Currency ခေါ် - TopicsExpress



          

Currency ခေါ် ငွေကြေးယှဉ်ပြိုင်မှုတွေကို ဖတ်နေမိတဲ့အချိန်မှာ အာရုံက Cryptocurrency လို့ခေါ်တဲ့ အမျိုးအစားပေါ် တိမ်းညွှတ်သွားမိတယ်။ Fiat Money လို့ ယနေ့ခေါ်နေကြတဲ့ ငွေကြေးစံနစ်ကြီးထဲ ကမ္ဘာ့စီးပွားရေးဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ပြီး သွားနေရတယ်။ ဒေါ်လာကို ကိုင်ပြီးချုပ်ထားရင် ဒေါ်လာဈေးကို အတက်အကျ ဖြစ်လာအောင် ကစားရင် (ဥပမာ ဒေါ်လာတွေ ဈေးကွက်ထဲရိုက်သွင်းပြီး ငွေဈေးကျအောင်လုပ်ပစ်ရင်) အင်ပို့သမားတွေ ကွဲရော။ ဥပမာ တရုတ်။ Cryptocurrency မှာကျတော့ စိတ်ဝင်စားဖို့ကောင်းတာက တိုင်းပြည်တစ်ခုထဲက ဒီဟာကို ချုပ်ထားတာမရှိဘူး။ ဈေးကအလဲ အစောကတည်းက သတ်မှတ်ထားတဲ့ဈေးသဘောမျိုးပဲ။ အားနည်းချက်ကတော့ Hyperdeflation ဖြစ်နိုင်တာပေါ့လေ။ ငွေတွေကို ဈေးကွက်ထဲ ပြန်ရိုက်ထည့်ဖို့ခက်တာကိုး။ Cryptocurrency မှာ နာမည်ကြီးတာက ၊Bitcoin ပါပဲ။
Posted on: Thu, 23 Jan 2014 23:16:58 +0000

Trending Topics



Recently Viewed Topics




© 2015