SEA Games အတွက် ကမ္ဘောဇနှင့် - TopicsExpress



          

SEA Games အတွက် ကမ္ဘောဇနှင့် ဂျပန်ကုမ္ပဏီ ဒေါ်လာ တစ်သန်းတန် လက်မှတ်ထိုး ကမ္ဘောဇကုမ္ပဏီ အုပ်စုသည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် အဓိက ငွေကြေးထောက်ပံ့သည့် ဂျပန်ကုမ္ပဏီဖြစ်သည့် Dentsu and JK ကုမ္ပဏီလီမိတက်နှင့် အမေရိကန်ဒေါ်လာ တစ်သန်း တန်ဖိုးရှိ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း KBZ ဘဏ်၏ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။ SEA Games ပြိုင်ပွဲ ကျင်းပရေးအတွက် ငွေကြေး ရှာဖွေရေးအဖွဲ့ဖြစ်သည့် ဂျပန်ကုမ္ပဏီ Dentsu and JK ကုမ္ပဏီနှင့် ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ ရှိ ပါ့စ်ရွိုင်ရယ် ဟိုတယ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အပြီးတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။ ကမ္ဘောဇအုပ်စု ကုမ္ပဏီလီမိတက် အနေနှင့် ပြိုင်ပွဲကျင်းပမည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုသိမ်မြို့ရှိ ငွေဆောင် ကမ်းခြေတို့တွင် SEA Games ပြိုင်ပွဲနှင့် သက်ဆိုင်သည့် အမှတ်တံဆပ်များ၊ ရုပ်ပုံများကို အသုံးပြု ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ KBZ Bank၊ MAI AIR နှင့် IKBZ အပြည်ပြည်ဆိုင်ရာ အာမခံလုပ်ငန်း တို့တွင် SEA Games အားကစားပြိုင်ပွဲ အထိမ်းအမှတ်ဖြစ်သည့် ဒီဇိုင်းနှင့် လာဘ်ကောင်ရုပ် (Mascot) များကို မူပိုင်အဖြစ် သုံးစွဲခွင့် ရရှိ မည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ SEA Games ပြိုင်ပွဲကို ငွေကြေး ထောက်ပံ့ရန်အတွက် အမေရိကန်ဒေါ်လာ သုံးသိန်းကို ပလက်တီနမ် အဆင့်၊ အမေရိကန် ဒေါ်လာနှစ်သိန်းကို ရွှေ အဆင့်၊ အမေရိကန် ဒေါ်လာ တစ်သိန်းကို ငွေအဆင့် သတ်မှတ်ထားပြီး ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ဆုချီးမြှင့်ရေး ကော်မတီကို ပေးဆောင် ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ Dentsu and JK ကုမ္ပဏီသည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အတွက် ငွေကြေးရှာဖွေခွင့် တရားဝင် ရရှိထားရာ အမေရိကန်ဒေါ်လာ ခုနစ်သန်း ရှာဖွေပေးမည်ဟု ပြောကြားထားသော်လည်း ပြိုင်ပွဲကျင်းပရန် ရက်ပေါင်း ၁၆၂ ရက်သာ ကျန်ရှိတော့သော်လည်း ငွေကြေး မည်မျှ ရှာဖွေ ထားကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိပေ။ Credit to The Voice
Posted on: Tue, 02 Jul 2013 16:09:07 +0000

Trending Topics



Recently Viewed Topics




© 2015