"Global Beauties" Website ကြီး၏ - TopicsExpress



          

"Global Beauties" Website ကြီး၏ ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး ကမ္ဘာ့အလှမယ်ပွဲများအော်စကာဆုချီးမြှင့်ခြင်း နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးများအကောင်းဆုံးသတင်းWebsite တစ်ခုဖြစ်သည့် ၁၅နှစ်သက်တမ်းရှိခဲ့ပြီဖြစ်သော Global Beauties Website မှ နှစ်စဉ်Gobal Beauties Awards များပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး ကမ္ဘာ့အလှမယ်ပွဲများ အဆင့်သတ်မှတ်ချက်နှင့် ဆုချီးမြှင့်ခြင်း ကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ က ကြေညာလိုက်ပါပြီ.... Miss Supranational ပြိုင်ပွဲကြီးက အကောင်းဆုံး TV ထုတ်လွှင့်မှုအစီအစဉ် (Best Television Pageant Production)ဆု နှင့် အကောင်းဆုံးဂီတ (Best Soundtrack) ဆုများအတွက် Miss World နှင့် Miss Universe ပြိုင်ပွဲကြီးများကို ကျော်ဖြတ်ပြီး ပထမနေရာ ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် Best Stageဆုကိုတော့ Miss Supranational ပြိုင်ပွဲက ဒုတိယနေရာရရှိခဲ့ပြီး ပထမနေရာကို Miss World နှင့် တတိယနေရာကို Miss Universe တို့ က ရရှိသွားခဲ့ကြပါတယ်.... ၂၀၁၂၏ အကောင်းဆုံးအလှမယ်ပြိုင်ပွဲကြီးအဖြစ် ပထမနေရာကို ၆၂ကြိမ်မြောက် Miss World 2012 , ဒုတိယနေရာကို (၆၁)ကြိမ်မြောက် Miss Universe 2012 နှင့် တတိယနေရာကို (၄)နှစ်သက်တမ်းအရွယ် Miss Supranational 2012 ပြိုင်ပွဲကြီးများက အသီးသီးဆွတ်ခူးရရှိသွားခဲ့ကြပါတယ်... ကမ္ဘာ့ TV ထုတ်လွှင့်မှုအစီအစဉ်အကောင်းဆုံးအလှမယ်ပြိုင်ပွဲကြီး ရပ်တည်နေသော Miss Supranational ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားပြီဖြစ်ပြီး မခင်ဝင့်ဝါမှ မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar အဖြစ် သြဂုတ်လ (၁၇)ရက်မှ စက်တင်ဘာ (၈)ရက်နေ့ ထိ Belarus နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါကြောင်း ဂုဏ်ယူစွာဖြင့် သတင်းကောင်းပါးလိုက်ပါတယ်...... globalbeauties/blog/2013/07/15th-annual-global-beauties-awards-pageants-category/
Posted on: Sat, 27 Jul 2013 00:38:20 +0000

Trending Topics



Recently Viewed Topics




© 2015