ဦးနှောက်ယိုစီး မှုကို - TopicsExpress



          

ဦးနှောက်ယိုစီး မှုကို လူတိုင်းသိပြီး ဖြစ်မှာ ပါ... ၂ မျိုးရှိပါသတဲ့ ပညာတတ် တွေ ကိုယ့်နိုင်ငံ အတွက် အလုပ်မလုပ် ပဲ..သူများနိုင်ငံထွက်သွား တာ...External Brain-Drain ပညာတတ် တွေ ကိုယ်နိုင်ငံထဲမှာပဲ..ဒီပညာ နဲ့ဆိုင်တဲ့ အလုပ် မလုပ်တာ.. ဥပမာ..ကျနော့်အဖေ zoology နဲ့ ပြီးတယ် အိမ်မှာ ဆိုင်ထိုင်တယ်...chemistry နဲ့ပြီး တယ် ကားရောင်းမယ်..ဒေါက်တာဘွဲ့ရတယ် ကျောက်ဝိုင်းသွားထိုင်တယ်....အဲသလို မျိုး တွေ က Internal Brain-Drain ပေါ့ .. လူတိုင်းသိပြီးသား ပါ ပြန်နွေးနေတာ.. ဘာဖြစ်လို့လဲ ဆို တော့ အခု ဟာက ကော်လာဖြူရော ကော်လာပြာ ပါ..drain နေတာ လေ...ကြွက်သား ယိုစီး မှု လို့ တောင် ခေါ်မရ မလား....ပညာတတ် တွေတင် မဟုတ် ဖူး..လက်လုပ်လက်စား အခြေခံလူတန်းစား တွေ လုပ်အား တွေ ပါ အကုန် လုံး ပြည် ပ ကို ဒရိန်း ကုန်ပြီလေ.. ကျနော်တလော က ရွာတရွာ ကို ရောက်တယ် စပါးတွေက မှည့် နေပြီ..သိမ်းမဲ့ လူမရှိဘူး...သူရင်းငှါး လည်းမရှိတော့ဘူး...သက်ကြီးရွယ်အို ရယ် ကလေးပုတုကွေးရယ် သုတို့ အမေ သက်လတ် ပိုင်းတွေ ပဲရှိတော့တယ် ရွာ မှာ ..စပါးသိမ်းဖို့ ကြာနေကြပြီ..တချို့ လယ်တွေလဲ တပ်ကသိမ်းသွားပြိ.. မေးကြည့်တော့ လူငယ်လူလတ် ပိုင်းတွေ ယောကျာင်္း မိန်းမ အကုန် အင်ဒို ..မလေး..ထိုင်း..စကာင်္ပူ အလုပ်သွားလုပ် နေကြပြီ တဲ့... ကလေးတွေ က မြို့ ပေါ်က လက်ဖက်ရည်ဆိုင်တွေ မှာ..အိမ်ဖော် နေရာမှာ...ယောကျာင်္း လေးတွေ က ဝိတ်တာ နေရာမှာ စင်တင်မှာ..ဒရိုက်ဘာ နေရာမှာ ..မိန်းကလေးတွေ က စက်ချုပ်ဆိုင် စတိုးဆိုင်...အိမ်ဖော် မာဆက် ..ဘာညာ ..အဲသလို နေရာ တွေ မှာ.. ဒါကလည်း အမြဲ မဟုတ်ဖူး နော် ပိုက်ဆံ စုလို့ရရင် ...နိုင်ငံခြား ထွက်လုပ်မှာ....ဒါပဲ. ပြောရရင် ရှိသင့်တဲ့ လုပ်အားတခု ..က သူ့နေရာနဲ့ သူမရှိဘူး ပေါ့ဗျာ...ပြည်တွင်းမှာ... အခုခေတ်က ရှေးတုန်းကလို..ငါတို့ကသခင် မျိုး ဟေ့ ..ဒီလို အခြေခံအလုပ်တွေ မလုပ်ဘူး..လာခဲ့ကုလားတွေ ..လာခဲ့နီဂရိုး တွေလဲ လုပ်လို့မရတော့ဘုး..(လုပ်ခဲ့ဘူးလို့ တက်ခဲ့ ပြဿနာ တွေ ကြည့်ပါ အမေရိကန် တောက်ပိုင်းမြောက်ပိုင်း ပြည်တွင်းစစ်၊.မြန်မာပြည် ဘဂါင်္လီ ခြိမ်းခြောက်မှု ) တွေ ..ကြည့်ပါ.. အဲတော့ဘာဖြစ်တုန်း ပြည်တွင်းမှာ ကမောက်ကမ ဖြစ်မှာပေါ့..ရှင်းရှင်းလေးပဲ...လုပ်အား မညီမျှမှု..က စရင် ဆန်တောင် နောက်ဆိုပြည်ပ က တင်သွင်းရတော့မယ်... ဒါတောင် စပါးပြဿနာ တခုထဲ နော် နောက်တခြားဟာ တွေရှိဦးမှာ လာဦးမှာ.. ဘာလို့ ပြည်ပထွက်လုပ်ကြတာလဲ ရှင်းရှင်းလေးပဲ အလုပ်အကိုင် အခွင့်အလမ်း ကောင်းတယ် .ပိုက်ဆံပိုရတယ် ..တယောက်လုပ် ရင် ရွာက တမိသားစုလုံး ကို ထောက်နိုင်တယ် .. ဒါပေမဲ့..သူများနိုင်ငံဆိုတာ.ပညာတတ်တွေ တောင် အခက်အခဲ အကျပ်အတည် ဖိနိပ် မှု များစွာ နဲ့ ရင်ဆိုင်ပြီး မှ အလုပ်တခု ရတာ.. အခြေခံလူတန်းစား ဆိုရင်ပြော မနေနဲ့လ..ခါးသီးမှု တွေ လူမဆန်မှု တွေ မှတ်ပုံတင် နဲ့ ပတ်စပို့သိမ်းထားတာ..မဝရေစာစား..ခြစ်ကုတ်စု..ဒုက္ခ တွေ ရေးမကုန်ဘူး. အဲလိုတွေ ကြားထဲ က ဘာလို့ များ အသက်နဲ့ ရင်းပြီး သုများ နိုင်ငံ မှာအလုပ် လုပ် ချင်ရတာလဲ... ဒါပါပဲ...ကိုယ့်နိုင်ငံ ..က အဲလိုမိျုး လစာ အဲလိုမျိုး အလုပ်အကိုင် အခွင့်အလန်း ..မရှိလို့ ပေါ...အခြေခံ လိုအပ်ချက် ..တွေ Infrastructure တွေမကောင်း လို့ပေါ့..အလုပ်တွေက ဘဝအာမခံချက် မပေးနိုင်လို့ပေါ့.. ကောင်းကြည့်ပါ့လား.ချက်ချင်းပြန်လာမဲ့ လူတွေ ချည်းပါ..ပဲ..တလောက စင်္ကာပူ မာ PR ပေးတာ ဗမာ ၇၅% လောက်က မယူပါဘူး တဲ့ ..ဘာလို့ဆို အခြေအနေ ကောင်းရင် ကိုယ့်နိုင်ငံ ကို ပြန်လာမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ နဲ့ မို့လို့ပါ... သုများနိုင်ငံ တဝက်လောက်ရရင် ကိုပြန် လာကြမှာပါတဲ့.. အားလုံးကတော့ ကိုယ့်နိုင်ငံကို ချစ်ကြသူ တွေ ချည်းပါပဲ မဖြစ်လို့ထွက်လုပ်ရတာ.. ဘာကြောင့်လဲ ဘယ်လူတစုမှာ တာဝန် ရှိလဲ မေးရင် လုံးချာလည်လိုက် နေတာပါပဲ.. အစိုးရက ပြည်သူနဲ့ မီဒီယာတွေ ကို အမှန်တရားတခု အရှိကိုအရှိအတိုင်း ချမပြဘူး..လူတွေက လည်း ၂ခု လုံးကို မယုံ ဘူး...မီဒီယာကလဲ လိုတာ ဆွဲရေးတယ်..ဘူဇွာတွေကလက်ဝါးကြီးအုပ်မယ် ...အဲတော့ ကောလဟာလ တွေ ပွတယ်...ကေလဟာလ တွေ နားယောင်တယ် ( အင်္ဂလန်မီးအိမ် ဝယ်ဒယ် အင်္ဂလန် ပန်းကန်ပြားဝယ်ဒယ် စံလင်း ပိုက်ဆံအဟောင်း..တောက်တဲ့တရုတ်ပြည်ကဝယ်ဒယ်..ဘာညာ) ချမ်းသာဖို့ အလွယ် လမ်းလိုက် ...အဲ့ကောလဟာလ တွေနောက်လိုက် မွဲ...ပညာတတ်လဲ မွဲ .အခြေခံလူတန်းစား လဲ မွဲတော့ .ထွက်ကြ အလုပ်လုပ်ကြဒါပဲ..ကိုယ့်မိသားစု ရပ်တည် ရှင်သန်ရေးကအရေးကြီးတာ ကိုဗျ.. ဖြစ်သလိုရှန်းကန်ရမှာပဲ..ဒါကောလဟာလပဲ ရှိသေးတယ် တခြား Factors တွေအများကြီး ရေးရင် ကြမ်းတအုပ်ဖြစ်သွား နိုင်လို့  မရေးတော့ဘူး.. နောက်နောင်အစိုး ရများ ကတော့ ပြည်သူလူထု တရပ်လုံး ကို အလုပ်အကိုင် အခွင့်အလန်း တွေ ..ဘဝအာမခံချက် တွေ ယုံကြည်မှု တွေ တည်ဆောက် ပေးနိုင်မဲ့ အစိုးရ ဖြစ်ပါစေခင်ဗျား..မောင်ပေါက်တသက်မှီချင်ပါရဲ့.. ဆရာရာဝဏ ပြောသလိုပဲ...ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတာ ဆိုပေမဲ့ ..စားခါနီး မှ ထမင်းလုပ်ပုတ်ချတတ်တဲ့ အစိုးရ . ရော့ အစိုးရ ညည်းတလုပ် ငါတလုပ် မဝရေစာ စားစေတဲ့..အစိုးရတွေ နဲ့ ထပ်မတွေ့ ပါရစေနဲတော့လို့ . ဆုတောင်းလိုက် ပါတယ်ခင်ဗျား.....:-( မောင်ပေါက်စီ.. (ဆေးမန်း)
Posted on: Thu, 30 Jan 2014 05:32:46 +0000

Trending Topics



Recently Viewed Topics




© 2015