Percy Jackson and the Lightening Thief - TopicsExpress



          

Percy Jackson and the Lightening Thief ကျွန်တော်က စာရေးဆရာ တစ်ယောက်သိပ်ဖြစ်ချင်ခဲ့ပါတယ်။ စိတ်ကူးယှဉ်ပြီး ကဗျာ၊ ဝတ္တုတိုတွေလည်း ရေးခဲ့ပါတယ်။ စာဂျပိုးတစ်ယောက်လိုပဲ စာအုပ်မျိုးစုံလည်း ဖတ်ရှုလေ့လာခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှု နည်းလို့လား မသိဘူး ဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ကိုယ်ပိုင်စိတ်ကူးမကောင်းတဲ့အတွက် စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အိပ်မက်ကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့စာကို စွဲစွဲမြဲမြဲဖတ်တဲ့အကျင့်ကတော့ မပျောက်ခဲ့ပါဘူး။ တခါတလေကျလည်း ဆရာမဂျုးလို ရသဝတ္တုတွေ ဖန်တီးနိုင်တဲ့ စိတ်ကူးစိတ်သန်းမျိုးမရှိရင်တောင် ဆရာမြသန်းတင့်တို၊ မောင်မြင့်ကြွယ်တို့လို ဘာသာပြန် စာရေးဆရာ လုပ်မယ်ဆိုပြီး စိတ်ကူးမိပြန်တယ်။ ကျွန်တော်ရဲ့ပါရမီနည်းလို့လား မသိပါဘူး။ ကျွန်တော့်အဖေက အင်္ဂလိပ်စပီကင်ဆရာ ဖြစ်ပေမဲ့ ကျွန်တော်က အင်္ဂလိပ်စာ ညံ့တယ်။ ပင်ကိုယ်က စကားပြောလေးတဲ့အတွက် မြန်မာစကားတောင်နှေးတာ အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့။ အဲ့တော့ ကျွန်တော့်အမနှစ်ယောက်က အင်္ဂလိပ်လိုသွက်လက်စွာပြောနိုင်ပြီး၊ အဖေ့သင်တန်းတွေမှာ ဝင်ရောက်စာပြပြီး တီချယ်တွေအဖြစ် ငယ်ငယ်ရွယ်ရွယ် ဖြစ်နေချိန်မှာ ကျွန်တော်ကတော့ အင်္ဂလိပ်စကားကို ခွေးအလှည်းနင်းသလို ပြောနေတုံးပေါ့။ ဒါပေမဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ စာသားလေးတစ်ခုလို “You must be first, best or difference.” မင်းက အကောင်းဆုံး၊ အတော်ဆုံး ဒါမှမဟုတ် သူများနဲ့မတူတဲ့လူ ဖြစ်ရမယ် ဆိုသလို ကျွန်တော်က အကောင်းဆုံး၊ အတော်ဆုံး မဟုတ်တောင် သူများနဲ့မတူတဲ့လူ ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ သူတို့ သွက်သွက်လက်လက် ပြောနိုင်သလို ငါလည်း အင်္ဂလိပ်ဝတ္တုတွေ ဖတ်တတ်ရမယ်ဆိုတဲ့စိတ်နဲ့ အင်္ဂလိပ်စာကို အရေး၊အဖတ်ကို ပိုပြီးဦးစားပေးလိုက်စားခဲ့ပါတယ်။ အင်္ဂလိပ်လိုဖတ်မယ်လို့ စဉ်းစားလိုက်တဲ့အခါမှာ အဓိက ရွေးရတာ စာအုပ်ပါ။ စာအရေးအသားကလည်း မခက်ရဘူး၊ ဇာတ်လမ်းကလည်း ဆွဲဆောင်နိုင်ရမယ်။ ဒီလိုနည်းနဲ့ပဲ ကျွန်တော်စာအုပ်တွေကို ရွေးချယ်ဖတ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကျွန်တော်ရဲ့ အင်္ဂလိပ်လို စာဖတ်နိုင်တဲ့နှုန်းဟာ မြန်မာစာနဲ့ သိပ်မကွာတော့ပါဘူး။ ကျွန်တော်အသည်းစွဲကြိုက်တဲ့စာအုပ်တွေထဲမှာ Harry Potterစာအုပ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ မြန်မာဘာသာပြန်ကိုလည်း တစ်အုပ်ကို ခုနှစ်ခေါက်၊ ရှစ်ခေါက် မကြာမကြာ ပြန်ဖတ်သလို အင်္ဂလိပ်လိုစာအုပ်ကိုလည်း ဒီလိုပဲဖတ်ဖြစ်တယ်။ Harry Potterဇာတ်ကားကိုလည်း ခဏခဏ ကြည့်တယ်။ တခါတလေ သူတို့ရဲ့ British Accentကိုကြိုက်လွန်းလို့ မကြည့်ဘဲလည်း နားထောင်ရုံ ဖွင့်တယ်။ Harry Potterဇာတ်လမ်းတွဲ ပြီးသွားတော့ သူ့လိုဇာတ်လမ်းတွဲကို မျှော်လင့်နေချိန်မှာ Percy Jackson and the Lightneing Thief ဆိုတဲ့ ရုပ်ရှင်ထွက်လာတယ်။ ဒီရုပ်ရှင်ကိုလည်း ကြိုက်နှစ်သက်လို့ သူနဲ့ပက်သတ်တာ ရှာဖတ်ရင်း seriesဆိုတာ သိခဲ့ရတယ်။Percy Jackson and the Lightening Thief ဟာ လူငယ်ကြိုက်Harry Potterလို စိတ်ကူးယဉ် ဒဏ္ဃာရီအမျိုးအစား ဖြစ်ပါတယ်။ တော်တော်များများကလည်း ဒါကို ရုပ်ရှင်အနေနဲ့ ကြည့်ဖူးမယ်လို့ ထင်ပါတယ်။ သူကတော့ ဂရိဒဏ္ဏာရီထဲက ဇာတ်ကောင်များနဲ့ ဇာတ်အိမ်ကို ရောယှက်ဖွဲ့စည်းထားပါတယ်။ Percy Jacksonရဲ့ အရှေ့မှာပဲ ထွက်ခဲ့တဲ့ The Clash of Titans နဲ့ The Wrath of Titans ထဲက Perseusကို မှတ်မိမလား မသိဘူး။ ဒီPercy Jacksonကလည်း Perseusနှင့် ခပ်ဆင်ဆင်ပါပဲ။ demigod(လူတစ်ဝက်၊ နတ်တစ်ဝက်) ကပြားတစ်ယောက်ရဲ့ အန္တာရယ်ကြားမှာ ရုန်းကန်ရပုံကို ရေးသားထားပါတယ်။ ဒီဇာတ်လမ်းတွဲကို ရေးသားသူ Rick Riordonက ဒီဇာတ်လမ်းရေးသားဖြစ်ခဲ့ပုံနဲ့ ပက်သတ်ပြီး Demigod Diariesစာအုပ်မှာ ဒီလိုဖော်ပြထားပါတယ်။ “Percy Jacksonဟာ ကျွန်တော့်သား ဟာလေအတွက် ညအိပ်ရာဝင်ပုံပြင်အနေနဲ့ စခဲ့ပါတယ်။ ၂၀၀၂ခုနှစ် နွေဦး ဟာလေ ပထမတန်းစတက်တဲ့နှစ်မှာပဲ ကျောင်းမှာ သူအဆင်မပြေဖြစ်ရပါတယ်။ မကြာခင်မှာပဲ သူ့မှာ ADHD(attention deficit hyperactivity disorder) ကြာရှည်အာရုံစူးစိုက်၍မရသော ရောဂါ နှင့် dyslexia(စာဖတ်ရန် အခက်အခဲရှိသော ရောဂါ)ရှိမှန်း ကျွန်တော်တို့ တွေ့ရှိရပါတော့တယ်။ ဒီလိုရောဂါတွေကြောင့် သူ့အတွက် စာဖတ်ရတာ အရမ်းခက်ခဲပါတယ်၊ ဒါပေမဲ့ သူ့ကို အလယ်တန်းတောက်လျှောက် ကျွန်တော်က ဂရိဒဏ္ဏာရီသင်ပေးတဲ့အတွက် ဂရိဒဏ္ဏာရီကိုတော့ သူတော်တော် ကြိုက်နှစ်သက်ပါတယ်။ အဲ့တော့ သူ စာဖတ်ချင်စိတ်ရှိအောင် ကျွန်တော်က အိမ်မှာ ဒဏ္ဏာရီပုံပြင်တွေ ပြောပြပါတယ်။ ဒဏ္ဏာရီတွေအားလုံး ကုန်သလောက်ရှိတဲ့အခါ သူက အသစ်ပြောဖို့ တောင်းဆိုပါတယ်။ အဲ့အတွက် ရလာဒ်ကတော့ ကျွန်တော်သားရဲ့ ရုန်းကန်ရမှုတွေကို ကိုယ်စားပြုတဲ့ Percy Jacksonဆိုတဲ့ ခေတ်သစ်ADHD/dyslexicဖြစ်နေတဲ့ နတ်လူသားအကြောင်းပဲ ဖြစ်ပါတယ်။” ဆက်လက်ဖတ်ရှုရန်>>>> myandroidian.blogspot/2013/07/percy-jackson-and-lightening-thief.html
Posted on: Sat, 27 Jul 2013 18:30:53 +0000

Trending Topics



Recently Viewed Topics




© 2015