In A Station of the - TopicsExpress



          

In A Station of the Metro ဒီလူအုပ်ကြီးထဲမျက်နှာများရဲ့ ထူးဆန်းတစ္ဆေဆန်မှု စိုစွတ်မှုတစ်ခု ဖုံးလွှမ်းခြင်းပေါ်က ပွင့်ဖတ်များ၊ အနက်ရောင် အကိုင်းအခက်။ The apparition of these faces in the crowd: Petals on a wet, black bough. အက်ဇရာပေါင်း ပထမတစ်ကြောင်းတည်းပြပြီးကဗျာအမျိုးအစားကို ပြောရရင်တော့ ကျတက်တွဲ ခြောက်သံမီတာ အမျိုးအစားပါ။ ပထမအကြောင်းရဲ့တည်ဆောက်ပုံဟာ ရှင်းတယ်။ ဒုတိယစာကြောင်းမှာ ပေါင်းဟာ သူ့ရဲ့ပညာကို ပြတော့တာပဲ။ ခြေထောက်များ(feet) လေးခုရှိတယ်။(* foot=ကဗျာစာကြောင်းတွေရဲ့  ကဗျာနရီ(beat) ကို ခွဲခြားပေးတဲ့ အချိန်အကွာအဝေး) ဒါက တက်သံတွေချည်းကိုပဲ ကြည့်ပြီးပြောတာ။ ဒါပေမယ့် “pattern” ပုံစံကိုသတ်မှတ်ဖို့ သိပ်မရှင်းဘူး ဖြစ်နေတယ်။ ဒုတိယစာကြောင်းရဲ့ နောက်ဆုံးခြေထောက်မှာ ပေါင်းဟာတက်တက် (√√) “spondee” ကို ဖြတ်မှတ် (,) (caesure လို့ ခေါ်ပါတယ်)ကို တည်ထားပြီး တက်ကျ (Trochee) + ကျကျ (Pyrrchi) အတွဲနဲ့ ဒုတိယစာကြောင်းကို ရေးပါတယ်။ ဒါကြောင့်ဒုတိယအကြောင်းဟာစည်းချက်မှန်ရစ်သမ်က သွေဖယ်သွားပါတယ်။ ဖြတ်မှတ်ရဲ့ နောက်ကတက်တက် (√√) “spondee” ဟာ ရိုးတံနဲ့ မျက်နှာများ ပုံရိပ်ကို ပိုမိုအားကောင်းဖို့ ထောက်ပံ့ပေးခဲ့တယ်လို့ယေး(လ)တက္ကသိုလ်က ဆိုပါတယ်။ ဒီနှစ်ကြောင်းကဗျာရဲ့ အဆုံးသတ် အသံဖွဲ့ပုံဟာလည်း အနောက်ကဗျာမှာအရေးကြီးတာပဲ။ အဆုံးသတ်တွေကို တက်သံတွေနဲ့ ဆုံးထားရင် Masculine Rhyme လို့ ခေါ်ပြီးတစ်သံတည်း သီးသန့်ရပ်တည်ရပါမယ်။ ကျွန်တော်က “ဖိုသံအဆုံးသတ်ကာရံ” လို့ ခေါ်ပါတယ်။ များသောအားဖြင့်ကမ သံတွေနဲ့ (ကျသံ) အဆုံးသတ်ကြပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား မီတာဖစ်ဆစ်ကယ် ကဗျာသမားကြီးဂျွန်ဒုန်း (John Donne) ရဲ့ “အရိပ်ပေါ်ကပြောကြားချက်” (Lecture Upon the Shadow) ဟာရှစ်ကြောင်းစလုံး ဖိုသံ (မြင့်သံ) ပိတ် ကဗျာဖြစ်ပြီး ဝိတိုရိယခေတ်ကဗျာဆရာမ အင်မလီဒစ်ဆင်ဟာ ထူးထူးခြားခြား ဖိုသံပိတ်ကို သုံးစွဲပြီး ရိုးရာကို ချိုးဖောက်ခဲ့တယ်။ အခုလည်း“ပေါင်း” ဟာ သူ့ကဗျာကို ဖိုသံပိတ်နဲ့ အဆုံးသတ်ပါတယ်။ crowd နဲ့ bough ဟာ တက်သံပိတ်တွေပါ။ဒီတက်သံတွေဟာ နက်မှောင်ခံစားမှု (dark feeling) ကို ပံ့ပိုးပေးပါတယ်လို့ ဆိုတယ်။ ပေါင်းဟာ ဒီကဗျာကို ကဗျာဖတ်သူ စိတ်ထဲမှာ စွဲစွဲလမ်းလမ်း မရှိစေလိုပါဘူး။ သူ့ကဗျာက လူတွေလိုတွေ့လိုက် ရထားပေါ်ကို တက်ပြီးတော့ ထွက်ခွာသွားကြ။ ဒါကြောင့် သူဟာ ဒီလိုဖွဲ့စည်းပုံအချိုးမကျတဲ့ ဒုတိယစာကြောင်း တည်ဆောက်ဟန်ကို ရွေးခဲ့လေသလား လို့ မေးခွန်းထုတ်ကြတယ်။(ကျွန်တော်တို့ဟာ ပုံစံတကျ ဖြစ်တဲ့ မီတာ တွေကို ခြေထောက် (feet) တွေနဲ့ ပုံစံတူ(pattern) တွေ တည်ဆောက်ရခြင်း ရည်ရွယ်ချက်က လူတွေကို ကဗျာအဖြစ်အလွယ်တကူ မှတ်မိစေချင်လို့ပါ။) JP ဆီပြန်သွားကြစို့။ ဒီကဗျာရဲ့ အဓိက အပြိုင်ပုံရိပ်တွေဖြစ်တဲ့မျက်နှာ (သက်ရှိ)နဲ့ စိုစွတ်ပွင့်ဖတ်မဲ (သက်မဲ့)တွေအပြိုင်တည်ရှိနေကြတယ်။ ပြီးတော့ဒီပုံရိပ်နှစ်ခုဟာ ချိတ်ဆက်နေတယ်။ တဒင်္ဂလေးများကို ကိုယ်စားပြု တယ်။ ပြောသူ ကိုယ်စားပြု(self) ကို တည်ပြီးရေးတဲ့ လားရစ် (The lyrical “I” ) မိမိဗဟိုပြု (I) ပျောက်နေတယ်။ဒါကြောင့် ဒီကဗျာဟာ “ပြုသူပုဒ်” (subject) နဲ့ “ကြိယာ(Verb)” မရှိတဲ့ ကဗျာဖြစ်တယ်။ ယေး(လ)မော်ဒန်ဓါတ်ခွဲခန်း အလိုအရတော့ ဒီကဗျာဟာ (The poem seems to describe an observation without an observer) လေ့လာသူမဲ့ လေ့လာချက်တစ်ခု ဖြစ်တယ်လို့ ဆိုတယ်။ ဒီကဗျာမှာ စာလုံးအနေနဲ့ပြောရရင် တစ်လုံးပဲ ပြောစရာရှိတယ်။ ထူးဆန်းတစ္ဆေဆန်မှု (APPARITION)ပါပဲ။ မူရင်း အဓိပ္ပါယ်အရ(a ghostly figure) တစ္ဆေဆန်သော ရုပ်ပုံကို ပေးသော အဓိပ္ပါယ်ရှိတယ်။ ဒီမက်ထရိုဘူတာထဲကိုလူတွေက တစ္ဆေတွေအလား လျှပ်တပြက်ရောက်လာ..နောက်ပျောက်ကွယ်…..။ ပေါင်းက ဒါကို ပြောချင်တာပါ။လူတွေဟာ တစ္ဆေတွေလို လူပီသခဲ့တယ်လေ။ ပေါင်းဟာ ပါရီမြို့ရဲ့ မြေအောက်ဘူတာမှာ ကွဲပြားခြားနားတဲ့လူတွေရဲ့ မျက်နှာတွေကို သတိပြုမိတယ်။ ဒါကြောင့် “faces in the crowd” လို့ သုံးတယ်လို့ယေး(လ)က ယူဆတယ်။ ပေါင်းဟာ ပြင်သစ်နိုင်ငံ ပါရီက မက်ထရိုဘူတာထဲမှာ အရောင်အသွေးစုံလင်တဲ့လူစီးချောင်းကြီးကို ရင်ဆိုင်လိုက်ရတာပဲ။ ဒါပေမယ့် လူတွေရဲ့ မျက်နှာက ကတိုက်ကရိုက်နဲ့မှုန်ဝါးနေတယ်။ ဒါကပဲ သူ့ကို ဆွဲဆောင်ခဲ့တယ်။ ဒါက ပထမအကြောင်း။ ဒုတိယစာကြောင်းထဲက စာလုံးတစ်လုံးကိုဝေဖန်သူက ထပ်ရွေးပါတယ်။ အဲဒီစာလုံးဟာ ဒုတိယစာကြောင်းရဲ့ စာလုံးအားလုံးကို လွှမ်းမိုးခဲ့ပါတယ်။အဲဒါက ပွင့်ဖတ်များ (Petals)ပါပဲ။ ပွင့်ဖတ်တွေက အရောင်အသွေးစုံတယ်။ ပန်းပွင့်တွေ။ လူတွေရဲ့မျက်နှာ။အရွယ်မျိုးစုံ။ ဒါတွေကို ပေါင်းက နှိုင်းယှဉ်ပြတယ်။ ကဗျာဟာ အခြေခံသဘောတရားကို ကျော်လွန်ပြီးအတွေးပွားစေပါတယ်။ အပြိုင်ပုံရိပ်နှစ်ခု၊ တစ္ဆေဆန်မှုနဲ့ ပွင့်ဖတ်…ဆန့်ကျင်တဲ့အတွဲပါ။ ပထမပုံရိပ်ကို ဖတ်သူက ဆုပ်ကိုင်လိုက်တယ်ဆိုရင်ပဲ ထိတ်လန့်မှုဝင်လာ တာက ပွင့်ဖတ်ရဲ့လှပမှုနဲ့ပြန်ကာထားပေးတယ်။ ဒါကြောင့် ဆန့်ကျင်တွဲလုံး (Juxtaposition) ကို ဥပမာပေးရင် ပေါင်းရဲ့မက်ထရိုဘူတာ ဟာ အလှဆုံးပါပဲ။
Posted on: Thu, 28 Nov 2013 17:11:03 +0000

Trending Topics



Recently Viewed Topics




© 2015