TEXT REPORT from Karen State: - TopicsExpress



          

TEXT REPORT from Karen State: (1/24/2014) နိုင်ငံရေးမူဘောင်ချမှတ်ဖို့ နိုင်ငံလုံးကျွတ် အပစ်ရပ်ရေး လက်မှတ်ထိုးရန် သဘောတူပြီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ နိုင်ငံရေးမူဘောင် Political Framework ချမှတ်ဖို့ လော်ခီးလာညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၄ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး သဘောတူညီချက်ရသွားပါပြီ။ ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပနေတဲ့ ညီလာခံကနေ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တွေလည်း ရမှာ သေချာတယ်လို့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောဆိုခဲ့ပါတယ်။ ညီလာခံမတက်တဲ့ မိုင်းလားနဲ့ ဝတပ်ဖွဲ့တွေဆီကိုသွားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ သဘောတူညီချက်တွေကို သွားရောက်စည်းရုံးမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့်ဆင့်မှာ ပါလာနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရနဲ့ လက်မှတ်ထိုးမယ့် သဘောတူညီချက်ကို လက်မှတ်မထိုးခင် ပြည်သူလူထုကို ချပြသွားမှာဖြစ်ပြီး အကြံပေးချက်တွေပါ ထည့်သွင်းသွားမယ်လို့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ဆိုပါတယ်။
Posted on: Fri, 24 Jan 2014 06:45:43 +0000

Trending Topics



Recently Viewed Topics




© 2015