I.Q နဲ့ E.Q အကြောင်း တွေ - TopicsExpress



          

I.Q နဲ့ E.Q အကြောင်း တွေ ရေးပြီးတော့ ဆက်ရေး စရာလေးတွေ ကျနော့်ခေါင်း ထဲမှာ အစီအရီ ပေါ် လာတယ် ဗျ။ ဒါပေမယ့်  အောက်တိုဘာလ က ကျနော် အတွက် အလုပ် တော်တော် များ မဲ့ လ ဖြစ်လိမ့်မယ်။ အောက်တို ဘာလလယ်မှာ မန်ချက်စတာ (Manchester,UK) ကို သွားရမယ်။ Oxford Global က ကျင်းပတဲ့Oncology Clinical Development Congress( ကင်ဆာဆေးဝါး သစ် ရှာတဲ့ သုတေသန ကွန်ဂရက်)မှာ သွားဟောပြောရမယ်။ အခု တောင် အဲဒီ မှာ ဟောပြောဖို့ စပြင်နေရတယ်။ လကုန် ရင် ဆစ်ဒနီ (Sydney,Australia) မှာ ကျင်းပမဲ့ World Conference of Lung Cancer(ကမ္ဘာ့ အဆုတ်ကင်ဆာ ကွန်ဖရင့်) ကို သွားမယ်။ ကျနော်တို့ လုပ်ထားတဲ့ အ ဆုတ် ကင်ဆာနဲ့ ပါတ်သက်တဲ့ သုတေသန တခု poster presentation လုပ်စရာ ရှိတယ်။ ဒါပေမယ့် နောက်တပါတ် တော့  Robert Kiyosaki ရဲ့ စာအုပ်ထဲ က Financial I.Q အကြောင်းလေး တော့ ရေးတင်ချင်သေး တယ်....
Posted on: Sun, 29 Sep 2013 03:30:29 +0000

Trending Topics



Recently Viewed Topics




© 2015