Hollywood မှာ - TopicsExpress



          

Hollywood မှာ ကိုယ်သရုပ်ဆောင်ရမယ့် Character ကို စိတ်နှစ်ပြီး ရိုက်ကွင်းပြီးတာတောင် ဇာတ်ရုပ်မဖျက်ပဲ အဲဒီ Character အတိုင်း ဆက်သရုပ်ဝင်နေခြင်းကို Method Acting လို့ခေါ်ပါတယ်.. အပြင်းစား Method actor ၄ယောက်ကတော့…. ၁။ Daniel Day Lewis Hollywood မှာ အဆိုးဆုံးလို့တောင်ပြောလို့ရပါတယ်.. သူဟာဇာတ်ကားတိုင်းမှာ Method acting ကို သုံးလွန်းလို့ထင်ရှားပါတယ်… စရိုက်ပြီဆိုကတည်းက နောက်ဆုံးကဒ်ရောက်တဲ့အထိပါပဲ.. မကြာသေးခင်က သူ့ရဲ့ဇာတ်ကား Lincoln ရိုက်တုန်းကဆို သူရဲ့လက်မှတ်ကို Abraham လို့ပဲအမြဲထိုးခဲ့ပြီးတော့ လင်ကွန်းအကြောင်းစာအုပ်တွေ ၁၀၀ကျော်ဖတ်ခဲ့ပါတယ်… My left foot ဇာတ်ကားထဲမှာဆို အကြောသေနေတဲ့ဇာတ်ကောင်အဖြစ်သရုပ်ခဲ့တာ.. ဇာတ်ကားပြီးတဲ့အထိ wheel chair ပေါ်ကမဆင်းခဲ့ပါဘူး.. တစ်ခုခုကျော်ဖို့ဖြတ်ဖို့ဆိုရင် ရုပ်ရှင်အဖွဲ့သားတွေကသူ့ကိုမသွားရပါတယ်.. ၂။ Christian Bale Bale ဆိုရင် Terminator: Salvation တုန်းက John Connor သရုပ်ထဲ ၀င်လွန်းခဲ့တဲ့အဖြစ်ဟာ.. ဆိုးရွားလွန်းလို့ လူသိများပါတယ်… The Machinist ထဲမှာငတ်ပြတ်နေတဲ့ ရောဂါသည်အဖြစ် သရုပ်ဆောင်ဖို့အတွက်. ပေါင်၆၀ကိုချက်ချင်းချခဲ့ရပါတယ်.. ဒါတောင်ဆရာဝန်က အသက်အန္တရယ်စိုးရိမ်ရလို့ ဆိုပြီးတားလို့ ရပ်သွားတာပါ… ပြီးတော့ချက်ချင်းပဲ Batman Begin မှာ Bruce Wayne ကိုယ်ထည် ပြန်ရအောင်အတွက် ပေါင်ချိန်တွေပြန်တက်အောင်လုပ်နိုင်ခဲ့ပါတယ်… ၃။ Jim Carrey ၁၉၉၉ ခုနှစ်လောက်က Man on the moon ဆိုတဲ့ movie ရိုက်ခဲ့တုန်းက Jim carrey ဟာ ရုပ်ရှင်အဖွဲ့သားတွေက သူ့ကိုဇာတ်လမ်းထဲက ကာရိုက်တာနာမည်မခေါ်မချင်း ပြန်လည် အဖက်မလုပ်ခဲ့တာကြောင့် ဇာတ်ကားရိုက်ကူးရာမှာတော်တော်ဒုက္ခတွေကြုံတွေ့ခဲ့ရပါတယ်.. တဖြည်းဖြည်း ဇာတ်ကောင်ရဲ့အမူအကျင့်တွေ လက်ဟန်ခြေဟန်တွေကအစ ဖျောက်ဖျက်လို့မရ အောင်စွဲကပ် လာတဲ့အထိပါပဲ.. ဇာတ်ကားကတော့အောင်မြင်မှုမရခဲ့ပေမယ့် Jim Carrey ကတော့ Golden Globe Award ရရှိခဲ့ပါတယ်.. ၄။ Heath Ledger ဒီနာမည်ကိုအားလုံးကြားဖူးကြမယ်လို့ယူဆတဲ့အတိုင်းပဲ.. သူ့ရဲ့ အားထုတ်မှုကတော့ မေးခွန်းထုတ်စရာမရှိပါဘူး.. Joker ဇာတ်ကောင်ကို ဘယ်လိုပုံသွင်းယူခဲ့လဲဆိုတာကြည့်ရအောင်.. Ledger ဟာ သူ့ရဲ့တိုက်ခန်းထဲမှာ စိတ်ခြောက်ခြားမှုတွေများလာအောင် တစ်လကြာအပြင်မထွက်ပဲပုန်းအောင်းနေခဲ့ပြီး မွေးယူခဲ့ပါတယ်.. အိပ်ပျက်ရောဂါလဲစွဲကပ်လာအောင တစ်ရက်ကို နှစ်နာရီပဲအိပ်ပါတယ်။ Joker ဆိုတဲ့နာမည်နဲ့ ဒိုင်ယာရီတစ်အုပ်တောင် လုပ်ထားပြီး စာအုပ်ထဲမှာ သူရူးတစ်ယောက်လိုရေးသားခဲ့ပါတယ်။ သူ့ရဲ့ဇာတ်ရုပ်ဟာ Nolan ရဲ့ unscripted scene ဖြစ်တဲ့ ဆေးရုံကိုဗုံးခွဲတဲ့အခန်းမှာ ဇာတ်မတိုက်ထားမှန်း ပရိတ်သတ်တွေ မသိအောင်ကို သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ တစ်ချို့တွေပြောကြတာကတော့.. Joker ဟာ Heath Ledger ကို အိပ်ဆေးတွေကတစ်ဆင့် ..overdose အထိကို ခေါ်ဆောင်ခဲ့တဲ့ Ledger ကိုယ်တိုင်ရဲ့အနုပညာပါပဲ တဲ့.. ရေးသားသူ - Htoo Ya Kyaw
Posted on: Wed, 09 Oct 2013 18:37:03 +0000

Trending Topics



Recently Viewed Topics




© 2015