ဝိုင်းစတန်ကာနောင်း ( Wystan - TopicsExpress



          

ဝိုင်းစတန်ကာနောင်း ( Wystan Curnow ) ရဲ့ စာတန်းကို လန်းရောဘတ် တို့ ရဲ့  မှတ်စုထဲမှာ ကိုးကားထားတာကို တွေ့ ရတယ် ။ သူက ကွန်းဆက် အရေးအသားကို အဓိက နှစ်မျိုးခွဲပြီး တင်ပြသွားတယ် ။ အဲဒါတွေကတော့... ၁။ အကြိုစာသား ( Pre text ) ( Pre textual writing ) ၂။ အလွန်စာသား ( Post text ) ( post textual writing ) တို့  ဖြစ်ပါတယ်။ ကာနောင်း ( Wystan Curnow ) ရဲ့  အလိုအရ ကွန်းဆက်အရေးအသားကို နှစ်ပိုင်းခွဲပစ်ပြီး အကြိုစာသား ( pre text ) လို့ သူအဓိပ္ပါယ် ဖွင့်တာက ဘောင်သွင်းအရေးအသား ( constraint ) နဲ့  လုပ်ဆောင်မှု အဆင့်ဆင့်ကို တင်ပြတဲ့ ( procedure ) ကိုပေးတဲ့ ရေးဟန်ကို ဆိုလိုပါတယ် ။ ဒါဆိုရင် အိုင်ဒီယာက ဘာလဲဆိုတော့ အဲဒီလိုဘောင်သွင်းတာဖြစ်ဖြစ် ၊ လုပ်ဆောင်မှု ( procedure ) အဆင့်ဆင့်ကို ဖော်ပြတဲ့စာသား ( text )ကိုတော့ သူက " မှတ်တမ်းတင်အိုင်ဒီယာ " ( Extant Idea ) လို့  ခေါ်ပါတယ် ။ ဒါကိုသူက နည်းစနစ်ရဲ့  ဗျူဟာမြောက်သော အခြေခံများ ( the strategic generality of the technique ) လို့ ခေါ်တယ် ။ ဒါတွေကိုသူက မှတ်တမ်းအရောများ ( documentation ) လို့ လည်း ခေါ်တယ် ။
Posted on: Mon, 19 Aug 2013 18:58:33 +0000

Trending Topics



Recently Viewed Topics




© 2015