute, who cannot open his mouth; 14 I have become like a man who does not hear, whose mouth can offer no reply. 15 I wait for you, O LORD; you will answer, O Lord my God.
Posted on: Thu, 26 Sep 2013 07:19:02 +0000

Trending Topics



Recently Viewed Topics




© 2015