(၂၇) ကြိမ်မြောက် - TopicsExpress



          

(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် စပွန်ဆာ ကြော်ငြာ ကုမ္ပဏီများ လက်မှတ် ရေးထိုး ရန်ကုန် စက်တင်ဘာ ၂၃ Sea Games ပြိုင်ပွဲ ကျင်းပရေးတွင် ကြော်ငြာ ကဏ္ဍများ၌ ပူးပေါင်းပါဝင်၍ ဆောင်ရွက်ရန် စပွန်ဆာ ကြော်ငြာ ကုမ္ပဏီများနှင့် လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်းရှိ အာမခံရုံးချုပ် အဆောက်အအုံ ခန်းမ၌ ကျင်းပခဲ့သည်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် ပါဝင်ကြသော စပွန်ဆာ ကုမ္ပဏီပေါင်း ၁၄ ခု ရှိနေပြီး စပွန်ဆာများ အတွက် ကုမ္ပဏီများကို သတ်မှတ်ထားသော အဆင့် သုံးဆင့်ဖြစ်သည့် Platinum, gold, Sliver အဆင့်များကို ယင်းကုမ္ပဏီများ က ဝယ်ယူ ထားကြပြီး အဆင့် တစ်ဆင့်ချင်းစီ အလိုက် ကြော်ငြာကဏ္ဍ များတွင် ခွင့်ပြုချက်အရ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး Platinum အဆင့် ဝယ်ယူထားသော ပုဂ္ဂိုလ်များကို ဘဏ္ဍာရေး ဌာနက ဂုဏ်ပြု ချီးမြှင့်ခြင်းများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောကြားခဲ့သည်။ ]]Sea Games ပြိုင်ပွဲ ကျင်းပဖို့က ရက်ပေါင်း ၈ဝ လောက်သာ လိုတော့တဲ့ အတွက် ပြိုင်ပွဲ ကျင်းပတဲ့ အချိန်မှာ လိုအပ်ချက် မရှိရအောင် နှစ်ပတ်တစ်ကြိမ် အစည်းအဝေးပွဲ လုပ်ပြီး အစီရင် ခံရတယ်။စပွန်ဆာ အဖြစ်နဲ့ ဘယ်သူတွေက လက်မှတ်ထိုးထားလဲ ဆိုတာတွေ အဓိကတော့ ကြော်ငြာ စပွန်ဆာတွေ အနေနဲ့ မြို့မျက်နှာစာတွေမှာ ကြော်ငြာ Bill board တွေကို Sea Games နဲ့ ပတ်သက်တဲ့ Title ကောင်းကောင်းတွေနဲ့ နာမည်တပ် ကြော်ငြာ စေချင် ပါတယ်။ အခုချိန်ထိတော့ Bill board တွေပေါ်မှာ Offical စပွန်ဆာတို့ Cosponser တို့ Main Sponser တို့က ကြော်ငြာတာ မတွေ့သေးပါဘူး။ ဒါကြောင့် ကြော်ငြာ စပွန်ဆာတွေ အနေနဲ့ Title တပ်ပြီး ကြော်ငြာဖို့ အရေးကြီးပါတယ်' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ကြော်ငြာ Bill board များတွင် Sea Games စပွန်ဆာများ ကြော်ငြာရန် စည် ပင်သာယာ အဖွဲ့အစည်းများနှင့် အခက်အခဲ ရှိပါကလည်း တရားဝင် စာထုတ်ပြန်၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ပွဲကျင်းပမည့် အားကစားကွင်းများ အတွင်း၌ ကြော်ငြာ ဆိုင်းဘုတ်များဖြင့် ကြော်ငြာနိုင်ရန် ငါးနေရာသာ ယခင်က သတ်မှတ် ထားသော်လည်း ယခု အချိန်တွင် အားကစားပွဲနှင့် ပတ်သက်၍ နေရာ ၂၉ ခုတွင် ကြော်ငြာခွင့် ရရှိ ပြီ ဖြစ်ကြောင်း ကိုလည်း Sea Games ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။ Sea Games တွင် ပါဝင်မည့် စပွန်ဆာ ကုမ္ပဏီ စုစုပေါင်း ၁၄ ခုမှ နိုင်ငံတော်သို့ အမြင့်ဆုံး လှူဒါန်းငွေကျပ် အမေရိကန် ဒေါ်လာ ခြောက်သိန်း၊ သုံးသိန်း၊ ငါးသိန်း၊ တစ်သိန်းနှင့် သုံးသောင်း စသည်ဖြင့် ငွေပမာဏ အမျိုးမျိုးကို နိုင်ငံတော်သို့ ပေးလှူခဲ့ပြီး စုစုပေါင်း Sea Games အလှူငွေ အမေရိကန် ဒေါ်လာ ၂၆၉ သိန်းကို လက်ခံ ရရှိခဲ့ ကြောင်း သိရသည်။ From Myawaddy
Posted on: Tue, 24 Sep 2013 15:08:02 +0000

Recently Viewed Topics




© 2015