GSMနှင့် WCDMA ဖုန်းများမှတ - TopicsExpress



          

GSMနှင့် WCDMA ဖုန်းများမှတ ဆင့်မြန်မာကျပ်ေ ငွဖြင့်နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်ပြီ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ပိုမို အဆင်ပြေစေရန် အတွက် ရည်ရွယ်၍ ပြည်တွင်း ဖုန်းများမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခ များကိုမြန်မာကျပ်ငွေများဖြင့် စတင် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န် ဆောင်မှု ပေးထားသည့် GSM နှင့် WCD­MA (3G) ဖုန်းများကို ဇွန်လ ၁ ရက်နေ့ မှ စတင်ကာ မြန်မာကျပ်ငွေဖြင့် စတင် ခေါ်ဆို နိုင်ပြီဖြစ်ပြီး အခြားဖုန်းများဖြစ်သော CDMA 800 MHz , CDMA 450 MHz နှင့် အော်တို တယ်လီဖုန်းများတွင် အသုံးပြုခွင့်ရ နိုင်ဦးမည် မဟုတ်သေးကြောင်း နှင့် မကြာမီ အချိန်တွင် စတင်ကာ ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ မြန်မာငွေကျပ်ဖြင့် စတင် ပြောင်းလဲ ကောက်ခံခြင်းမှာ ပိုမိုကောင်း မွန်သည့် စနစ်တစ်ခုဖြစ်ကြောင်း စမ်းသပ် သုံးစွဲသူ တစ်ချို့က ပြောကြားသည်။ " ဒါအမှန်တော့ ဖြစ်သင့်တာ ကြာပြီလို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ နိုင်ငံခြားခေါ်ဆိုမှု အတွက်ဆိုပြီး FEC ငွေကဒ် တွေကို ထုတ်ပေးထားတယ်။ ယခု FEC က တရားဝင် ပြန်သိမ်းနေပြီ ဆိုတော့ အဲဒီနေရာမှာ အစားထိုးတဲ့အနေနဲ့ လုပ်တာလို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ယခုလို မြန်မာငွေနဲ့ ပြောင်းလဲ ကောက်ခံတာ ကောင်းတယ်လို့ ဆိုရမယ်။ ဈေးနှုန်းတွေကိုလည်း နိုင်ငံတကာ စံနှုန်းတွေအတိုင်း လျော့ချပေးမယ် ဆိုရင်တော့ ပိုကောင်းလာ ပါလိမ့်မယ်" ဟု အင်တာနက် ဆိုင် လုပ်ငန်း လုပ်ကိုင်နေသည့် သူတစ်ဦးမှ ပြောကြားခဲ့သည်။ နိုင်ငံခြား ခေါ်ဆိုမှုများ အတွက် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ ခြင်းကို prepaid Card စနစ်ကို အသုံးပြုသော ဖုန်းများအပြင် ယခင် FEC ငွေဖြည့်ကဒ်များကို ထည့်သွင်း အသုံးပြုသူများအနေဖြင့် မူလ အတိုင်း FEC ကို ပုံမှန်အတိုင်း ကုန်အောင် သုံးစွဲနိုင်မည်ဖြစ်ပြီး ကုန်သွားမှသာ မြန်မာကျပ် ငွေဖြင့် ပြောင်းလဲကောက်ခံ မည်ဖြစ်ကြောင်း လည်း သိရသည်။ ထိုကဲ့သို့ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ မှုကို ယခုလ ၁ ရက်နေ့ မှ စတင်ခြင်းဖြစ်ပြီး ထိုကဲ့သို့ စတင် ပြောင်းလဲမှု များကြောင့် ၊ ပြည်တွင်းဖုန်း ခေါ်ဆိုခ များမှာလည်း တစ်မိနစ်ကို ၆ ကျပ် ၊ ၇ ကျပ် ၊ ၈ ကျပ် အစရှိသဖြင့် သာလျော့နည်း ဖြတ်တောက် ထားခြင်းများ ဖြစ်ပေါ်လာသည့် အတွက် Face­book လူမှုကွန်ယက် အသုံးပြုသူများ အကြား သတင်းများ ပျံ့နှံကာ ချက်ချင်း အများသူငါများ သိရှိခဲ့သည်။ သို့သော်လည်း အဆိုပါ အဖြစ်အပျက်ကို မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများ အချိန်မီ သိရှိကာ ပြန်လည် ပြုပြင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နေ့`လည်ပိုင်း တွင် မူလပုံမှန်အတိုင်း တစ်မိနစ်လျှင် ငွေကျပ် ၅၀ ဖြင့်သာ ပြန်လည်ကောက်ခံ လျှက်ရှိ ကြောင်း သိရသည်။ ယခုကဲ့သို့ ပြောင်းလဲကောက်ခံရာတွင် ပြည်ပ နိုင်ငံတော်တော် များများကို နှုန်းထား တူဖြစ်သည့် တစ်မိနစ် ၉၀၀ ကျပ် (သို့) ကန်ဒေါ်လာ ၀.၉၀ ပြား နှင့် ကောက်ခံလျှက်ရှိပြီး တစ်ချို့နိုင်ငံများ အတွက်ကတော့ ဈေးနှုန်းများ ကွာခြားနိုင်ကြောင်း Elite Tech Group ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုအပြင် လက်ရှိအချိန်တွင် ဖုန်းခေါ်ဆိုခများ အဖြစ် အော်တိုတယ်လီဖုန်းများ အတွက် မြို့တွင်း တစ်မိနစ်ကို ၁၅ ကျပ် ၊ နယ်ကို ၂၅ ကျပ် နှင့် မိုဘိုင်းဖုန်းများအားလုံး တစ်မိနစ် ၅၀ ကျပ်ကောက်ခံလျှက်ရှိသည်။ ဇေယျာ Smart Pro Journal
Posted on: Mon, 08 Jul 2013 01:52:48 +0000

Trending Topics



Recently Viewed Topics




© 2015