နိုင်ငံခြားသား - TopicsExpress



          

နိုင်ငံခြားသား ရှယ်ယာတစ်ဒေါ်လာပါရုံဖြင့် ပြည်ပကုမ္ပဏီဟု သတ်မှတ် မှု ပြင်ဆင်တော့မည် ပြည်တွင်းကုမ္ပဏီတွင် နိုင်ငံခြား သားက ရှယ်ယာတစ်ဒေါ်လာ ပိုင်ဆိုင်ရုံ ဖြင့် နိုင်ငံခြားသားကုမ္ပဏီအဖြစ် သတ် မှတ် ထားသော Burma Company Act 1914 ကို အသစ်ပြန်လည်ရေးဆွဲ လျက်ရှိ ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြော သည်။ 'Asia Development Bank က ပညာရှင်များနဲ့ ကျွန်တော်တို့ ၂ဝ၁၂ ခု နှစ်ကတည်းက စပြီးဆွေးနွေးခဲ့ပါတယ်။ ပညာရှင်တစ်ဦးက ၂ဝ၁၂ ခုနှစ် အောက် တိုဘာမှာ လာရောက်ပြီးတော့ Com-pany Act တွေအားလုံး ကိုလာရောက် လေ့လာခဲ့ပါတယ်။နောက်တစ်ခါ ADB ကနေပြီးတော့ ၂ဝ၁၃ ဇန်နဝါရီမှာပညာ ရှင်များလွှတ်ပြီးတော့ လာရောက်ပြီး တော့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ Burma Company Act ကိုပြန်ပြုပြင်မယ့် အစား Compa-ny Act အသစ်တစ်ခုကို ပြန်ရေးဆွဲတာ က ခေတ်စနစ် နဲ့ လျော်ညီပြီး ကောင်းမွန် အောင် ရည်ရွယ်ချက်ရှိတဲ့အတွက် ADB ပညာရှင်များနဲ့ အားလုံးတိုင်ပင် ပြီးတော့ အသစ်ပြန်လည်ရေးဆွဲလျက် ရှိပါတယ်' ဟု ၄င်းက ပြောသည်။ ယနေ့ကျင်းပသော ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ကြီး ဦးကြည်မြင့် က ယင်းကိစ္စနှင့်စပ်လျဉ်းသည့် မေး ခွန်းကို မေးမြန်းရာ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ Burma Company Act 1914 မှာ နိုင်ငံခြားသားတစ်ဦးက တစ်ဒေါ် လာ တန်ဖိုးရှိရှယ်ယာဝယ်ယူလိုက်သည် နှင့် မြန်မာကုမ္ပဏီသည် နိုင်ငံခြား ကုမ္ပဏီ ဖြစ်သွားကာ မြန်မာနိုင်ငံသားတို့ ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်ေ သာ ပစ္စည်းတို့ကို ပိုင်ဆိုင်ခွင့်မရှိတော့ခြင်း၊ နိုင်ငံ ခြားကုမ္ပဏီ အဖြစ်ပြန် လည်မှတ်ပုံ တင်ရခြင်း၊ မှတ်ပုံတင်ကြေးများပေးသွင်း ရခြင်း၊ အခွန် အကောက်နှင့် ဝန်ဆောင် မှု စရိတ်များ ပေးသွင်းရခြင်းတို့ အပြင် နိုင်ငံခြား သားတို့ ပေးသွင်းရသည့် နှုန်း ထားအတိုင်းပေးရသော ပြဋ္ဌာန်းချက် များကို ပေးနေရပါကြောင်း၊ ယင်း တို့ သည် ပြဋ္ဌာန်းပြီးသော နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ ၂ဝ၁၂ နှင့် ဆန့်ကျင် လျက်ရှိပြီး Burma Act နှင့် မြန်မာ လိုပြန်ဆိုထားခြင်းမရှိသကဲ့သို့ ပယ်ဖျက် ထားခြင်းနှင့် ပြင် ဆင်ထားခြင်း မရှိသေး ကြောင်း ဦးကြည်မြင့်က ပြောသည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲ ရေးအများကြီးလုပ်လာသည့်အတွက်International Community ဟုခေါ် သည့် နိုင်ငံတကာအသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့လာကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးသည့်Norm စံနှုန်းကို အများ ကြီး လိုက်နာကျင့်သုံးဖို့ လိုကြောင်း၊ Asean Economic Community ဖြစ် လာသည့် အချိန်တွင်လည်း ရင်းနှီးမြှုပ် နှံမှုကဏ္ဍတွင် အရေးကြီးဆုံးက Level Playing Fields ဟုခေါ်သည့် မည်သူ့ ကိုမျှ ခွဲခြားဆက်ဆံမှုမရှိဘဲ Discri-mination Condition မထည့်ဖို့ အရေး ကြီးကြောင်း ၄င်းကပြော သည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော်ကော် မတီများ အစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် အရေးတကြီးပြဋ္ဌာန်းရမည့် ဥပဒေတွင် ယခု Burma Company Act 1914 ၁၉၁၄ မှာလည်းပါရှိေ ကြာင်း၊ ထို့ကြောင့် သက် ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မြန်နိုင် သမျှ မြန်ေ အာင် ကောင်းနိုင်သမျှ ကောင်းအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းေ ကြာင်း ပြင်ဆင်၊ ပယ်ဖျက် အသစ်ရေးဆွဲရန် လိုသည့်ဥပဒေများ ကို ကော် မတီကော်မရှင်များမှ လေ့ လာဆောင်ရွက်နေကြောင်း ကိုယ်စား လှယ်များ ကိုပြောကြားခဲ့သည်။ Reposted by saung Credit to Popular Myanmar facebook/mmcities
Posted on: Sat, 27 Jul 2013 04:52:20 +0000

Trending Topics



style="margin-left:0px; min-height:30px;"> New York resan startade 03.15 från Tussebo. Sonen körde till
I would defend Luis Suárez before any disciplinary body. I have

Recently Viewed Topics




© 2015